Cele News

ကျိုက်မရောဆရာတော်ဘုရားကြီးအား နေ့ဆွမ်းကပ်လှူပူဇော်ပြီး တရားနာရေစက်ချကုသိုလ်ယူခဲ့တဲ့ ခိုင်နှင်းဝေ

Written by Aung Lay

နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့သူမချစ်တဲ့အနုပညာ အ လုပ်တွေနဲ့အတူ ပရဟိတအလုပ်တွေကိုပါတွဲဖက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ သူမက တော့ မိဘမဲ့ကလေးတွေကို မိခင်နဲ့မခြားကာကွယ်စောင့်ရှောက်ပေးနေသလို အမှန်တက ယ် လိုအပ်နေတဲ့နေရာတွေမှာလည်း တတ်နိုင်သလောက်ကိုယ်တိုင်သွားရောက်လှူ ဒါန်းမှု တွေကိုပြုလုပ်ပေးလေ့ရှိပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ကပ်ရောဂါနဲ့ပတ်သက်ပြီးတော့လည်း သူတတ်နိုင်သလောက် မကြာခဏဆိုသလိုထောက်ပံ့လှူဒါန်းမှုတွေကို ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ မကြာသေး ခင်က လည်း ခိုင်နှင်းဝေဟာ မိသားစုစုံစုံညီညီနဲ့ဘုရားနေကဇာတင်အိမ်တက်ဆွမ်း ကျွေး လေး ကို ပြုလုပ်ကာကုသိုလ်ယူခဲ့ပါတယ်။ လက်ရှိမှာလည်း ကျိုက်မရောဆရာတော်ဘုရား ကြီး အား နေ့ဆွမ်းကပ်လှူပူဇော်ပြီး တရားနာရေစက်ချကုသိုလ်ယူခဲ့တယ်လို့သိရပါတယ်။

အဲဒီအကြောင်းလေးကိုတော့ “ကျိုက်မရောဆရာတော်ဘုရားကြီးအား နေ့ဆွမ်းကပ်လှူပူဇော် ပြီး တရားနာရေစက်ချ ကုသိုလ်ယူပါတယ်ရှင်”ဆိုပြီး ခိုင်နှင်းဝေက သူမရဲ့လူမှုကွန်ရက်မှာ အလှူပုံရိပ်လေးတွေနဲ့အတူဖော်ပြထားခဲ့တာဖြစ်ပါတယ်။ အဆိုပါအလှူပုံရိပ်လေးတွေ ကို တော့ ပရိသတ်ကြီး သာဓုခေါ်လို့ရအောင်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…။

Source:Khine Hnin Wai

Zawgyi




Source:Khine Hnin Wai

About the author

Aung Lay

Leave a Comment