ကယ္လီဖိုးနီးယားအေျခစိုက္ ေဆးဝါးနဲ႔ ဇီဝနည္းပညာကုမၸဏီ Gilead Sciences က ထုတ္လုပ္ထားတဲ့ Remdesivir ေဆးကို ေဆး႐ုံေတြမွာ COVID-19 လူနာမ်ားအား အေရးေပၚအေျခအေနအတြက္ ကုသေဆးအျဖစ္ အသုံးျပဳရန္ အေမရိကန္ FDA (Food and Drug Administration) က ခြင့္ျပဳေပးလိုက္ၿပီ ျဖစ္ပါတယ္။
အေမရိကန္သမၼတ ေဒၚနယ္ထရန္႔က စမ္းသပ္အဆင့္ Remdesivir ေဆးကို ေဆး႐ုံတက္ေနရတဲ့ COVID-19 လူနာေတြအတြက္ အေရးေပၚအေျခအေနသုံးအျဖစ္ FDA က ခြင့္ျပဳလိုက္ေၾကာင္း ေၾကညာခဲ့ပါတယ္။ အိမ္ျဖဴေတာ္ ဘဲဥပုံခန္းမမွာ သမၼတထရန္႔နဲ႔ Gilead Sciences အမႈေဆာင္အရာရွိခ်ဳပ္ ဒန္နီရယ္အိုေဒးတို႔ ေတြ႕ဆုံခဲ့ၾကစဥ္ FDA ခြင့္ျပဳခ်က္ဟာ အေရးႀကီးတဲ့ ပထမေျခလွမ္းျဖစ္ေၾကာင္း ေျပာခဲ့ၾကပါတယ္။
Gilead Sciences က COVID-19 လူနာေတြကို ကုသရန္အတြက္ Remdesivir ေဆးအေရအတြက္ ၁.၅ သန္းကို လႉဒါန္းခဲ့ေၾကာင္းလည္း သိရပါတယ္။ “ဒါက ေဆး႐ုံတက္ေနရတဲ့ လူနာေတြအတြက္ အေရးႀကီးတဲ့ ပထမေျခလွမ္းပါ၊ ဒီလူနာေတြ ေဆးရဖို႔ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ခ်င္ပါတယ္၊ ဒါေၾကာ့င္ Remdesivir ေဆး ၁.၅ သန္းကို လႉဒါန္းဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္” လို႔ ဒန္နီရယ္အိုေဒးက ေျပာခဲ့ပါတယ္။
COVID-19 လူနာမ်ား အေရးေပၚအေျခအေနအတြက္ ကုသေဆးအျဖစ္ အေမရိကန္ FDA က ခြင့္ျပဳလိုက္တဲ့ Remdesivir ေဆးရဲ႕ ေဈးႏႈန္းကိုေတာ့ Gilead Sciences ေျပာၾကားထားျခင္း မရွိေသးပါဘူး။ FDA ခြင့္ျပဳခ်က္အရ ေဆး႐ုံတက္ေရာက္ေနရၿပီး ေအာက္စီဂ်င္ေပးထားရတဲ့ လူနာေတြကို Remdesivir ေဆးျဖင့္ ကုသႏိုင္မွာျဖစ္ပါတယ္။
Gilead Sciences ရဲ႕ အဆိုအရ ယခု လႉဒါန္းခဲ့တဲ့ ေဆးေတြကို COVID-19 ကူးစက္မႈ အဆိုးဆုံးျဖစ္ပြားေနတဲ့ ၿမိဳ႕ႀကီးမ်ားရွိ ေဆး႐ုံမ်ားသို႔ ျပည္ေထာင္စုအစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ၿပီး ျဖန္႔ေဝေပးသြားမယ္လို႔ သိရပါတယ္။ လက္ရွိမွာ Remdesivir ေဆးကို အကန္႔အသတ္ျဖင့္သာ ရရွိႏိုင္ေသးၿပီး အထူးၾကပ္မတ္ကုခန္းရွိတဲ့ ေဆး႐ုံမ်ားနဲ႔ အစိုးရက အမွန္တစ္ကယ္ လိုအပ္တယ္လို႔ ယူဆထားတဲ့ အျခား ေဆး႐ုံမ်ားသို႔ ျဖန္႔ေဝေပးသြားမွာ ျဖစ္ပါတယ္။
ကယ္လီဖိုးနီးယားျပည္နယ္ ေဖာ္စတာၿမိဳ႕အေျခစိုက္ ေဆးဝါးနဲ႔ ဇီဝနည္းပညာကုမၸဏီ Gilead Sciences က ထုတ္လုပ္ထားတဲ့ Remdesivir ေဆးကို မူလက အီဘိုလာ (Ebola) ေရာဂါကုသရန္ ရည္႐ြယ္ခဲ့တာျဖစ္ေပမဲ့ စမ္းသပ္ကုသခဲ့ရာမွာ ေအာင္ျမင္မႈအနည္းငယ္မွ်သာ ရွိခဲ့ပါတယ္။
သို႔ေသာ္ တိရိစာၦန္ေတြမွာ စမ္းသပ္ေလ့လာေတြအရ Remdesivir ဟာ SARS (Severe Acute Respiratory Syndrome) နဲ႔ MERS (Middle East Respiratory Syndrome) ဗိုင္းရပ္စ္မ်ား အပါအဝင္ COVID-19 နဲ႔ ဆက္ႏြယ္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္မ်ား (coronaviruses) တားဆီးမႈနဲ႔ကုသမႈ ႏွစ္မ်ိဳးလုံး လုပ္ေဆာင္ႏိုင္ေၾကာင္း ေတြ႕ရပါတယ္။
Remdesivir ေဆးျဖင့္ COVID-19 လူနာ ၁,၀၆၃ ဦးကို အေမရိကန္ National Institute of Allergy and Infectious Diseases (NIAID) အစီအစဥ္အရ စမ္းသပ္ကုသခဲ့ရာ သိသာထင္ရွားတဲ့ ထိေရာက္မႈရွိၿပီး ရလဒ္ေကာင္းထြက္ေပၚခဲ့ပါတယ္။ ကမာၻတစ္ဝွမ္း COVID-19 ကပ္ေရာဂါ ကူးစက္ျဖစ္ပြားမႈေတြအနက္ အေမရိကန္ႏိုင္ငံမွာ ကူးစက္မႈနဲ႔ ေသဆုံးမႈ အမ်ားဆုံး ေတြ႕ရပါတယ္။
ယေန႔ (ေမ ၂ ရက္) မနက္အေစာပိုင္းအထိ အေမရိကန္မွာ COVID-19 ကူးစက္ခံရသူ ၁ သန္းေက်ာ္ (၁,၁၂၉,၀၃၉ ဦး) နဲ႔ ေသဆုံးသူ ၆၅,၇၁၁ ဦးအထိ မ်ားျပားခဲ့ၿပီး ျပန္လည္သက္သာသူဦးေရ ၁၆၁,၅၅၁ ဦးျဖစ္ပါတယ္။ ကမာၻတစ္ဝွမ္းမွာေတာ့ လက္ရွိအခ်ိန္အထိ ကူးစက္ခံရသူ ၃ သန္းေက်ာ္ (၃,၃၉၅,၅၀၇ ဦး)၊ ေသဆုံးသူ ၂၃၉,၃၄၆ ဦးနဲ႔ ျပန္လည္သက္သာသူ ၁ သန္းေက်ာ္ (၁,၀၇၉,၃၂၁ ဦး) ရွိခဲ့ပါတယ္။
Unicode
ကယ်လီဖိုးနီးယားအခြေစိုက် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီ Gilead Sciences က ထုတ်လုပ်ထားတဲ့ Remdesivir ဆေးကို ဆေးရုံတွေမှာ COVID-19 လူနာများအား အရေးပေါ်အခြေအနေအတွက် ကုသဆေးအဖြစ် အသုံးပြုရန် အမေရိကန် FDA (Food and Drug Administration) က ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စမ်းသပ်အဆင့် Remdesivir ဆေးကို ဆေးရုံတက်နေရတဲ့ COVID-19 လူနာတွေအတွက် အရေးပေါ်အခြေအနေသုံးအဖြစ် FDA က ခွင့်ပြုလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ အိမ်ဖြူတော် ဘဲဥပုံခန်းမမှာ သမ္မတထရန့်နဲ့ Gilead Sciences အမှုဆောင်အရာရှိချုပ် ဒန်နီရယ်အိုဒေးတို့ တွေ့ဆုံခဲ့ကြစဉ် FDA ခွင့်ပြုချက်ဟာ အရေးကြီးတဲ့ ပထမခြေလှမ်းဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။
Gilead Sciences က COVID-19 လူနာတွေကို ကုသရန်အတွက် Remdesivir ဆေးအရေအတွက် ၁.၅ သန်းကို လှူဒါန်းခဲ့ကြောင်းလည်း သိရပါတယ်။ “ဒါက ဆေးရုံတက်နေရတဲ့ လူနာတွေအတွက် အရေးကြီးတဲ့ ပထမခြေလှမ်းပါ၊ ဒီလူနာတွေ ဆေးရဖို့ ကျွန်တော်တို့ ဆောင်ရွက်ချင်ပါတယ်၊ ဒါကြော့င် Remdesivir ဆေး ၁.၅ သန်းကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” လို့ ဒန်နီရယ်အိုဒေးက ပြောခဲ့ပါတယ်။
COVID-19 လူနာများ အရေးပေါ်အခြေအနေအတွက် ကုသဆေးအဖြစ် အမေရိကန် FDA က ခွင့်ပြုလိုက်တဲ့ Remdesivir ဆေးရဲ့ ဈေးနှုန်းကိုတော့ Gilead Sciences ပြောကြားထားခြင်း မရှိသေးပါဘူး။ FDA ခွင့်ပြုချက်အရ ဆေးရုံတက်ရောက်နေရပြီး အောက်စီဂျင်ပေးထားရတဲ့ လူနာတွေကို Remdesivir ဆေးဖြင့် ကုသနိုင်မှာဖြစ်ပါတယ်။
Gilead Sciences ရဲ့ အဆိုအရ ယခု လှူဒါန်းခဲ့တဲ့ ဆေးတွေကို COVID-19 ကူးစက်မှု အဆိုးဆုံးဖြစ်ပွားနေတဲ့ မြို့ကြီးများရှိ ဆေးရုံများသို့ ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ Remdesivir ဆေးကို အကန့်အသတ်ဖြင့်သာ ရရှိနိုင်သေးပြီး အထူးကြပ်မတ်ကုခန်းရှိတဲ့ ဆေးရုံများနဲ့ အစိုးရက အမှန်တစ်ကယ် လိုအပ်တယ်လို့ ယူဆထားတဲ့ အခြား ဆေးရုံများသို့ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် ဖော်စတာမြို့အခြေစိုက် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီ Gilead Sciences က ထုတ်လုပ်ထားတဲ့ Remdesivir ဆေးကို မူလက အီဘိုလာ (Ebola) ရောဂါကုသရန် ရည်ရွယ်ခဲ့တာဖြစ်ပေမဲ့ စမ်းသပ်ကုသခဲ့ရာမှာ အောင်မြင်မှုအနည်းငယ်မျှသာ ရှိခဲ့ပါတယ်။
သို့သော် တိရိစ္ဆာန်တွေမှာ စမ်းသပ်လေ့လာတွေအရ Remdesivir ဟာ SARS (Severe Acute Respiratory Syndrome) နဲ့ MERS (Middle East Respiratory Syndrome) ဗိုင်းရပ်စ်များ အပါအဝင် COVID-19 နဲ့ ဆက်နွယ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်များ (coronaviruses) တားဆီးမှုနဲ့ကုသမှု နှစ်မျိုးလုံး လုပ်ဆောင်နိုင်ကြောင်း တွေ့ရပါတယ်။
Remdesivir ဆေးဖြင့် COVID-19 လူနာ ၁,၀၆၃ ဦးကို အမေရိကန် National Institute of Allergy and Infectious Diseases (NIAID) အစီအစဉ်အရ စမ်းသပ်ကုသခဲ့ရာ သိသာထင်ရှားတဲ့ ထိရောက်မှုရှိပြီး ရလဒ်ကောင်းထွက်ပေါ်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်း COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေအနက် အမေရိကန်နိုင်ငံမှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး တွေ့ရပါတယ်။
ယနေ့ (မေ ၂ ရက်) မနက်အစောပိုင်းအထိ အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ ၁ သန်းကျော် (၁,၁၂၉,၀၃၉ ဦး) နဲ့ သေဆုံးသူ ၆၅,၇၁၁ ဦးအထိ များပြားခဲ့ပြီး ပြန်လည်သက်သာသူဦးရေ ၁၆၁,၅၅၁ ဦးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃ သန်းကျော် (၃,၃၉၅,၅၀၇ ဦး)၊ သေဆုံးသူ ၂၃၉,၃၄၆ ဦးနဲ့ ပြန်လည်သက်သာသူ ၁ သန်းကျော် (၁,၀၇၉,၃၂၁ ဦး) ရှိခဲ့ပါတယ်။
Credit : Duwun