News Video

စေတီတော် ရောင်ကြည်တော်ကွန့်မြူးနေတဲ့ ဗီဒီယိုဖိုင်ပါ အများ ဖူးမြော်နိုင်အောင် မျှဝေပေးလိုက်ပါတယ်

Written by Aung Lay

ကျောက်ဖြူမြို့နယ် ကျောက်ပြောက်အုပ်စု ဝမျှောင်ဘုန်းတော်ကြီး ကျောင်းအတွင်း တည်ထားသော စေတီတော်၌ ရောင်ခြည်တော် ( ဓာတ်တော် )ကွန့်မြူးနေပုံ

မြတ်စွာဘုရားသခင်သည် ဘုရားဖြစ်တော်မူပြီးနောက် ရတနာဃရသို့ ရောက် တော်မူပြီး၍ အဘိဓမ္မာ ခုနစ်ကျမ်းတွင် အနန္တနယဖြစ်သော သမန္တပဋ္ဌာန်းကျမ်းကို သုံးသပ်တော်မူသည့် အခါ နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတ၊ ပ ဉ္ဇိဋ္ဌ၊ ပဘဿရဟု ဆိုအပ်သော အညို၊ အရွှေ၊ အနီ၊ အဖြူ၊ အမောင်း၊ ပြိုးပြိုး ပြက် တခဲနက်သော ရောင်ခြည်တော် ခြောက်သွယ်တို့သည် ထွက်ကုန်၏။

ညိုသောရောင်ခြည်တော်တို့သည် ဆံတော် မွေးည|င်းတော် မုတ်ဆိတ်တော် မျက်တောင်တော် ဟုဆိုအပ်သော ညိုမှိုင်းရာ စိမ်းပြာမှောင်သင့်သော အရပ်တို့မှ ထွက်ကုန်၏။

ရွှေသော ရောင်ခြည်တော်တို့သည်ကား နဖူးတော်ဖျားမှ သည် ဖဝါးတော် အဆုံးတော်တိုင်အောင် အလုံးစုံ ဟုဆိုအပ် သော ကိုယ်တော်၏အရေတော်၊ မျက်လုံးမျက်လွှာ မျက်နှာ တော်မှစ၍ ရွှေသင့်ဝါသင့် တောက်ထွန်းသော အရပ်တို့မှ ထွက်ကုန်၏။

နီသော ရောင်ခြည်တော်တို့သည်ကား အသွေးအသား လက်ဖဝါး ခြေဖဝါးတော်၊ ခြေသည်း လက်သည်းတော်၊ မျက်စိမျက်လွှာလျှာတော်၊ ခံတွင်းနှုတ်ဖျား သွားဖုံး အာစပ် နီအပ်သမျှသော အရပ်တို့မှ ထွက်ကုန်၏။

ဖြူသော ရောင်ခြည်တော်တို့သည်ကား အရိုးတော် သွား တော် စွယ်တော် မျက်လုံးတော်စွန်းတို့မှစ၍ ဖြူသင့်သောအရပ် တို့မှ ထွက်ကုန်၏။

မောင်းသော ပြိုးပြိုးပြက်သော ရောင်ခြည်တော်တို့သည် ကား တစ်ရာ့ရှစ်ကွက် စက်မြတ်ရတနာတည်ရာ ဖဝါးတော် အပြင်မှစ၍ အထက်ဆံဖျားတိုင်အောင် ကိုယ်တော်အလုံးမှ ထွက်ကုန်၏။

ဤသို့ ထွက်ပေါ်သော ရောင်ခြည်တော် ခြောက်သွယ်တို့ သည် နှစ်သိန်းလေးသောင်းအထုရှိသော ပထဝီမြေကြီးနှင့်တကွ မြေကို ခံသော ယူဇနာလေးသိန်းရှစ်သောင်းအထုရှိသော ရေကို ၎င်း၊ ထိုရေကိုခံသော ယူဇနာကိုးသိန်းခြောက်သောင်း အထုရှိ သော လေကို၎င်း ဖောက်ထွင်း၍ အောက်အဇဋာကာသ ကောင်းကင်ပြင်သို့ ပြေး၏။ အထက်သို့လည်း နတ်ပြည်ခြောက် ထပ်၊ ဗြဟ္မာ ၂ဝ ကို လွန်၍ အဇဋာကာသ ကောင်းကင်တိုင် ပြေးလေ၏။

ရှေ့နောက် လက်ဝဲ လက်ယာ ဖီလာအားဖြင့် အဆုံးမရှိသော အနန္တလောကဓာတ်စကြဝဠာ အရပ်သို့လည်း ပြေးလေကုန်၏။ နေရောင်လရောင် နတ်ဗြဟ္မာတို့၏ကိုယ်ရောင် စသော အရောင်တကာတို့ကို ဖုံးလွှမ်းပျောက်ပေ၏။ လက္ခဏာရောင်ခြည်တော်၊ အသီတိနိစ္စလဋ္ဌိတိ ရောင်ခြည် တော်၊ အနန္တ ဒိသာဖရဏရော်ခြည်တော်ဟူ၍ သုံးပါးပြားသည် တွင် ထိုဆိုအပ်ခဲ့ပြီးသော ရောင်ခြည်တော်တို့သည် အနန္တ ဒိသာဖရဏ ရောင်ခြည်တော် မည်ကုန်၏။ လက္ခဏာရောင်ခြည်တော်ကား ဖွားတော်မူစဉ် ရွှေအဆင်း နှင့်တူသော ကိုယ်တော်ဖြစ်၍ ထက်ဝန်းကျင် တစ်လံမျှလောက် တောက်ပလျက်တည်သော ရောင်ခြည်တော်တည်း။

 

အသီတိနိစ္စလဋ္ဌိတိ ရောင်ခြည်တော်ကား တန်ခိုးတော်ဖြင့် မဖန်ဆင်းမူ၍ ပကတိ နေ့ညဉ့်မပြတ် အတောင် ၈ဝ မျှသော အရပ်၌ တည်သော ရောင်ခြည်တော်တည်း။ အနန္တ ဒိသာဖရဏ ရောင်ခြည်တော်မှာ အလိုတော်ရှိက အဆုံးမရှိသော အရပ်သို့ပင် နှံ့၍ အထက်ဆိုခဲ့သည့်နည်း အတိုင်း အောက်အဇဋာကာသ၊ အထက် အဇဋာကာသ၊ အနန္တ စကြဝဠာ ဖီလာထုတ်ချင်း အကြွင်းမရှိ ထွန်းလင်းနိုင်သော ရောင်ခြည်တော်တည်း

Credit

Zawgyi

ေက်ာက္ျဖဴၿမိဳ႕နယ္ ေက်ာက္ေျပာက္အုပ္စု ဝေမၽွာင္ဘုန္းေတာ္ႀကီး ေက်ာင္းအတြင္း တည္ထားေသာ ေစတီေတာ္၌ ေရာင္ျခည္ေတာ္ ( ဓာတ္ေတာ္ )ကြန႔္ျမဴးေနပုံ

ျမတ္စြာဘုရားသခင္သည္ ဘုရားျဖစ္ေတာ္မူၿပီးေနာက္ ရတနာဃရသို႔ ေရာက္ ေတာ္မူၿပီး၍ အဘိဓမၼာ ခုနစ္က်မ္းတြင္ အနႏၲနယျဖစ္ေသာ သမႏၲပ႒ာန္းက်မ္းကို သုံးသပ္ေတာ္မူသည့္ အခါ နီလ၊ ပီတ၊ ေလာဟိတ၊ ဩဒါတ၊ ပ ဥၨိ႒၊ ပဘႆရဟု ဆိုအပ္ေသာ အညိဳ၊ အေရႊ၊ အနီ၊ အျဖဴ၊ အေမာင္း၊ ၿပိဳးၿပိဳး ျပက္ တခဲနက္ေသာ ေရာင္ျခည္ေတာ္ ေျခာက္သြယ္တို႔သည္ ထြက္ကုန္၏။

ညိဳေသာေရာင္ျခည္ေတာ္တို႔သည္ ဆံေတာ္ ေမြးည|င္းေတာ္ မုတ္ဆိတ္ေတာ္ မ်က္ေတာင္ေတာ္ ဟုဆိုအပ္ေသာ ညိဳမွိုင္းရာ စိမ္းျပာေမွာင္သင့္ေသာ အရပ္တို႔မွ ထြက္ကုန္၏။

ေရႊေသာ ေရာင္ျခည္ေတာ္တို႔သည္ကား နဖူးေတာ္ဖ်ားမွ သည္ ဖဝါးေတာ္ အဆုံးေတာ္တိုင္ေအာင္ အလုံးစုံ ဟုဆိုအပ္ ေသာ ကိုယ္ေတာ္၏အေရေတာ္၊ မ်က္လုံးမ်က္လႊာ မ်က္ႏွာ ေတာ္မွစ၍ ေရႊသင့္ဝါသင့္ ေတာက္ထြန္းေသာ အရပ္တို႔မွ ထြက္ကုန္၏။

နီေသာ ေရာင္ျခည္ေတာ္တို႔သည္ကား အေသြးအသား လက္ဖဝါး ေျခဖဝါးေတာ္၊ ေျခသည္း လက္သည္းေတာ္၊ မ်က္စိမ်က္လႊာလၽွာေတာ္၊ ခံတြင္းႏႈတ္ဖ်ား သြားဖုံး အာစပ္ နီအပ္သမၽွေသာ အရပ္တို႔မွ ထြက္ကုန္၏။

ျဖဴေသာ ေရာင္ျခည္ေတာ္တို႔သည္ကား အရိုးေတာ္ သြား ေတာ္ စြယ္ေတာ္ မ်က္လုံးေတာ္စြန္းတို႔မွစ၍ ျဖဴသင့္ေသာအရပ္ တို႔မွ ထြက္ကုန္၏။

ေမာင္းေသာ ၿပိဳးၿပိဳးျပက္ေသာ ေရာင္ျခည္ေတာ္တို႔သည္ ကား တစ္ရာ့ရွစ္ကြက္ စက္ျမတ္ရတနာတည္ရာ ဖဝါးေတာ္ အျပင္မွစ၍ အထက္ဆံဖ်ားတိုင္ေအာင္ ကိုယ္ေတာ္အလုံးမွ ထြက္ကုန္၏။

ဤသို႔ ထြက္ေပၚေသာ ေရာင္ျခည္ေတာ္ ေျခာက္သြယ္တို႔ သည္ ႏွစ္သိန္းေလးေသာင္းအထုရွိေသာ ပထဝီေျမႀကီးႏွင့္တကြ ေျမကို ခံေသာ ယူဇနာေလးသိန္းရွစ္ေသာင္းအထုရွိေသာ ေရကို ၎၊ ထိုေရကိုခံေသာ ယူဇနာကိုးသိန္းေျခာက္ေသာင္း အထုရွိ ေသာ ေလကို၎ ေဖာက္ထြင္း၍ ေအာက္အဇဋာကာသ ေကာင္းကင္ျပင္သို႔ ေျပး၏။ အထက္သို႔လည္း နတ္ျပည္ေျခာက္ ထပ္၊ ျဗဟၼာ ၂ဝ ကို လြန္၍ အဇဋာကာသ ေကာင္းကင္တိုင္ ေျပးေလ၏။

ေရွ႕ေနာက္ လက္ဝဲ လက္ယာ ဖီလာအားျဖင့္ အဆုံးမရွိေသာ အနႏၲေလာကဓာတ္စၾကဝဠာ အရပ္သို႔လည္း ေျပးေလကုန္၏။ ေနေရာင္လေရာင္ နတ္ျဗဟၼာတို႔၏ကိုယ္ေရာင္ စေသာ အေရာင္တကာတို႔ကို ဖုံးလႊမ္းေပ်ာက္ေပ၏။ လကၡဏာေရာင္ျခည္ေတာ္၊ အသီတိနိစၥလ႒ိတိ ေရာင္ျခည္ ေတာ္၊ အနႏၲ ဒိသာဖရဏေရာ္ျခည္ေတာ္ဟူ၍ သုံးပါးျပားသည္ တြင္ ထိုဆိုအပ္ခဲ့ၿပီးေသာ ေရာင္ျခည္ေတာ္တို႔သည္ အနႏၲ ဒိသာဖရဏ ေရာင္ျခည္ေတာ္ မည္ကုန္၏။ လကၡဏာေရာင္ျခည္ေတာ္ကား ဖြားေတာ္မူစဥ္ ေရႊအဆင္း ႏွင့္တူေသာ ကိုယ္ေတာ္ျဖစ္၍ ထက္ဝန္းက်င္ တစ္လံမၽွေလာက္ ေတာက္ပလ်က္တည္ေသာ ေရာင္ျခည္ေတာ္တည္း။

အသီတိနိစၥလ႒ိတိ ေရာင္ျခည္ေတာ္ကား တန္ခိုးေတာ္ျဖင့္ မဖန္ဆင္းမူ၍ ပကတိ ေန႔ညဉ့္မျပတ္ အေတာင္ ၈ဝ မၽွေသာ အရပ္၌ တည္ေသာ ေရာင္ျခည္ေတာ္တည္း။ အနႏၲ ဒိသာဖရဏ ေရာင္ျခည္ေတာ္မွာ အလိုေတာ္ရွိက အဆုံးမရွိေသာ အရပ္သို႔ပင္ ႏွံ့၍ အထက္ဆိုခဲ့သည့္နည္း အတိုင္း ေအာက္အဇဋာကာသ၊ အထက္ အဇဋာကာသ၊ အနႏၲ စၾကဝဠာ ဖီလာထုတ္ခ်င္း အႂကြင္းမရွိ ထြန္းလင္းနိုင္ေသာ ေရာင္ျခည္ေတာ္တည္း

Credit

About the author

Aung Lay

Leave a Comment