Knowledge

ကျောင်းဆောက် နှင့် ဘုရားတည် ဘယ်ဟာ အကျိုးပို ပါသလဲ?

Written by Aung Lay

သံဃာကိုကျောင်းဆောက်လှူတာနဲ့စေတီတည်တာ ဘယ်ဟာပို အကျိုးများလဲ

စေတီတစ်ဆူတည်ပြီးတော့ ဘုရား ကိုးကွယ်မယ်ဆိုလို့ရှိရင် မြတ်စွာဘုရားကိုအာရုံပြုလို့ ဗုဒ္ဓပူဇာတော့ဖြစ်ပါတယ်..

ကျောင်းတစ်ကျောင်းဆောက်ပြီးတော့ လှူလိုက်တာ လောက် ဒီသာသနာတော်အတွက် အကျိုးဖြစ်ထွန်းမှုရှိမရှိ စဉ်းစားပြီးတော့ကြည့်ကြရအောင်..

စေတီလှူတယ် ဟုတ်ပြီလမ်းသွားလမ်းလာ ပုဂ္ဂိုလ်တွေ ဘုရားကိုရှိခိုးမယ် လက်အုပ်ချီကြတယ် ကုသိုလ်ရကြမယ် မှန်တယ် ဒီလောက်ပဲ..

စေတီတည်တဲ့ပုဂ္ဂိုလ်ဟာလည်း ဘုရားကို အာရုံပြုပြီးတော့ကုသိုလ်တွေရမယ် ဟုတ်တယ် အဲလောက်ပဲရမယ်..

ကျောင်းတစ်ဆောင်ဆောက်လှူလို့ရှိရင် ဘုရားကို ပူဇော်ပြီးသားလည်းဖြစ်မယ်တရားကိုပူဇော်ပြီးသားလည်းဖြစ်မယ်သံဃာကိုပူဇော်ပြီးသားလည်းဖြစ်မယ်

ရတနာသုံးပါးလုံးပူဇော်ပြီးဖြစ်ရုံမျှမက သာသနာတော်အဓွန့်ရှည်ကြာဖို့ မိမိပြုလုပ်လိုက်တဲ့ကုသိုလ်ဟာ တစ်ထောင့်တစ်နေရာကနေပြီးတော့ အကျိုးပြုနေတာဖြစ်တယ်..

အင်မတန်မှတန်ဖိုးရှိတဲ့ကုသိုလ်လို့စိတ်ထဲမှာဝမ်းသာနေရမယ်..

”ဘုရားထက်မြတ်တယ်”လို့ ပြောတာမဟုတ်ဘူးနော် စဉ်းစားပြီးတော့ကြည့်အကျိုးဖြစ်တာကိုပြောတာနော်..

မြတ်စွာဘုရားက စေတီတည်ပြီးတော့ကိုးကွယ်တာကို ကုသိုလ်မရဘူးလို့ ပြောတာမဟုတ်ဘူး ရတယ်ဘုရားကိုပူဇော်တာမကောင်းဘူးပြောတာမဟုတ်ဘူး ကောင်းတယ်အကျိုးကိုတွက်ကြည့်လိုက်

ကျောင်းဆောက်လိုက်ရင်ဘုရားပါတယ် အဲဒီထဲမှာနော်ဘုရားရုပ်ပွားတော်ထည့်သွင်းပူဇော်ထားတယ်

ဗုဒ္ဓပူဇာ သံဃာတွေသီတင်းသုံးနေတဲ့အတွက်ကြောင့် ထိုသံဃာတွေ သင်ကြားနေတဲ့တရား ဓမ်မပူဇာသံဃာတွေကိုပူဇော်ခြင်းဆိုတဲ့သံဃာ့ပူဇာ

စေတီကိုတည်ထားကိုးကွယ်မယ်ဆိုရင်ဗုဒ္ဓပူဇာတစ်ခုပဲရနိုင်တယ် ဓမ္မပူဇာမရနိုင်ဘူး သံဃာ့ပူဇာမရနိုင်ဘူးဘာပြုလို့တုန်းဆို စေတိယစေတီကအာရုံပြုလို့ရတာတစ်ခုပဲရှိတယ်

အခုလို စာပေကျမ်းဂန်တွေအကြောင်းပြုပြီးတော့ သံဃာတွေ သီတင်းသုံးလို့ရတာမဟုတ်ဘူး

အဲဒါကြောင့်မို့ ကျောင်းဆောက်ပြီးတော့လှူရတာဟာသာသနာတော် အတွက် အင်မတန်မှအကျိုးဖြစ်တယ် ဒီလိုမှတ်ရမယ်နော်..

မြတ်စွာဘုရားကိုယ်တိုင်ကိုကဝေလာမသုတ္တန်မှာသံဃာကိုကျောင်းဆောက် လှူဒါန်းတာဟာ ပိုကောင်းတယ် ဆွမ်း သင်္ကန်း ကျောင်း ဆေး ဆိုတဲ့အလှူဟာ ပိုကောင်းတယ်တဲ့နော်

ဘာပြုလို့လဲဆိုရင် အခုပြောတဲ့အတိုင်းပဲကျောင်းဆောက် လိုက်သဖြင့် ဗုဒ္ဓပူဇာဖြစ်တယ်တရားဓမ္မတွေသင်ယူပို့ချနေသည့်အတွက်ကြောင့် ဓမ္မပူဇာလည်းဖြစ်တယ်

သံဃာတွေသီတင်းသုံးနေသည့်အတွက်ကြောင့် သံဃာ့ပူဇာလည်း ဖြစ်တယ် ဒါတင်လားလို့ဆိုတော့ မကဘူး

သံဃာတွေကအဲဒီကျောင်းမှာ သီတင်းသုံးပြီးတော့(Generation to Generation) မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းပြီးတော့ဘုရားရဲ့တရားတော်တွေကို သင်ကြားပို့ချပေးလိုက်လို့

နောက်တစ်ဆက်က ထပ်ပြီးတော့ သင်ကြားပို့ချပေးမယ်ဆိုရင် မြတ်စွာဘုရား ရဲ့တရားတော်တွေကို လက်ဆင့်ကမ်းပြီးသင်ယူသွားတာပဲ..

ရှေးတုန်းကလည်း ဒီစနစ်နဲ့ သင်ယူလာလို့ ခု (၂၆၀၀)ထိအောင်တရားတွေ မပျောက်မပျက်တာ..

အကယ်၍ မသင်ပဲနေမယ်ဆို လို့ရှိရင် ပျောက်သွားတာကြာလှပြီ ဘယ်သူမှ အဓိပ္ပါယ်မဖော်နိုင်တော့ဘူး အဲတော့

သာသနာရှည်ကြာဖို့အတွက် တို့လုပ်ထားတဲ့ အလုပ်ဟာ အင်မတန်မှ အကျိုးဖြစ်တယ်လို့ မှတ်ရမယ်..။

ပါမောက္ခချုပ် ဆရာတော်ကြီး

စေတနာမေတ္တာအရင်းခံဖြင့်မျှဝေပူဇော်ပါသည်။

Ohmarshin

ဓမ္မရေချမ်းစင်

Zawgyi

သံဃာကိုေက်ာင္းေဆာက္လႉတာနဲ႔ေစတီတည္တာ ဘယ္ဟာပို အက်ိဳးမ်ားလဲ

ေစတီတစ္ဆူတည္ၿပီးေတာ့ ဘုရား ကိုးကြယ္မယ္ဆိုလို႔ရွိရင္ ျမတ္စြာဘုရားကိုအာ႐ုံျပဳလို႔ ဗုဒၶပူဇာေတာ့ျဖစ္ပါတယ္..

ေက်ာင္းတစ္ေက်ာင္းေဆာက္ၿပီးေတာ့ လႉလိုက္တာ ေလာက္ ဒီသာသနာေတာ္အတြက္ အက်ိဳးျဖစ္ထြန္းမႈရွိမရွိ စဥ္းစားၿပီးေတာ့ၾကည့္ၾကရေအာင္..

ေစတီလႉတယ္ ဟုတ္ၿပီလမ္းသြားလမ္းလာ ပုဂၢိဳလ္ေတြ ဘုရားကိုရွိခိုးမယ္ လက္အုပ္ခ်ီၾကတယ္ ကုသိုလ္ရၾကမယ္ မွန္တယ္ ဒီေလာက္ပဲ..

ေစတီတည္တဲ့ပုဂၢိဳလ္ဟာလည္း ဘုရားကို အာ႐ုံျပဳၿပီးေတာ့ကုသိုလ္ေတြရမယ္ ဟုတ္တယ္ အဲေလာက္ပဲရမယ္..

ေက်ာင္းတစ္ေဆာင္ေဆာက္လႉလို႔ရွိရင္ ဘုရားကို ပူေဇာ္ၿပီးသားလည္းျဖစ္မယ္တရားကိုပူေဇာ္ၿပီးသားလည္းျဖစ္မယ္သံဃာကိုပူေဇာ္ၿပီးသားလည္းျဖစ္မယ္

ရတနာသုံးပါးလုံးပူေဇာ္ၿပီးျဖစ္႐ုံမွ်မက သာသနာေတာ္အဓြန႔္ရွည္ၾကာဖို႔ မိမိျပဳလုပ္လိုက္တဲ့ကုသိုလ္ဟာ တစ္ေထာင့္တစ္ေနရာကေနၿပီးေတာ့ အက်ိဳးျပဳေနတာျဖစ္တယ္..

အင္မတန္မွတန္ဖိုးရွိတဲ့ကုသိုလ္လို႔စိတ္ထဲမွာဝမ္းသာေနရမယ္..

”ဘုရားထက္ျမတ္တယ္”လို႔ ေျပာတာမဟုတ္ဘူးေနာ္ စဥ္းစားၿပီးေတာ့ၾကည့္အက်ိဳးျဖစ္တာကိုေျပာတာေနာ္..

ျမတ္စြာဘုရားက ေစတီတည္ၿပီးေတာ့ကိုးကြယ္တာကို ကုသိုလ္မရဘူးလို႔ ေျပာတာမဟုတ္ဘူး ရတယ္ဘုရားကိုပူေဇာ္တာမေကာင္းဘူးေျပာတာမဟုတ္ဘူး ေကာင္းတယ္အက်ိဳးကိုတြက္ၾကည့္လိုက္

ေက်ာင္းေဆာက္လိုက္ရင္ဘုရားပါတယ္ အဲဒီထဲမွာေနာ္ဘုရား႐ုပ္ပြားေတာ္ထည့္သြင္းပူေဇာ္ထားတယ္

ဗုဒၶပူဇာ သံဃာေတြသီတင္းသုံးေနတဲ့အတြက္ေၾကာင့္ ထိုသံဃာေတြ သင္ၾကားေနတဲ့တရား ဓမ္မပူဇာသံဃာေတြကိုပူေဇာ္ျခင္းဆိုတဲ့သံဃာ့ပူဇာ

ေစတီကိုတည္ထားကိုးကြယ္မယ္ဆိုရင္ဗုဒၶပူဇာတစ္ခုပဲရႏိုင္တယ္ ဓမၼပူဇာမရႏိုင္ဘူး သံဃာ့ပူဇာမရႏိုင္ဘူးဘာျပဳလို႔တုန္းဆို ေစတိယေစတီကအာ႐ုံျပဳလို႔ရတာတစ္ခုပဲရွိတယ္

အခုလို စာေပက်မ္းဂန္ေတြအေၾကာင္းျပဳၿပီးေတာ့ သံဃာေတြ သီတင္းသုံးလို႔ရတာမဟုတ္ဘူး

အဲဒါေၾကာင့္မို႔ ေက်ာင္းေဆာက္ၿပီးေတာ့လႉရတာဟာသာသနာေတာ္ အတြက္ အင္မတန္မွအက်ိဳးျဖစ္တယ္ ဒီလိုမွတ္ရမယ္ေနာ္..

ျမတ္စြာဘုရားကိုယ္တိုင္ကိုကေဝလာမသုတၱန္မွာသံဃာကိုေက်ာင္းေဆာက္ လႉဒါန္းတာဟာ ပိုေကာင္းတယ္ ဆြမ္း သကၤန္း ေက်ာင္း ေဆး ဆိုတဲ့အလႉဟာ ပိုေကာင္းတယ္တဲ့ေနာ္

ဘာျပဳလို႔လဲဆိုရင္ အခုေျပာတဲ့အတိုင္းပဲေက်ာင္းေဆာက္ လိုက္သျဖင့္ ဗုဒၶပူဇာျဖစ္တယ္တရားဓမၼေတြသင္ယူပို႔ခ်ေနသည့္အတြက္ေၾကာင့္ ဓမၼပူဇာလည္းျဖစ္တယ္

သံဃာေတြသီတင္းသုံးေနသည့္အတြက္ေၾကာင့္ သံဃာ့ပူဇာလည္း ျဖစ္တယ္ ဒါတင္လားလို႔ဆိုေတာ့ မကဘူး

သံဃာေတြကအဲဒီေက်ာင္းမွာ သီတင္းသုံးၿပီးေတာ့(Generation to Generation) မ်ိဳးဆက္သစ္ေတြကိုလက္ဆင့္ကမ္းၿပီးေတာ့ဘုရားရဲ႕တရားေတာ္ေတြကို သင္ၾကားပို႔ခ်ေပးလိုက္လို႔

ေနာက္တစ္ဆက္က ထပ္ၿပီးေတာ့ သင္ၾကားပို႔ခ်ေပးမယ္ဆိုရင္ ျမတ္စြာဘုရား ရဲ႕တရားေတာ္ေတြကို လက္ဆင့္ကမ္းၿပီးသင္ယူသြားတာပဲ..

ေရွးတုန္းကလည္း ဒီစနစ္နဲ႔ သင္ယူလာလို႔ ခု (၂၆၀၀)ထိေအာင္တရားေတြ မေပ်ာက္မပ်က္တာ..

အကယ္၍ မသင္ပဲေနမယ္ဆို လို႔ရွိရင္ ေပ်ာက္သြားတာၾကာလွၿပီ ဘယ္သူမွ အဓိပၸါယ္မေဖာ္ႏိုင္ေတာ့ဘူး အဲေတာ့

သာသနာရွည္ၾကာဖို႔အတြက္ တို႔လုပ္ထားတဲ့ အလုပ္ဟာ အင္မတန္မွ အက်ိဳးျဖစ္တယ္လို႔ မွတ္ရမယ္..။

ပါေမာကၡခ်ဳပ္ ဆရာေတာ္ႀကီး

ေစတနာေမတၱာအရင္းခံျဖင့္မွ်ေဝပူေဇာ္ပါသည္။

Ohmarshin

ဓမၼေရခ်မ္းစင္

About the author

Aung Lay

Leave a Comment