Cele News

” လူတစ်ယောက်ကို ခင်မင်ရင်းနှီးပတ်သက်မယ်ဆိုရင် စိတ်ဓါတ်၊ အတွေးအခေါ်၊ ခံယူချက်၊ အမြင် တွေကို ကြည့်ပြီးမှ ပတ်သက်တယ်ဆိုတဲ့ ပန်ကိတ်ဒါဒါ”

Written by Aung Lay

ပရိသတ်ကြီးရေပန်ကိတ်ဒါဒါကတော့သြစတျေးလျနိုင်ငံမှာ ပညာသင်ကာ Masterဘွဲ့ ကို ရရှိထားတဲ့ ဆယ်လီတစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာရှင်မဟုတ်ပေမယ့် Beauty ဘလော့ဂါအဖြစ် သူမရဲ့ဝါသနာအရအလှအပရေးရာဆိုင်ရာတွေကို ဝေမျှလေ့ရှိတဲ့အပြင် ခွန်အားရှိစေတဲ့စာလေးတွေ အတွေးအခေါ်လေးတွေကိုလည်း ပရိသတ်တွေကို ချပြလေ့ရှိသူတစ်ဦးပါ။

သူမရဲ့အတွေးအခေါ်လေးတွေနဲ့အလှအပရေးရာဆိုင်ရာတွေ ဝေမျှမှုကြောင့် မိန်းကလေးပရိသတ်တော်တော်များ သဘောကျဝန်းရံခံရတဲ့သူတစ်ယောက်ပါ။သူမချစ်သူဟောင်းနဲ့ လမ်းခွဲပြတ်စဲပြီးနောက်မှာလည်း အခုချိန်ထိတစ်ယောက်ထဲ Singleအဖြစ်နဲ့ နေထိုင်ကာ မြန်မာပြည်ကိုပြန်လာတဲ့အချိန်တွေမှာလည်း ကြော်ငြာတွေပါရိုက်ကူးလျက်ရှိနေပါပြီနော်။

ဒီနေ့မှာတော့ ” လူတစ်ယောက်ရဲ့ ဘဝက အဲ့ဒီလူရဲ့ စိတ် နဲ့ပဲ ထုဆစ် ထားတယ် လို့ပြောရင် အားလုံးရဲ့ အဖြေက”ဆိုပြီးမေးခွန်းထုတ်ခဲ့ကာ သူမရဲ့အဖြေကို ပိုစ့်အောက်မှာမှတ်ချက်ပေးခဲ့တာပါ။” ဒါဒါက ၁၀၀ လောက်လက်ခံတယ်။ ဘာလို့ဆိုရင် အဲ့လူရဲ့စိတ် (စိတ်ဓါတ်၊ အတွေးအခေါ်၊ ခံယူချက်၊ အမြင်) တွေက အရမ်းစကားပြောတယ်ဒါဒါ့အနေနဲ့က လူတစ်ယောက်ကို ခင်မင်ရင်းနှီးပါတ်သက်မယ်ဆိုရင်..”ဆိုပြီးသူမရဲ့ခံယူချက်ကို ပြော ပြခဲ့တာပါ။သူမရဲ့အတွေးကို လက်ခံကာ ထောက်ခံတဲ့သူတွေလည်းရှိပါတယ်။ပရိသတ်ကြီးလည်း ပန်ကိတ်ရဲ့ အတွေးချင်းတူရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: YaMinOo




Source: YaMinOo

About the author

Aung Lay

Leave a Comment