Knowledge

မေလ (၅) ရ က် နဲ့ (၈) ရက်နေ့မှာ စောင့်ကြည့်ရမ ယ့် ထူးခြားဖြစ်စဉ်များ

Written by Aung Lay

ျဖစ္စဥ္မ်ား အာကာသအတြင္း ထူးျခား မည့္ျဖစ္စဥ္မ်ား၊ ျမန္မာႏိုင္ငံမွ ျမင္ေတြ႕ရမည့္ အရာမ်ားအေၾကာင္း ေရးသားေပးပါဦးမယ္။ အာကာသအေၾကာင္းမေျပာမီ ယခု ေမလဆန္းပိုင္းမွာ ျဖစ္မည္၊ မျဖစ္ဖူး၊ လာမည္၊ မလာဘူး ႏွင့္ တစ္ရက္ႏွင့္ တစ္ရက္ မွန္းဆလို႔ မတူႏိုင္တဲ့ ကပၸလီပင္လယ္က အပူပိုင္း မုန္တိုင္း တစ္ခုအေၾကာင္း သိသေလာက္ ေျပာျပေပးခ်င္ပါတယ္။ မူလက ဒီအပူပိုင္း မုန္တိုင္းဟာ ကပၸလီပင္လယ္မွာ အစပ်ိဳးၿပီး ေမ လဆန္း (၂-၃) ပိုင္းမွာ ျမစ္ဝကြၽန္းေပၚဘက္ကို ဝင္ဖို႔ တာဆူေနခဲ့တာပါ။

ဒီၾကားထဲမွာ ေတာင္တ႐ုတ္ ပင္လယ္ဘက္က ေလစီးေၾကာင္းတစ္ခု ဝင္ေရာက္ ေႏွာက္ယွက္မႈေၾကာင့္ ပ်က္ပ်ယ္မလိုျဖစ္ရင္းက.. ယခုတဖန္ မုန္တိုင္းငယ္ (သို႔) ဆိုင္ကလုံးမုန္တိုင္းအျဖစ္ ေျပာင္းလဲၿပီး တခါ.. ရခိုင္ျပည္နယ္ အမ္းၿမိဳ႕ဘက္ (ရခိုင္ကမ္း႐ိုးတန္း) ကို ေမ (၅-၆) ေလာက္ဝင္ေရာက္ႏိုင္မယ္လို႔ ခန္႔မွန္းရာကေန.. ယေန႔ ခန္႔မွန္းခ်က္ မွာေတာ့ အိႏၵိယအေရွ႕ဘက္ကမ္းေျခကို ေမ (၁၀) ရက္ေန႔ေလာက္ ဝင္ဖို႔ ဦးတည္ ေနျပန္ပါတယ္။

ေလဆိုတဲ့ အရာဟာလည္း တည္ၿငိမ္မႈ မရွိျပန္ တာေၾကာင့္.. သက္ဆိုင္ရာ မိုးေလဝသ သတင္းဌာနက ထုတ္ျပန္တဲ့ မွန္ကန္ေသာ သတင္းမ်ားကိုသာ ေစာင့္ၾကည့္လိုက္နာၾကၿပီး မုန္တိုင္းအတြက္လည္း သတိအေနအထားႏွင့္ ျပင္ဆင္ထားၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။ဒီမုန္တိုင္းေၾကာင့္ အေနာက္ေတာင္မုတ္သုံေလ ဝင္ေရာက္ၿပီး ေတာင္သူေတြအတြက္ အားထား ရမယ့္ မိုးေရ စတင္ရရွိလာတာပါ။ ေနာက္ထပ္လည္း အပူပိုင္းမုန္တိုင္းေတြ ျဖစ္လာႏိုင္ေခ်ရွိတာမို႔ ႀကိဳတင္ကာကြယ္ နည္းလမ္းရွာထားတာ မွားမည္မထင္ပါ။ (ဥပမာ။ အေဆာက္အဦး၊ သစ္ပင္ ႏွင့္ အႏၲရာယ္ရွိႏိုင္ေသာ အရာမ်ား ရွင္းလင္းျပဳျပင္ျခင္း)ေမလ (၇) ရက္ေန႔မွာေတာ့ ၂၀၂၀ ခုႏွစ္အတြက္ ပၪၥမေျမာက္ နဲ႔ ေနာက္ဆုံးျဖစ္ေပၚမယ့္ စူပါမြန္းျဖစ္စဥ္ကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ျမန္မာျပကၡဒိန္မွာေတာ့ ကဆုန္လျပည့္ေန႔ဟာ ေမလ (၆) ရက္ေန႔မွာ က်ေရာက္ပါတယ္။တကယ္လျပည့္မွာက (၇) ရက္ေန႔ျဖစ္တဲ့အတြက္ ကဆုန္ လျပည့္ေက်ာ္ ၁ ရက္ေန႔မွာ လမင္းႀကီးကို ပိုမို ထင္ရွားလင္းလက္စြာျမင္ေတြ႕ရ ပါမယ္။

အေနာက္တိုင္းမွာေတာ့ ဒီလမင္းကို ပန္းလမင္း (Flower Moon) လို႔ ေခၚ ပါတယ္။ ေႏြဦးပန္းေတြ ေဝေဝဆာဆာ ပြင့္ၾကလို႔ပါ။ ၂၀၂၀ ခုႏွစ္ အတြင္းမွာ ဇန္နဝါရီလမွ ေမလ အထိ (၅) လ ဆက္တိုက္ စူပါမြန္းျဖစ္ခဲ့ပါတယ္။ဗီးနပ္စ္ (ခ) ေသာၾကာၿဂိဳဟ္ဟာ ညေနၾကယ္အျဖစ္ကေန စြန္႔ခြာေတာ့မွာျဖစ္ပါတယ္။ ဧၿပီလ (၂၈) ရက္ေန႔က အေတာက္ပဆုံး လင္းလက္ ခဲ့ၿပီး ေမလထဲမွာေတာ့.. ၿပိႆရာသီႏွင့္အတူ မိုးကုတ္စက္ဝိုင္းေအာက္ကို တျဖည္းျဖည္း နိမ့္ဝင္သြားေတာ့မွာျဖစ္ပါတယ္။

မိုးကုတ္စက္ဝိုင္းအနီးက ဗုဒၶဟူးၿဂိဳဟ္ (မာက်ဴရီ) နဲ႔ ေမလ ၂၂ ရက္ေန႔ေလာက္မွာ ေပါင္းဆုံပါမယ္။ ညေနၾကယ္ေလး ႏႈတ္ဆက္ေတာ့မွာမို႔ ယခုရက္ပိုင္းမွာ တဝႀကီး ရႈၾကည့္ထားလို႔ ရပါတယ္။ၾကယ္ေႂကြမယ့္ ရက္ေတြကေတာ့.. ေမလ (၅) ရက္ နဲ႔ (၈) ရက္တ္ု႔ ျဖစ္ပါတယ္။ ထူးထူးျခားျခား C/2017 T2 (PANSTARRS) ပန္စတား လို႔ေခၚတဲ့ ၾကယ္တံခြန္တစ္ခုလည္း လင္းလက္ေတာက္ ပလာဖို႔ ရွိပါတယ္။

Unicode

ဖြစ်စဉ်များ အာကာသအတွင်း ထူးခြား မည့်ဖြစ်စဉ်များ၊ မြန်မာနိုင်ငံမှ မြင်တွေ့ရမည့် အရာများအကြောင်း ရေးသားပေးပါဦးမယ်။ အာကာသအကြောင်းမပြောမီ ယခု မေလဆန်းပိုင်းမှာ ဖြစ်မည်၊ မဖြစ်ဖူး၊ လာမည်၊ မလာဘူး နှင့် တစ်ရက်နှင့် တစ်ရက် မှန်းဆလို့ မတူနိုင်တဲ့ ကပ္ပလီပင်လယ်က အပူပိုင်း မုန်တိုင်း တစ်ခုအကြောင်း သိသလောက် ပြောပြပေးချင်ပါတယ်။ မူလက ဒီအပူပိုင်း မုန်တိုင်းဟာ ကပ္ပလီပင်လယ်မှာ အစပျိုးပြီး မေ လဆန်း (၂-၃) ပိုင်းမှာ မြစ်ဝကျွန်းပေါ်ဘက်ကို ဝင်ဖို့ တာဆူနေခဲ့တာပါ။

ဒီကြားထဲမှာ တောင်တရုတ် ပင်လယ်ဘက်က လေစီးကြောင်းတစ်ခု ဝင်ရောက် နှောက်ယှက်မှုကြောင့် ပျက်ပျယ်မလိုဖြစ်ရင်းက.. ယခုတဖန် မုန်တိုင်းငယ် (သို့) ဆိုင်ကလုံးမုန်တိုင်းအဖြစ် ပြောင်းလဲပြီး တခါ.. ရခိုင်ပြည်နယ် အမ်းမြို့ဘက် (ရခိုင်ကမ်းရိုးတန်း) ကို မေ (၅-၆) လောက်ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းရာကနေ.. ယနေ့ ခန့်မှန်းချက် မှာတော့ အိန္ဒိယအရှေ့ဘက်ကမ်းခြေကို မေ (၁၀) ရက်နေ့လောက် ဝင်ဖို့ ဦးတည် နေပြန်ပါတယ်။

လေဆိုတဲ့ အရာဟာလည်း တည်ငြိမ်မှု မရှိပြန် တာကြောင့်.. သက်ဆိုင်ရာ မိုးလေဝသ သတင်းဌာနက ထုတ်ပြန်တဲ့ မှန်ကန်သော သတင်းများကိုသာ စောင့်ကြည့်လိုက်နာကြပြီး မုန်တိုင်းအတွက်လည်း သတိအနေအထားနှင့် ပြင်ဆင်ထားကြဖို့ တိုက်တွန်းချင်ပါတယ်။ဒီမုန်တိုင်းကြောင့် အနောက်တောင်မုတ်သုံလေ ဝင်ရောက်ပြီး တောင်သူတွေအတွက် အားထား ရမယ့် မိုးရေ စတင်ရရှိလာတာပါ။ နောက်ထပ်လည်း အပူပိုင်းမုန်တိုင်းတွေ ဖြစ်လာနိုင်ချေရှိတာမို့ ကြိုတင်ကာကွယ် နည်းလမ်းရှာထားတာ မှားမည်မထင်ပါ။ (ဥပမာ။ အဆောက်အဦး၊ သစ်ပင် နှင့် အန္တရာယ်ရှိနိုင်သော အရာများ ရှင်းလင်းပြုပြင်ခြင်း)မေလ (၇) ရက်နေ့မှာတော့ ၂၀၂၀ ခုနှစ်အတွက် ပဉ္စမမြောက် နဲ့ နောက်ဆုံးဖြစ်ပေါ်မယ့် စူပါမွန်းဖြစ်စဉ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ မြန်မာပြက္ခဒိန်မှာတော့ ကဆုန်လပြည့်နေ့ဟာ မေလ (၆) ရက်နေ့မှာ ကျရောက်ပါတယ်။တကယ်လပြည့်မှာက (၇) ရက်နေ့ဖြစ်တဲ့အတွက် ကဆုန် လပြည့်ကျော် ၁ ရက်နေ့မှာ လမင်းကြီးကို ပိုမို ထင်ရှားလင်းလက်စွာမြင်တွေ့ရ ပါမယ်။

အနောက်တိုင်းမှာတော့ ဒီလမင်းကို ပန်းလမင်း (Flower Moon) လို့ ခေါ် ပါတယ်။ နွေဦးပန်းတွေ ဝေဝေဆာဆာ ပွင့်ကြလို့ပါ။ ၂၀၂၀ ခုနှစ် အတွင်းမှာ ဇန်နဝါရီလမှ မေလ အထိ (၅) လ ဆက်တိုက် စူပါမွန်းဖြစ်ခဲ့ပါတယ်။ဗီးနပ်စ် (ခ) သောကြာဂြိုဟ်ဟာ ညနေကြယ်အဖြစ်ကနေ စွန့်ခွာတော့မှာဖြစ်ပါတယ်။ ဧပြီလ (၂၈) ရက်နေ့က အတောက်ပဆုံး လင်းလက် ခဲ့ပြီး မေလထဲမှာတော့.. ပြိဿရာသီနှင့်အတူ မိုးကုတ်စက်ဝိုင်းအောက်ကို တဖြည်းဖြည်း နိမ့်ဝင်သွားတော့မှာဖြစ်ပါတယ်။

မိုးကုတ်စက်ဝိုင်းအနီးက ဗုဒ္ဓဟူးဂြိုဟ် (မာကျူရီ) နဲ့ မေလ ၂၂ ရက်နေ့လောက်မှာ ပေါင်းဆုံပါမယ်။ ညနေကြယ်လေး နှုတ်ဆက်တော့မှာမို့ ယခုရက်ပိုင်းမှာ တဝကြီး ရှုကြည့်ထားလို့ ရပါတယ်။ကြယ်ကြွေမယ့် ရက်တွေကတော့.. မေလ (၅) ရက် နဲ့ (၈) ရက်တ်ု့ ဖြစ်ပါတယ်။ ထူးထူးခြားခြား C/2017 T2 (PANSTARRS) ပန်စတား လို့ခေါ်တဲ့ ကြယ်တံခွန်တစ်ခုလည်း လင်းလက်တောက် ပလာဖို့ ရှိပါတယ်။

About the author

Aung Lay

Leave a Comment