Cele News Video

ရှုတင် မှာ ကင်မရာမန်းကို အပီအပြင်ဆေးထိုးစနောက်ပြီး ပျော်ရွှင်နေ တဲ့ စိုးပြည့်သဇင် ရဲ့ ဗီဒီယိုဖိုင်

Written by Aung Lay

မင်းသမီးချောလေး စိုးပြည့်သဇင် ကတော့ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ အမြဲတမ်းပြုံးရွှင်နေတတ်ပြီး ဟန်ဆောင်မှုတွေကင်းစင်လွန်းတဲ့ စိုးပြည့်သဇင်က ပရိသတ်တွေကြားမှာ လူချစ်လူခင်ပေါများနေတာလည်း ဖြစ် ပါတယ် ။ ချစ်ခင် အားပေးသူ ပရိသတ်တွေ အများအပြားပိုင်ဆိုင်ထားတဲ့ စိုးပြည့်က အကယ်ဒမီဆုရရှိထားတဲ့ မင်းသမီးချောလေးတစ်လက်ဆိုရင်လည်း မမှားပါဘူးနော် ။

စိုးပြည့်သဇင် က အခုချိန် အထိလည်း ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ စိုးပြည့်က ကလေးဆန်ဆန်အမူအရာလေးတွေနဲ့ ဆယ်ကျော်သက်လေးတစ်ယောက်လို အမြဲတမ်းချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ် ။ အခု လည်း ပျော်ပျော်နေ တတ်တဲ့ စိုးပြည့်လေးက ရှုတင်မှာ ကင်မရာမန်း ကို လိုက်စနောက်နေ တဲ့ဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။

စိုးပြည့်ကတော့ ကင်မရာမန်းကို အပီအပြင်စနောက်ကျီစယ်ပြီး ဆေးထိုးလိုက်တာလည်းဖြစ်ပါတယ်။ အားလုံးကိုရင်းနှီးဖော်ရွေစွာ ဆက်ဆံပြီး ပျော်ပျော်ပါးပါးနေလေ့ရှိတဲ့ စိုးပြည့်လေးကတော့ တကယ့်ကိုချစ်ဖို့ကောင်းလွန်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ရှုတင် မှာပျော်နေတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Source & Video Credit-Soe Pyae Thazin’s FB Acc

 

Zawgyi





About the author

Aung Lay

Leave a Comment