ကိုဗစ် ကာလ ပြည့်တန်ဆာလုပ်ငန်းလု ပ်သည့် လက်ပံတန်း က သုံးပန်လှ KTV ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ေ ရာက်ဖမ်းဆီး
ကို ဗစ်-၁၉ ရောဂါကပ်ဘေးကာလမှာ ပြည့်တန်ဆာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က သုံးပန်လှ KTV နဲ့ စားသောက်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး အရေးယူလိုက်ပါတယ်။လက်ပံတန်းမြို့နယ် ရန်ကုန်- ပြည်ကားလမ်းဘေးမှာဖွင့်လှစ်ထားတဲ့ သုံးပန်လှ KTV နဲ့ စားသောက်ဆိုင်ကို ဇွန်လ ၂၃ ရက်ညပိုင်းက ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနနဲ့ လက်ပံတန်းရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ရာမှ ပြည့်တန်ဆာလုပ်ကိုင်သူ ၆ ဦး၊ စေခိုင်းသူ ဆိုင်ပိုင်ရှင် အမျိုးသမီး ၁ ဦး၊ KTV လုပ်ငန်းလုပ်ကိုင်နေသူ ၁၆ ဦး၊ စုစုပေါင်း ၂၃ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
လက်ပံတန်းမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးမျိုးညွန့်က “ညက ကျနော်တို့ ဝင်ရောက် ရှာဖွေ ဖမ်းဆီးတဲ့အခါ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေတဲ့ မိန်းကလေး ၆ ယောက်နဲ့ ခိုင်းစေတဲ့ ဆိုင်ပိုင်ရှင်အမျိုးသမီးရယ်၊ နောက် KTV လုပ်ငန်းမှာ လုပ်ကိုင်တဲ့ အမျိုးသမီး ၁၆ ယောက်ရယ်ကို ဖမ်းဆီးခဲ့ပါတယ်။ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူတွေကိုတော့ ပြည့်တန်ဆာဥပဒေနဲ့ အရေးယူဖို့ လုပ်နေပြီး၊ KTV လုပ်ငန်းလုပ်နေတယ်ဆိုတဲ့ လူတွေကိုတော့ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာတာကြောင့် သူတို့ကို အဲ့ဒီဥပဒေနဲ့ အရေးယူမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။သုံးပန်လှ KTV နဲ့ စားသောက်ဆိုင်က စုစုပေါင်း ၂၃ ဦးကို ဖမ်းဆီးထားခဲ့ပြီး ဆိုင်ရှင် မယုမွန်ကျော် (၃၅) နှစ်နဲ့ ပြည့်တန်ဆာအဖြစ်လုပ်ကိုင်နေသူ အမျိုးသမီးငယ် ၆ ဦး တို့ကို ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်း သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာကြောင့် လက်ပံတန်းရဲစခန်းမှူး ဒုရဲမှူးမျိုးညွန့်က တရားလိုပြုလုပ်ကာ ပြည့်တန်ဆာနှိမ်နင်းရေး အက်ဥပဒေပုဒ်မ ၅(၁)/၈(ဂ)/၃(က) နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေနဲ့ တော့ ကူးစက်ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားခဲ့သော စည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်ခဲ့တဲ့ သုံးပန်လှ KTV နဲ့ စားသောက်ဆိုင် ပိုင်ရှင် ဦးသန်းထွဋ်ဦးနဲ့ ၂၃ ယောက်ကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းက တရားလိုပြုလုပ်တရားစွဲထားပါတယ်။ဒီအမှုကို လက်ပံတန်းမြို့နယ်တရားရုံး မြို့နယ်တရားသူကြီး ဒေါ်သန့်သန့်သင်းက ရာဇဝတ်ကြီးအမှုအမှတ် ၅၇၆ နဲ့ အမှုဖွင့်လှစ်ခဲ့ကာ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ ၁၅ အရ ငွေဒဏ် ကျပ် ၅၀၀၀ စီ ပေးဆောင်စေဖို့ အမိန့်ချမှတ်လိုက်တယ်လို့ လက်ပံတန်းမြို့နယ် တရားရုံးက သိရပါတယ်။
Zawgyi
ကိုဗစ္ ကာလ ျပည့္တန္ဆာလုပ္ငန္းလု ပ္သည့္ လက္ပံတန္း က သုံးပန္လွ KTV ဆိုင္ကို ရဲတပ္ဖြဲ႕က ဝင္ေ ရာက္ဖမ္းဆီး
ကို ဗစ္-၁၉ ေရာဂါကပ္ေဘးကာလမွာ ျပည့္တန္ဆာလုပ္ငန္းေတြ လုပ္ကိုင္ေနတဲ့ ပဲခူးတိုင္းေဒသႀကီး၊ သာယာဝတီခရိုင္၊ လက္ပံတန္းၿမိဳ႕နယ္က သုံးပန္လွ KTV နဲ႔ စားေသာက္ဆိုင္ကို ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီး အေရးယူလိုက္ပါတယ္။လက္ပံတန္းၿမိဳ႕နယ္ ရန္ကုန္- ျပည္ကားလမ္းေဘးမွာဖြင့္လွစ္ထားတဲ့ သုံးပန္လွ KTV နဲ႔ စားေသာက္ဆိုင္ကို ဇြန္လ ၂၃ ရက္ညပိုင္းက ပဲခူးတိုင္းရဲတပ္ဖြဲ႕မႉး႐ုံး မႈခင္းအကူဌာနနဲ႔ လက္ပံတန္းရဲတပ္ဖြဲ႕ဝင္ေတြက ဝင္ေရာက္ဖမ္းဆီးခဲ့ရာမွ ျပည့္တန္ဆာလုပ္ကိုင္သူ ၆ ဦး၊ ေစခိုင္းသူ ဆိုင္ပိုင္ရွင္ အမ်ိဳးသမီး ၁ ဦး၊ KTV လုပ္ငန္းလုပ္ကိုင္ေနသူ ၁၆ ဦး၊ စုစုေပါင္း ၂၃ ဦးကို ဖမ္းဆီးရမိခဲ့ပါတယ္။
လက္ပံတန္းၿမိဳ႕မရဲစခန္းမွ စခန္းမႉးဒုရဲမႉးမ်ိဳးညြန႔္က “ညက က်ေနာ္တို႔ ဝင္ေရာက္ ရွာေဖြ ဖမ္းဆီးတဲ့အခါ ျပည့္တန္ဆာလုပ္ငန္းလုပ္ကိုင္ေနတဲ့ မိန္းကေလး ၆ ေယာက္နဲ႔ ခိုင္းေစတဲ့ ဆိုင္ပိုင္ရွင္အမ်ိဳးသမီးရယ္၊ ေနာက္ KTV လုပ္ငန္းမွာ လုပ္ကိုင္တဲ့ အမ်ိဳးသမီး ၁၆ ေယာက္ရယ္ကို ဖမ္းဆီးခဲ့ပါတယ္။ ျပည့္တန္ဆာလုပ္ငန္းလုပ္ကိုင္သူေတြကိုေတာ့ ျပည့္တန္ဆာဥပေဒနဲ႔ အေရးယူဖို႔ လုပ္ေနၿပီး၊ KTV လုပ္ငန္းလုပ္ေနတယ္ဆိုတဲ့ လူေတြကိုေတာ့ ကိုဗစ္-၁၉ ကူးစက္ေရာဂါကာကြယ္ေရးအတြက္ ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကို မလိုက္နာတာေၾကာင့္ သူတို႔ကို အဲ့ဒီဥပေဒနဲ႔ အေရးယူမွာျဖစ္ပါတယ္” လို႔ ေျပာပါတယ္။သုံးပန္လွ KTV နဲ႔ စားေသာက္ဆိုင္က စုစုေပါင္း ၂၃ ဦးကို ဖမ္းဆီးထားခဲ့ၿပီး ဆိုင္ရွင္ မယုမြန္ေက်ာ္ (၃၅) ႏွစ္နဲ႔ ျပည့္တန္ဆာအျဖစ္လုပ္ကိုင္ေနသူ အမ်ိဳးသမီးငယ္ ၆ ဦး တို႔ကို ျပည့္တန္ဆာလုပ္ငန္း လုပ္ကိုင္ေနေၾကာင္း သက္ေသခံပစၥည္းေတြနဲ႔အတူ ဖမ္းဆီးရမိခဲ့တာေၾကာင့္ လက္ပံတန္းရဲစခန္းမႉး ဒုရဲမႉးမ်ိဳးညြန႔္က တရားလိုျပဳလုပ္ကာ ျပည့္တန္ဆာႏွိမ္နင္းေရး အက္ဥပေဒပုဒ္မ ၅(၁)/၈(ဂ)/၃(က) နဲ႔ အမႈဖြင့္အေရးယူထားပါတယ္။
ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီအေနနဲ႔ ေတာ့ ကူးစက္ေရာဂါကာကြယ္ေရးအတြက္ ထုတ္ျပန္ထားခဲ့ေသာ စည္းကမ္းေတြကို ေဖာက္ဖ်က္က်ဴးလြန္ခဲ့တဲ့ သုံးပန္လွ KTV နဲ႔ စားေသာက္ဆိုင္ ပိုင္ရွင္ ဦးသန္းထြဋ္ဦးနဲ႔ ၂၃ ေယာက္ကို ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာရဲဝင္းက တရားလိုျပဳလုပ္တရားစြဲထားပါတယ္။ဒီအမႈကို လက္ပံတန္းၿမိဳ႕နယ္တရား႐ုံး ၿမိဳ႕နယ္တရားသူႀကီး ေဒၚသန႔္သန႔္သင္းက ရာဇဝတ္ႀကီးအမႈအမွတ္ ၅၇၆ နဲ႔ အမႈဖြင့္လွစ္ခဲ့ကာ ကူးစက္ေရာဂါကာကြယ္ႏွိမ္နင္းေရးဥပေဒ ၁၅ အရ ေငြဒဏ္ က်ပ္ ၅၀၀၀ စီ ေပးေဆာင္ေစဖို႔ အမိန႔္ခ်မွတ္လိုက္တယ္လို႔ လက္ပံတန္းၿမိဳ႕နယ္ တရား႐ုံးက သိရပါတယ္။