Cele News

မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး ခရိုနီတစ်ဦးဖြစ်တဲ့ ဦးခင်ရွှေကို မင်းသား ဖိုးချစ်စိန်ခေါ်ပြီ . . .

Written by Aung Lay

ကရဝိက်ခန်းမတင်ဒါကို ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဇာတ်မင်းသား ဖိုးချစ်ပြော

ကန်တော်ကြီးဝင်းအ တွင်းရှိ ကရဝိက်ခန်းမနှင့် ဆက်စပ်လျက်ရှိသည့် ယာဉ်ရပ်နားသည့် နေရာ အပါအဝင် စုစုပေါင်း ၃ ဒသမ ၄၅ ဧကအတွက် လုပ်ပိုင်ခွင့်တင်ဒါကို ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း

ဇာတ်မင်းသား ဖိုးချစ်က ပြောသည်။ဖျော်ဖြေရေးနှင့် မြန်မာ့ယဉ်ကျေးမှုကို တစ်နေရာတည်းတွင် ပြည့်ပြည့်စုံစုံ ပြသချင်သဖြင့် ကရဝိက်ခန်းမ တင်ဒါကို ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားခဲ့ခြင်းဖြစ် သည်ဟု ၎င်းက ပြောသည်။

‘‘တင်ဒါမပိတ်ခင်တော့ သွားတင်မှာပါ။ အခုကတော့ ပြင်ဆင် တုန်းပါ’’ဟု ဖိုးချစ်က ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနသည် ကရဝိက် ခန်းမအတွက် တင်ဒါကို ဇွန်လ ၈ ရက်တွင် စတင်ရောင်းချခဲ့ပြီး ဇူလိုင် ၈ ရက်တွင် တင်ဒါဖွင့်လှစ်ကြေညာမည်ဟု သတင်းထုတ်ပြန် ထားသည်။

ကရဝိက်ခန်းမကို ဇေကမ္ဘာကုမ္ပဏီက နှစ်ရှည်ငှား ရမ်းလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။၂၀၁၉ တွင် ဇေကမ္ဘာကုမ္ပဏီ၏ ငှားရမ်းမှုသက်တမ်းပြည့်ခဲ့ သဖြင့် တင်ဒါပြန်လည်ခေါ်ယူခြင်း ဖြစ်သည်ဟု

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကောင်းထွဋ် က ပြောသည်။ကရဝိက်ခန်းမ တင်ဒါကို စိတ်ဝင်စားသဖြင့် တင်ဒါဖောင်လာရောက် ထုတ်ယူသူများ ရှိနေသော်လည်း

အရေအတွက် အတိ အကျကို ထုတ်ပြန်ပြောဆိုလိုခြင်းမရှိကြောင်း ၎င်းက ပြောသည်။တင်ဒါဝင်ရောက်ယှဉ်ပြိုင် မည့် ဖိုးချစ်က ‘‘လောလောဆယ် တော့ တစ်ယောက်တည်းပါ။

တင်ဒါအောင်ခဲ့ရင်တော့ စုပေါင်းပြီး လုပ်တာလည်း ဖြစ်ကောင်းဖြစ် နိုင်ပါတယ်’’ဟု ပြောသည်။

Source: 7 Day/ZN.H 🇦🇺

Zawgyi










Source: 7 Day/ZN.H 🇦🇺

About the author

Aung Lay

Leave a Comment