Baydin
တနင်္ဂနွေသား/သမီးတွေ အပျင်းကြီးတယ် ဒါပေမဲ့ ချစ်ဖို့တော့ကောင်းတယ်
Written by Aung Lay
ဘယ်လောက် ပျင်းသလဲ ဆို ရင် ပျင်းဖို့တောင် ပျင်း နေတဲ့ သူတွေ။ ဉာဏ် ကောင်းတယ်။ အခြား သူတွေ အမြင် မှာတော့ လူလိမ္မာ လေး။ အိမ်မှာ ဆို အော် ကြောလန်။ ချောတာ မျိုးမ ဟုတ်ဘူး။ ချစ်ဖို့ ကောင်း ကြ တယ်။
မသိ တဲ့ လူ တွေ နဲ့ကျ ရင်တော့ ရုပ်တည် ကြီးနဲ့ မာနကြီး တဲ့ ပုံ ။ တကယ့် အကြောင်း သိ သူ ငယ်ချင်း တွေ ကြားထဲ မှာတော့ ငပေါ။ အနေ အေးတယ်လို့ ထင် ရပေ မယ့်တ ကယ်တမ်း ကျ ကုပ်ကမြင်း။
သူငယ်ချင်းတွေကိုလဲ အရမ်းခင်တယ် အနစ်နာခံပြီး ပေါင်းတတ်တယ်။ အငြင်းသန်လိုက်တာလဲ လွန်ရော သူတို့နဲ့ပြိုင်ငြင်းမယ့်အစား ကျားဖင် သာ ပြေးနှိုက် လိုက်ပါ။
အလုပ်တစ်ခုလုပ်ရင်လဲ ကိုယ့်အသိစိတ်နဲ့ ကိုယ်လုပ်တယ်။ သူတို့ကို အမိန့်ပေးရင် လုံးဝမကြိုက်ဘူး။ ကလေး ဆန်တယ် အရွဲ့တိုက် တတ်တယ် တော်ရုံ လူ တစ်ယောက်ကို မမုန်းတတ် ဘူး။ မုန်းပြီ ဆိုလဲ နာမည် တောင် မကြားချင် တော့လောက် အောင်ပဲ။
ခံ စား ချက် ကို ထုတ် ဖော် မ ပြော တတ် ဘူး။ တစ် ယောက် ထဲ ကြိတ် ခံ စား နေ တတ် တယ်။
အမှတ်သည်းခြေ အငြိုးအတေး လဲ ကြီးတယ်။ ( မင်းမိုးကောင်း တုန်းတော့ ရွာထားပေါ့ကွာ ငါ့အလှည့် ကျ မိုးကြိုးပါပြစ်ချမယ်ဆိုတဲ့ လူမျိုးတွေ။
ကိုချစ်တဲ့သူက ကိုယ့်ကို မချစ် ကိုယ့်ကိုချစ်တဲ့ သူကိုလည်း ကိုယ်က မချစ် ဖြစ်နေတတ်တယ်။ ကိုယ့်ချစ်သူအပေါ်လဲ အရမ်းသဝန်တို တတ်တယ်။ စိတ်ဆိုးစိတ်ကောက် လွယ်တယ်။
အဲ့ အ ချိန် မ ချော့ ပဲ လွှတ် ထား ကြည့် သေ အောင် ပေါက် ကွဲ ပြီ။ ခ ဏ လောက် စိတ် ရှည် ရှည် နဲ့ ချော့ ရင် တော့ စိတ် ဆိုး ပြေ သွား တတ် တယ်။
အထူးသဖြင့် စိတ်ခံစားအရမ်းလွမ်းတယ်။ သနားစရာဇာတ်သိမ်းမလှတဲ့ ဇာတ်လမ်းတွေကြည့်ပြီးရင် သူပါလိုက်ငိုရင်ငို မငိုရင်တောင် မျက်ရည်ဝဲနေတတ်တယ်။ ချစ်သူအပေါ်မှာလဲ အရမ်းသစ္စာရှိတယ်။ သူ့တို့ချစ်သူတွေသာ သစ္စာပြန်ရှိကြည့်လိုက် သက်ဆုံးတိုင် လက်တွဲသွားရတတ်တယ်။
ဘာမ ဟုတ်တဲ့ ပြသနာသေးသေးလေး တွေကအစ သဝန်တို တတ်တာမို့ သူတို့ ကို ချစ်သူ တွေက နည်းနည်းတော့ သည်းခံပေးလိုက်ပါ ( ချစ်ဖို့ကောင်းပါတယ် အဲ့တာလေးတွေက) တနင်္ဂနွေ တွေရဲ့ချစ်သူဖြစ်ပြီဆိုတာနဲ့ ချော့နည်းတွေသာ သင်ထား သူတို့က အချော့ ကြိုက် တွေ။
သူတို့ အသည်းကွဲ သွားပြီ ဆိုရင်လဲ နောက် တစ်ခါ ထပ်ချစ်ဖို့ တော်တော်လေး လန့်သွားတတ်ကြတယ်။ ရှင်းရှင်း ပြောရရင် အချစ် ဆိုတာကို မယုံ ရဲတော့ဘူး။ ဒါကြောင့် အချို့ဆို ခုထိ FA ဖြစ်တုန်း။ သင့်ရဲ့ တနင်္ဂနွေ သူငယ်ချင်း တွေ မြင်အောင် share သွားဦး။
ဒိဗ္ဗစက္ခု
Zawgyi
ဒိဗ္ဗစက္ခု
About the author
Aung Lay
Leave a Comment