News

ကျောင်းဖွင့် ချိန် နောက်ကျ ၍ ယခု ပညာ သင်နှစ်တွင် သင်ရိုး များ လျှော့မည်

Written by Aung Lay

ကျောင်းဖွင့်ချိန် နောက်ကျ ၍ ယခု ၂၀၂၀-၂၁ ပညာသင်နှစ်တွင် အခြေခံပညာ အတန်း အားလုံး၏ သင်ရိုးများကို လျှော့ချ မည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။COVID-19 ကြောင့် အခြေ ခံပညာကျောင်းများ ဖွင့်လှစ်ချိန် နောက်ကျ သဖြင့် အတန်းများ၏ သင်ရိုးညွှန်းတမ်း များကို မူလ သတ်မှတ်ထားသည့်အတိုင်း သင်ကြားရန် စာသင်ချိန် မလုံ လောက်သဖြင့် သင်ရိုးများ လျှော့ချရန် အမျိုးသား သင်ရိုးညွှန်းတမ်းကော် မတီက ဆောင်ရွက်နေပြီဖြစ် ကြောင်း ၎င်းက ဆိုသည်။

‘‘သင်ရိုးဟောင်း၊ သင်ရိုးသစ် အကုန်လုံးကို သင်ရိုးတွေ လျှော့ဖို့ ရှိမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အထက်တန်းဆင့်တောင်မှ ပုံမှန်ထက် ၅၁ ရက် နောက်ကျပြီး မှ ဖွင့်ရတာ။ ၅၁ ရက် နောက်ကျပြီးမှ ဖွင့်ရတဲ့ အတွက် စာသင်ပတ်က ၂၉ ပတ်ပဲရှိတော့မယ်။ အဲဒီ ၂၉ပတ်အတွင်းမှာ လည်းပဲ ကျောင်းတစ်ကျောင်း နဲ့ တစ်ကျောင်း မတူဘူး။ တချို့ဆိုရင် အချိန် ပြည့်တက် နိုင်မယ့် ကျောင်းရှိတယ်။ တချို့ကကျတော့ တစ်ပတ်ခြား တက်ရ မယ့်ကျောင်းရှိတယ်။ တချို့က ကျတော့ တစ်ပတ်ခြား နှစ်သုတ်တက် ရမှာ ရှိတယ်။ တချို့က တစ်ပတ် ကိုမှ သုံးရက် ပဲသင်ရတဲ့ အခြေအနေမျိုး ရှိတဲ့ ကျောင်းတွေ ရှိတော့ ကျွန်တော် တို့ ဆွေးနွေးထားတာက Curriculum Adjustment လုပ်ပေးပါလို့ ပြော ထားတော့ သင်ရိုးညွှန်းတမ်းညှိတဲ့အပိုင်းက တော့ အမျိုးသားသင်ရိုးညွှန်း တမ်းကော်မတီကပဲ စီစဉ်ပေးရတာပေါ့’’ဟု ဒေါက်တာတင်မောင် ဝင်းက ပြောသည်။

အတန်းအားလုံးတွင် မူလသတ်မှတ် ထားသည့် သင်ရိုးညွှန်းတမ်းများအနက် ၂၀ ရာခိုင်နှုန်းခန့်ကို ကျောင်းတွင် မသင်ကြားတော့ဘဲ အိမ်တွင် လေ့လာသည့် ပုံစံ ပြောင်းလဲရန် အကြမ်းဖျင်း လျာထားသည်ဟုလည်း ၎င်းက ဆိုသည်။အတန်းအလိုက်လျှော့ချ မည့် သင်ရိုးညွှန်းတမ်းများနှင့်ပတ် သက်၍ ယခု သီတင်းပတ် အတွင်း ကျောင်း များသို့ အခြေခံပညာဦးစီး ဌာနက ညွှန်ကြား ချက်များ ထုတ် ပြန်မည်ဖြစ်သည်။ အစိုးရ အခြေခံပညာ ကျောင်းများအပြင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများက လည်း ထိုသင်ရိုး ညွှန်းတမ်းများ အတိုင်း သင်ကြားရမည်ဟု ဒေါက်တာတင်မောင်ဝင်းက ဆိုသည်။‘ရှေ့တစ်ပတ်ထဲ ဆိုရင် တော့ ကျွန်တော်တို့ လက်ထဲ အ ကုန်လုံးရောက်လာရင် ကျောင်း တွေကို ပြန်ပြီးဖြန့်ပေးမယ်။ ဖြန့်ပေးလိုက်တဲ့ Curriculum Adjustment ပေါ် မူတည်ပြီးတော့ အစိုးရ ကျောင်းတွေရော၊ ကိုယ်ပိုင်ကျောင်းတွေ ရော၊ ဘကကျောင်းတွေရော အဲဒီအတိုင်းပဲသင်ရမှာ’’ဟု ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

အခြေခံပညာအထက်တန်း အဆင့် အတန်းနှစ်တန်း ကို ဇူလိုင်၂၁ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး Social Distancing (ခပ်ခွာခွာနေထိုင်ခြင်း)လိုက်နာရန် ကျောင်းတက်ချိန်ကို ပုံစံလေးမျိုး ဖြင့် သတ်မှတ်ဖွင့်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထားသည်။တစ်သုတ်တက်ကျောင်း ၆၁၇ ကျောင်း၊ တစ်ပတ်ခြား တက်ကျောင်း ၂,၄၇၁ ကျောင်း၊ တစ် ပတ်ခြား နှစ်သုတ်တက်ကျောင်း ၂,၄၀၁ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ် သုံးရက်တက်ကျောင်း ၁၄၄ ကျောင်း၊ စုစုပေါင်း ၅,၆၃၃ ကျောင်းတွင် အထက်တန်းအဆင့် အတန်းနှစ်တန်းကို ဇူလိုင် ၂၁ ရက်တွင် စဖွင့်မည်ဖြစ်သည်။ အထက်တန်းအဆင့် အ တန်းများ ပြန်ဖွင့်သည့်အခြေအ နေကို သုံးသပ်ကာ အခြားအတန်း များ ဆက်ဖွင့်ရန် အဆင်ပြေပါက အထက်တန်းအဆင့် ဖွင့်လှစ်အ ပြီး နှစ်ပတ်အကြာ (သြဂုတ် ဒုတိယပတ်)တွင် အလယ်တန်း အဆင့်အတန်းများ ဖွင့်မည်ဖြစ် သည်။ အလယ်တန်းအဆင့် အ တန်းများ ဖွင့်သည့်အခြေအနေ ကောင်းမွန်ပါက နောက်တစ်ပတ် အကြာ (သြဂုတ်တတိယပတ်)တွင် မူလတန်းအဆင့်အတန်းများ ဆက်ဖွင့်ရန် ပညာရေးဝန်ကြီးဌာန က စီစဉ်ထားသည်။

Credit 7 Days

Zawgyi

ေက်ာင္းဖြင့္ခ်ိန္ ေနာက္က် ၍ ယခု ၂၀၂၀-၂၁ ပညာသင္ႏွစ္တြင္ အေျခခံပညာ အတန္း အားလုံး၏ သင္႐ိုးမ်ားကို ေလွ်ာ့ခ် မည္ဟု အေျခခံပညာဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာသည္။COVID-19 ေၾကာင့္ အေျခ ခံပညာေက်ာင္းမ်ား ဖြင့္လွစ္ခ်ိန္ ေနာက္က် သျဖင့္ အတန္းမ်ား၏ သင္႐ိုးၫႊန္းတမ္း မ်ားကို မူလ သတ္မွတ္ထားသည့္အတိုင္း သင္ၾကားရန္ စာသင္ခ်ိန္ မလုံ ေလာက္သျဖင့္ သင္႐ိုးမ်ား ေလွ်ာ့ခ်ရန္ အမ်ိဳးသား သင္႐ိုးၫႊန္းတမ္းေကာ္ မတီက ေဆာင္႐ြက္ေနၿပီျဖစ္ ေၾကာင္း ၎က ဆိုသည္။

‘‘သင္႐ိုးေဟာင္း၊ သင္႐ိုးသစ္ အကုန္လုံးကို သင္႐ိုးေတြ ေလွ်ာ့ဖို႔ ရွိမယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အထက္တန္းဆင့္ေတာင္မွ ပုံမွန္ထက္ ၅၁ ရက္ ေနာက္က်ၿပီး မွ ဖြင့္ရတာ။ ၅၁ ရက္ ေနာက္က်ၿပီးမွ ဖြင့္ရတဲ့ အတြက္ စာသင္ပတ္က ၂၉ ပတ္ပဲရွိေတာ့မယ္။ အဲဒီ ၂၉ပတ္အတြင္းမွာ လည္းပဲ ေက်ာင္းတစ္ေက်ာင္း နဲ႔ တစ္ေက်ာင္း မတူဘူး။ တခ်ိဳ႕ဆိုရင္ အခ်ိန္ ျပည့္တက္ ႏိုင္မယ့္ ေက်ာင္းရွိတယ္။ တခ်ိဳ႕ကက်ေတာ့ တစ္ပတ္ျခား တက္ရ မယ့္ေက်ာင္းရွိတယ္။ တခ်ိဳ႕က က်ေတာ့ တစ္ပတ္ျခား ႏွစ္သုတ္တက္ ရမွာ ရွိတယ္။ တခ်ိဳ႕က တစ္ပတ္ ကိုမွ သုံးရက္ ပဲသင္ရတဲ့ အေျခအေနမ်ိဳး ရွိတဲ့ ေက်ာင္းေတြ ရွိေတာ့ ကြၽန္ေတာ္ တို႔ ေဆြးေႏြးထားတာက Curriculum Adjustment လုပ္ေပးပါလို႔ ေျပာ ထားေတာ့ သင္႐ိုးၫႊန္းတမ္းညႇိတဲ့အပိုင္းက ေတာ့ အမ်ိဳးသားသင္႐ိုးၫႊန္း တမ္းေကာ္မတီကပဲ စီစဥ္ေပးရတာေပါ့’’ဟု ေဒါက္တာတင္ေမာင္ ဝင္းက ေျပာသည္။

အတန္းအားလုံးတြင္ မူလသတ္မွတ္ ထားသည့္ သင္႐ိုးၫႊန္းတမ္းမ်ားအနက္ ၂၀ ရာခိုင္ႏႈန္းခန႔္ကို ေက်ာင္းတြင္ မသင္ၾကားေတာ့ဘဲ အိမ္တြင္ ေလ့လာသည့္ ပုံစံ ေျပာင္းလဲရန္ အၾကမ္းဖ်င္း လ်ာထားသည္ဟုလည္း ၎က ဆိုသည္။အတန္းအလိုက္ေလွ်ာ့ခ် မည့္ သင္႐ိုးၫႊန္းတမ္းမ်ားႏွင့္ပတ္ သက္၍ ယခု သီတင္းပတ္ အတြင္း ေက်ာင္း မ်ားသို႔ အေျခခံပညာဦးစီး ဌာနက ၫႊန္ၾကား ခ်က္မ်ား ထုတ္ ျပန္မည္ျဖစ္သည္။ အစိုးရ အေျခခံပညာ ေက်ာင္းမ်ားအျပင္ ပုဂၢလိကကိုယ္ပိုင္ေက်ာင္းမ်ား၊ ဘုန္းေတာ္ႀကီး သင္ပညာေရး ေက်ာင္းမ်ားက လည္း ထိုသင္႐ိုး ၫႊန္းတမ္းမ်ား အတိုင္း သင္ၾကားရမည္ဟု ေဒါက္တာတင္ေမာင္ဝင္းက ဆိုသည္။‘ေရွ႕တစ္ပတ္ထဲ ဆိုရင္ ေတာ့ ကြၽန္ေတာ္တို႔ လက္ထဲ အ ကုန္လုံးေရာက္လာရင္ ေက်ာင္း ေတြကို ျပန္ၿပီးျဖန႔္ေပးမယ္။ ျဖန႔္ေပးလိုက္တဲ့ Curriculum Adjustment ေပၚ မူတည္ၿပီးေတာ့ အစိုးရ ေက်ာင္းေတြေရာ၊ ကိုယ္ပိုင္ေက်ာင္းေတြ ေရာ၊ ဘကေက်ာင္းေတြေရာ အဲဒီအတိုင္းပဲသင္ရမွာ’’ဟု ေဒါက္တာတင္ေမာင္ဝင္းက ေျပာသည္။

အေျခခံပညာအထက္တန္း အဆင့္ အတန္းႏွစ္တန္း ကို ဇူလိုင္၂၁ ရက္တြင္ စတင္ဖြင့္လွစ္မည္ ျဖစ္ၿပီး Social Distancing (ခပ္ခြာခြာေနထိုင္ျခင္း)လိုက္နာရန္ ေက်ာင္းတက္ခ်ိန္ကို ပုံစံေလးမ်ိဳး ျဖင့္ သတ္မွတ္ဖြင့္ရန္ ပညာေရးဝန္ႀကီးဌာနက စီစဥ္ထားသည္။တစ္သုတ္တက္ေက်ာင္း ၆၁၇ ေက်ာင္း၊ တစ္ပတ္ျခား တက္ေက်ာင္း ၂,၄၇၁ ေက်ာင္း၊ တစ္ ပတ္ျခား ႏွစ္သုတ္တက္ေက်ာင္း ၂,၄၀၁ ေက်ာင္း၊ တစ္ပတ္ျခား ႏွစ္သုတ္ သုံးရက္တက္ေက်ာင္း ၁၄၄ ေက်ာင္း၊ စုစုေပါင္း ၅,၆၃၃ ေက်ာင္းတြင္ အထက္တန္းအဆင့္ အတန္းႏွစ္တန္းကို ဇူလိုင္ ၂၁ ရက္တြင္ စဖြင့္မည္ျဖစ္သည္။ အထက္တန္းအဆင့္ အ တန္းမ်ား ျပန္ဖြင့္သည့္အေျခအ ေနကို သုံးသပ္ကာ အျခားအတန္း မ်ား ဆက္ဖြင့္ရန္ အဆင္ေျပပါက အထက္တန္းအဆင့္ ဖြင့္လွစ္အ ၿပီး ႏွစ္ပတ္အၾကာ (ၾသဂုတ္ ဒုတိယပတ္)တြင္ အလယ္တန္း အဆင့္အတန္းမ်ား ဖြင့္မည္ျဖစ္ သည္။ အလယ္တန္းအဆင့္ အ တန္းမ်ား ဖြင့္သည့္အေျခအေန ေကာင္းမြန္ပါက ေနာက္တစ္ပတ္ အၾကာ (ၾသဂုတ္တတိယပတ္)တြင္ မူလတန္းအဆင့္အတန္းမ်ား ဆက္ဖြင့္ရန္ ပညာေရးဝန္ႀကီးဌာန က စီစဥ္ထားသည္။

Credit 7 Days

About the author

Aung Lay

Leave a Comment