Knowledge

ပျောက်သွားတဲ့ဖုန်းကို ကောက်ရသူက ကတ်လဲသုံးနေရင်တောင် ဘယ်နေရာမှာရှိတယ်ဆိုတာ သိနိုင်ပါပြီ

Written by Aung Lay

ပျောက်သွားတဲ့ ဖုန်း ကို ကောက်ရသူက ကတ်လဲသုံးနေရင်တောင် ဘယ်နေရာမှာရှိတယ်ဆိုတာ သိနိုင်ပါပြီ ပျောက်သူများအတွက်ပါ ။

လူကြီးမင်းတို့၏ ဖုန်း ပျောက်ဆုံးခဲ့လျှင် ပြန်ရှာဖို့ ခက်ခဲ မှာပါ ကောက်ရသူကလဲ ဆင်းကဒ် က အသုံးမဝင်ပေမဲ့ တန်ဘိုးရှိတဲ့ ဟန်းဆက်ကိုတော့ ပြန်မပေးပဲ ဆင်းကဒ် လဲပြီး အသုံးပြုတတ် ပါတယ်..။

အဲဒီလို အသုံးပြုနေခဲ့လျှင် လူကြီးမင်း ၏ ဖုန်း ဘယ်နေရာမှာ ရှိနေလဲ ဆိုတာ သိအောင် ဖုန်း မပျောက်ဆုံးမှီ အောက်ပါ အစီအစဉ် အတိုင်း ကြိုတင် ဆောင်ရွက်ထားလိုက်ပါ။သင်ကြိုပြီး လုပ်ထားရမှာ က

(၁) *#06# ကို ဖုန်းမှာနှိပ်ပါ…။

(၂) နှိပ်ပြီးတဲ့အခါ IMEI Number လို့ခေါ်တဲ့ ကိန်းဂဏန်း ၁၅ လုံးပါတဲ့ စာတန်းလေး နှစ်ခု သို့မဟုတ် တစ်ခု ပေါ်လာပါလိမ့်မယ်..။

ပျောက်သွားတဲ့ ဖုန်း ကို ကောက်ရသူက ကတ်လဲသုံးနေရင်တောင် ဘယ်နေရာမှာရှိတယ်ဆိုတာ သိနိုင်ပါပြီ 3

(၃) ပေါ်လာတဲ့ အဲ့ဒီ ဂဏန်း ၁၅ လုံး တစ်ခု သို့မဟုတ် နှစ်ခုလုံး ကို သင် ဖုန်း ထဲမှာမဟုတ်ပဲ အခြားတနေရာ စာအုပ်နဲ့ပဲဖြစ်ဖြစ် ရေးမှတ်ထားလိုက်ပါ။

(၄) အကယ်၍ သင့် ဖုန်း ပျောက်ဆုံးတာနဲ့ ရေးမှတ်ထားတဲ့ IMEI Number ၁၅ လုံး ကို ရေးပြီး cop@vsnl.net လိပ်စာအတိုင်း E Mail ပို့လိုက်ပါ။

(၅) ကိုင်ဆောင်ထားသူက သင့်ရဲ ဖုန်းနံပါတ် ဆင်းကဒ် ကို လဲပြီး အခြား မည်သည့်ဖုန်းနံပါတ် ဆင်းကဒ်ပဲ ထည့်ထားပါစေ သင့်ရဲ့ hand set ဘယ်နေရာမှာ ရှိနေလဲဆိုတာ သင်သိအောင်အကြောင်းကြားစာပေးပို့ပါတယ် ။

အဲ့ဒါဆို သင့်ရဲ့ ဟန်းဆက် ကို သုံးနေတဲ့ လူရဲ့ နေရာ ကို ခန့်မှန်းသိရှိရပြီဆိုတာနဲ့ အနီးစပ်ဆုံး သဲလွန်စ တစ်ခုကို သင်ရှာတွေ့နိုင်ပါလိမ့်မယ်..။

Credit – Org

Zawgyi











Credit – Org

About the author

Aung Lay

Leave a Comment