Knowledge

သင့်ကောင်လေးသင့်ကိုတကယ်ချစ်မချစ် ဒီနှစ်ချက်နဲ့စမ်းကြည့်နိုင်တယ်

Written by Aung Lay

မိန်းကလေးတွေရဲ့သဘာဝက တကယ်ချစ်တယ်ဆိုတာ ချစ်သူကအမူအရာနဲ့ပဲဖြစ်ဖြစ်၊နှုတ်ကထုတ်ပြောတာပဲဖြစ်ဖြစ် သိသိသာသာဖော်ပြမှသဘောကျကျေနပ်တတ်ကြတယ်။
မိန်းကလေးတွေကသူတို့ချစ်တဲ့သူအတွက်အရာရာရင်ဆိုင်ဖို့အ သင့်ဖြစ်နေတတ်သလို ချစ်သူရဲ့အနွံတာခံဂရုစိုက်တာကိုလည်း ခံချင်ကြတယ်။အရမ်းချစ်လာရင်အသေးစိတ်ကအစ အလေးအနက်ထားမိတော့
တစ်ခုခုစိတ်ထဲမှာအလိုမကျရင် င့ါကိုတကယ်ချစ်တာဟုတ်ရဲ့လားဆိုဇဝေဇဝါနဲ့ စိတ်ပူတတ် ကြပြန်ပါတယ်။အခုတော့ ကိုယ့်ချစ်သူက ကိုယ့်ကိုယ်တကယ်ချစ်လားမချစ်ဘူးလားဆိုတာကိုဒီအချက်လေးတွေနဲ့စမ်း
ကြည့်နိုင်တယ်။ဒါပေမယ့် တခါတလေမိန်းကလေးတွေကအရမ်းချစ်တတ်ပြီးဂရုစိုက်ခံချင်ကြပေမယ့် နှုတ်ကနေတတွတ် တွတ်ထုတ်မပြောဘဲ
ရင်ထဲကနေမြတ်မြတ်နိုးနိုးချစ်တတ်တဲ့ယောက်ျားလေးတွေလည်းရှိတော့ဒီအချက်လေးတွေနဲ့ချင့် ချိန်ပြီး မှန်ကန်တဲ့ဆုံးဖြတ် ချက်ရွေးချယ်ဖို့တော့လိုပါတယ်။

သူ့အတွက် လျှို့ဝှက်ချစ်သူလား

သာမန်အားဖြင့် မိန်းကလေးတွေရဲ့သဘာဝက ပြိုင်ဆိုင်လိုစိတ်၊မနာလိုမရှုစိတ်များပြားကြတယ်လို့ဆိုကြပေ မယ့် ယောက်ျားလေးတွေလည်း အဲဒီသဘာဝရှိကြပါတယ်။အထူးသဖြင့်
ကိုယ့်ချစ်သူရဲ့ဂရုစိုက်မှုကိုဘယ်လောက်ရရှိ တယ်၊ ဘယ်လောက်အချစ်ခံရတယ်၊ ကိုယ့်ချစ်သူက ပြိုင်စံရှားချောမောလှပနေတာစသဖြင့် သူငယ်ချင်းတွေရှေ့မှာ ပြိုင်ဆိုင်တယ်ဆိုတာထက်
ဂုဏ်ယူမော်ကြွားချင်တတ်ကြပါတယ်။ ယောက်ျားတစ်ယောက်ဟာတကယ်ချစ်ပြီဆိုရင် သူချစ်တဲ့မိန်းမတစ်ယောက်အတွက် ဂုဏ်ယူတတ်ကြသလိုသူငယ်ချင်းအပေါင်းအသင်း၊မိတ်ဆွေတွေရှေ့မှာသူချစ်ရ တဲ့သူနဲ့
ဂုဏ်ယူစွာရွှေလက်တွဲပြချင်ကြပါတယ်။ဒါ ငါ့ချစ်သူ၊ ငါ့ဇနီးဆိုပြီး စိတ်ထဲမှာ ကျေနပ်မှုအပြည့်နဲ့ မိတ်ဆက်ပေး တာမျိုးပေါ့။သင့်အမျိုးသားက တကယ်ချစ်မချစ်ဆိုတာ ဒီအချက်နဲ့ သိနိုင်တယ်။ချွင်းချက်အနေနဲ့တချို့
အလိုက်မသိတတ် တဲ့ ယောက်ျားလေးတွေလည်းရှိတယ်ဆိုတာသတိရပါ။

ပုံမှန်အားဖြင့် မိန်းမတစ်ယောက်အပေါ်လိုချင်တပ်မက်မှုမရှိတဲ့ယောက်ျားရယ်လို့ မရှိကြပါဘူး။ဒါပေမယ့် သင့်ကိုအဲဒီလို လိုချင်တပ်မက်တာအပြင် နေ့စဉ်ဘဝတွေမှာ သင့်ကိုဘယ်လောက်ထိအလိုရှိနေလဲ၊
သင့်ရဲ့ဂရုစိုက်မှုကိုဘယ်လောက် တန်ဖိုးထားသလဲဆိုတာပါပဲ။ဥပမာ မနက်အိပ်ရာထချိန်သင်ဖျော်ပေးတဲ့ကော်ဖီကို သောက်ရမှသူ့ရဲ့မနက်ခင်းက ပြည့်စုံ သွားတာမျိုး။နောက်တစ်ခုက သင့်မိဘတွေနဲ့နေ့လည်စာ
ဒါမှမဟုတ်ညစာစားဖို့ စိတ်ဝင်တစားရှိတာမျိုး ဒီအချက်တွေက မိန်းမတစ်ယောက်ကို တကယ်ချစ်တဲ့ယောက်ျားတစ်ယောက်ရဲ့ အလိုလိုဖြစ်ပေါ်တဲ့ချစ်ခင်ကြင်နာစိတ်လေးတွေပါပဲ။

ဒါပေမယ့် သင့်အနေနဲ့တစ်ခုသတိထားရမှာက ရုပ်ရှင်ထဲကရင်ခုန်ဖွယ်အချစ်ဇာတ်လမ်းတွေနဲ့တော့သင့်ရဲ့တကယ့် လက်တွေ့အချစ်ရေးက တူမှမဟုတ်ပါဘူး။အဓိကက ရှိပြီးသားrelationshipတစ်ခုကို

ထာဝရခိုင်မြဲအောင် တည်ဆောက်နိုင်ဖို့ပါပဲ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

Zawgyi

မိန္းကေလးေတြရဲ႕သဘာ၀က တကယ္ခ်စ္တယ္ဆိုတာ ခ်စ္သူကအမူအရာနဲ႔ပဲျဖစ္ျဖစ္၊ႏႈတ္ကထုတ္ေျပာတာပဲျဖစ္ျဖစ္ သိသိသာသာေဖာ္ျပမွသေဘာက်ေက်နပ္တတ္ၾကတယ္။
မိန္းကေလးေတြကသူတို႔ခ်စ္တဲ့သူအတြက္အရာရာရင္ဆိုင္ဖို႔အ သင့္ျဖစ္ေနတတ္သလို ခ်စ္သူရဲ႕အႏြံတာခံဂရုစိုက္တာကိုလည္း ခံခ်င္ၾကတယ္။အရမ္းခ်စ္လာရင္အေသးစိတ္ကအစ အေလးအနက္ထားမိေတာ့
တစ္ခုခုစိတ္ထဲမွာအလုိမက်ရင္ င့ါကိုတကယ္ခ်စ္တာဟုတ္ရဲ႕လားဆိုဇေ၀ဇ၀ါနဲ႔ စိတ္ပူတတ္ ၾကျပန္ပါတယ္။အခုေတာ့ ကိုယ့္ခ်စ္သူက ကိုယ့္ကိုယ္တကယ္ခ်စ္လားမခ်စ္ဘူးလားဆိုတာကိုဒီအခ်က္ေလးေတြနဲ႔စမ္း
ၾကည့္ႏိုင္တယ္။ဒါေပမယ့္ တခါတေလမိန္းကေလးေတြကအရမ္းခ်စ္တတ္ၿပီးဂရုစိုက္ခံခ်င္ၾကေပမယ့္ ႏႈတ္ကေနတတြတ္ တြတ္ထုတ္မေျပာဘဲ
ရင္ထဲကေနျမတ္ျမတ္ႏိုးႏိုးခ်စ္တတ္တဲ့ေယာက္်ားေလးေတြလည္းရွိေတာ့ဒီအခ်က္ေလးေတြနဲ႔ခ်င့္ ခ်ိန္ၿပီး မွန္ကန္တဲ့ဆံုးျဖတ္ ခ်က္ေရြးခ်ယ္ဖို႔ေတာ့လိုပါတယ္။

သူ႕အတြက္ လွ်ိဳ႕၀ွက္ခ်စ္သူလား

သာမန္အားျဖင့္ မိန္းကေလးေတြရဲ႕သဘာ၀က ၿပိဳင္ဆိုင္လိုစိတ္၊မနာလိုမရႈစိတ္မ်ားျပားၾကတယ္လို႔ဆိုၾကေပ မယ့္ ေယာက္်ားေလးေတြလည္း အဲဒီသဘာ၀ရွိၾကပါတယ္။အထူးသျဖင့္
ကိုယ့္ခ်စ္သူရဲ႕ဂရုစိုက္မႈကိုဘယ္ေလာက္ရရွိ တယ္၊ ဘယ္ေလာက္အခ်စ္ခံရတယ္၊ ကိုယ့္ခ်စ္သူက ၿပိဳင္စံရွားေခ်ာေမာလွပေနတာစသျဖင့္ သူငယ္ခ်င္းေတြေရွ႕မွာ ၿပိဳင္ဆိုင္တယ္ဆိုတာထက္
ဂုဏ္ယူေမာ္ၾကြားခ်င္တတ္ၾကပါတယ္။ ေယာက္်ားတစ္ေယာက္ဟာတကယ္ခ်စ္ၿပီဆိုရင္ သူခ်စ္တဲ့မိန္းမတစ္ေယာက္အတြက္ ဂုဏ္ယူတတ္ၾကသလိုသူငယ္ခ်င္းအေပါင္းအသင္း၊မိတ္ေဆြေတြေရွ႕မွာသူခ်စ္ရ တဲ့သူနဲ႔
ဂုဏ္ယူစြာေရႊလက္တြဲျပခ်င္ၾကပါတယ္။ဒါ ငါ့ခ်စ္သူ၊ ငါ့ဇနီးဆိုၿပီး စိတ္ထဲမွာ ေက်နပ္မႈအျပည့္နဲ႔ မိတ္ဆက္ေပး တာမ်ိဳးေပါ့။သင့္အမ်ိဳးသားက တကယ္ခ်စ္မခ်စ္္ဆိုတာ ဒီအခ်က္နဲ႔ သိႏိုင္တယ္။ခၽြင္းခ်က္အေနနဲ႔တခ်ိဳ႕
အလိုက္မသိတတ္ တဲ့ ေယာက္်ားေလးေတြလည္းရွိတယ္ဆိုတာသတိရပါ။

ပံုမွန္အားျဖင့္ မိန္းမတစ္ေယာက္အေပၚလိုခ်င္တပ္မက္မႈမရွိတဲ့ေယာက္်ားရယ္လို႔ မရွိၾကပါဘူး။ဒါေပမယ့္ သင့္ကိုအဲဒီလို လိုခ်င္တပ္မက္တာအျပင္ ေန႔စဥ္ဘ၀ေတြမွာ သင့္ကိုဘယ္ေလာက္ထိအလိုရွိေနလဲ၊
သင့္ရဲ႕ဂရုစိုက္မႈကိုဘယ္ေလာက္ တန္ဖိုးထားသလဲဆိုတာပါပဲ။ဥပမာ မနက္အိပ္ရာထခ်ိန္သင္ေဖ်ာ္ေပးတဲ့ေကာ္ဖီကို ေသာက္ရမွသူ႔ရဲ႕မနက္ခင္းက ျပည့္စံု သြားတာမ်ိဳး။ေနာက္တစ္ခုက သင့္မိဘေတြနဲ႔ေန႔လည္စာ
ဒါမွမဟုတ္ညစာစားဖို႔ စိတ္၀င္တစားရွိတာမ်ိဳး ဒီအခ်က္ေတြက မိန္းမတစ္ေယာက္ကို တကယ္ခ်စ္တဲ့ေယာက္်ားတစ္ေယာက္ရဲ႕ အလိုလိုျဖစ္ေပၚတဲ့ခ်စ္ခင္ၾကင္နာစိတ္ေလးေတြပါပဲ။

ဒါေပမယ့္ သင့္အေနနဲ႔တစ္ခုသတိထားရမွာက ရုပ္ရွင္ထဲကရင္ခုန္ဖြယ္အခ်စ္ဇာတ္လမ္းေတြနဲ႔ေတာ့သင့္ရဲ႕တကယ့္ လက္ေတြ႕အခ်စ္ေရးက တူမွမဟုတ္ပါဘူး။အဓိကက ရွိၿပီးသားrelationshipတစ္ခုကို

ထာ၀ရခိုင္ၿမဲေအာင္ တည္ေဆာက္ႏိုင္ဖို႔ပါပဲ။

ျခဴးသစ္ႏြယ္@ChoChoThan(Shwemom)

About the author

Aung Lay

Leave a Comment