Cele News

အိမ် အကူ မိန်းကေ လး ရဲ့ မိသားစု အပေါ် စေတနာ ထား ခဲ့တာ ပါ ဆို တဲ့ မင်းရာဇာ

Written by Aung Lay

အိမ် အကူ မိန်းကေ လး ရဲ့ မိသားစု အပေါ် စေတနာ ထား ခဲ့တာ ပါ ဆို တဲ့ မင်းရာဇာ

မင်းရာဇာ ဟာ သူတစ်ပါးအပေါ် ယုတ်မာလိုတဲ့ စိတ်မရှိတာ တရားလို ကောင်မလေး ကိုယ်တိုင် သိပါတယ်လို့ ဒီနေ့ ဇွန်လ(၂၅) ရက် ရုံးချိန်းမှာ ပြောလာခဲ့ပါတယ်။ အိမ်အကူမိန်းကလေးကို ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတွေ ကြောင့် တရားစွဲဆို ခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကတော့ ဒီနေ့ ဇွန်လ(၂၅) ရက် ရုံးချိန်းကို တက်ရောက် လာခဲ့ပါတယ်။ ရုံးချိန်း အပြီးမှာတော့ မင်းရာဇာက သူ့ရင်ထဲက စကားတွေကို မီဒီယာတွေကနေ တဆင့် အခုလို ပြောခဲ့ပါတယ်။

“ကျွန်တော်တို့က အနုပညာသမား တွေပါ။ အားလုံးအထင်လွဲအောင် အဲ့ဒီလောက် အထိလည်း မရက်စက်ပါဘူးခင်ဗျာ။ ကျွန်တော်တို့တွေက သူတို့မိသားစုအပေါ်မှာ စေတနာပဲရှိခဲ့တာပါ၊ မေတ္တာတွေပဲ ထားခဲ့တာပါ။ အရာအားလုံးက သံသယကြောင့် ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကို အဲဒီလောက်အထိ ကြီးကျယ်တာ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။ဇွန်လ(၂၆) ရက်နေ့မှာလည်း ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ အမှုရင်ဆိုင်ရဖို့ရှိသေးတယ်လို့ မင်းရာဇာက ပြောပါတယ်။ သူဟာ တစ်ပါးသူအပေါ် ယုတ်မာလိုစိတ်မရှိတာ တရားလို အိမ်အကူမိန်းကလေး သိပါတယ်လို့လည်း ပြောခဲ့ပြန်ပါသေးတယ်။

“ပြီးခဲ့တဲ တစ်ပတ်ကလည်း တရားလို မလာပါဘူး။ ဒါပေမယ့် ဦးရောဘတ်စန်းအောင် ပြောတာက တရားလိုဟာ မြောက်ဥက္ကလာဆေးရုံသွားတယ်လို့ပြောတယ်။ မနက်ဖြန်တော့ အရှေ့ပိုင်းခရိုင်မှာ ဘယ်လို ဖြစ်လာမလဲတော့ ကျွန်တော်လည်း မပြောပြတတ်ဘူး။ သိန်း(၁၀၀) ကိစ္စကတော့ ကျွန်တော်လည်း ထောင်ထဲ ရောက်နေတော့ ဘာမှ မသိပါဘူး။ သေချာတာ တစ်ခုကတော့ သူတစ်ပါးအပေါ် ယုတ်မာလိုတဲ့ စိတ်လုံးဝ မရှိပါဘူး။ တရားလို ကောင်မလေး ကိုယ်တိုင် သိပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

ဒီနေ့ ရုံးချိန်းမှာတော့ တရားခံတွေဖြစ်တဲ့ မင်းရာဇာ နဲ့ အပေါင်းအပါ(၂) ဦးစလုံး မြောက်ဥက္ကလာတရားရုံးသို့ လာရောက်ခဲ့ကြပါတယ်။ အိမ်အကူ အမျိုးသမီးငယ်အား အက်ဆစ်နဲ့ပက်နှိပ်စက်ခဲ့တဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေး ကို တရားရုံး ကျပ် ၁၀ သိန်းတန် အာမခံ လျှောက်ထားသူ ၂ ဦးက အာမခံရခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေး ရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် Duwun

Zawgyi

အိမ္ အကူ မိန္းကေ လး ရဲ႕ မိသားစု အေပၚ ေစတနာ ထား ခဲ့တာ ပါ ဆို တဲ့ မင္းရာဇာ

မင္းရာဇာ ဟာ သူတစ္ပါးအေပၚ ယုတ္မာလိုတဲ့ စိတ္မရွိတာ တရားလို ေကာင္မေလး ကိုယ္တိုင္ သိပါတယ္လို႔ ဒီေန႔ ဇြန္လ(၂၅) ရက္ ႐ုံးခ်ိန္းမွာ ေျပာလာခဲ့ပါတယ္။ အိမ္အကူမိန္းကေလးကို ညႇင္းပန္းႏွိပ္စက္မႈ၊ မုဒိန္းမႈေတြ ေၾကာင့္ တရားစြဲဆို ခံထားရတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာကေတာ့ ဒီေန႔ ဇြန္လ(၂၅) ရက္ ႐ုံးခ်ိန္းကို တက္ေရာက္ လာခဲ့ပါတယ္။ ႐ုံးခ်ိန္း အၿပီးမွာေတာ့ မင္းရာဇာက သူ႔ရင္ထဲက စကားေတြကို မီဒီယာေတြကေန တဆင့္ အခုလို ေျပာခဲ့ပါတယ္။

“ကြၽန္ေတာ္တို ႔က အႏုပညာသမား ေတြပါ။ အားလုံးအထင္လြဲေအာင္ အဲ့ဒီေလာက္ အထိလည္း မရက္စက္ပါဘူးခင္ဗ်ာ။ ကြၽန္ေတာ္တို႔ေတြက သူတို႔မိသားစုအေပၚမွာ ေစတနာပဲရွိခဲ့တာပါ၊ ေမတၱာေတြပဲ ထားခဲ့တာပါ။ အရာအားလုံးက သံသယေၾကာင့္ ျဖစ္ခဲ့တဲ့ ကိစၥတစ္ခုကို အဲဒီေလာက္အထိ ႀကီးက်ယ္တာ မဟုတ္ပါဘူး”လို႔ ဆိုပါတယ္။ဇြန္လ(၂၆) ရက္ေန႔မွာလည္း ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးမွာ အမႈရင္ဆိုင္ရဖို႔ရွိေသးတယ္လို႔ မင္းရာဇာက ေျပာပါတယ္။ သူဟာ တစ္ပါးသူအေပၚ ယုတ္မာလိုစိတ္မရွိတာ တရားလို အိမ္အကူမိန္းကေလး သိပါတယ္လို႔လည္း ေျပာခဲ့ျပန္ပါေသးတယ္။

“ၿပီးခဲ့တဲ တစ္ပတ္ကလည္း တရားလို မလာပါဘူး။ ဒါေပမယ့္ ဦးေရာဘတ္စန္းေအာင္ ေျပာတာက တရားလိုဟာ ေျမာက္ဥကၠလာေဆး႐ုံသြားတယ္လို႔ေျပာတယ္။ မနက္ျဖန္ေတာ့ အေရွ႕ပိုင္းခ႐ိုင္မွာ ဘယ္လို ျဖစ္လာမလဲေတာ့ ကြၽန္ေတာ္လည္း မေျပာျပတတ္ဘူး။ သိန္း(၁၀၀) ကိစၥကေတာ့ ကြၽန္ေတာ္လည္း ေထာင္ထဲ ေရာက္ေနေတာ့ ဘာမွ မသိပါဘူး။ ေသခ်ာတာ တစ္ခုကေတာ့ သူတစ္ပါးအေပၚ ယုတ္မာလိုတဲ့ စိတ္လုံးဝ မရွိပါဘူး။ တရားလို ေကာင္မေလး ကိုယ္တိုင္ သိပါတယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။

ဒီေန႔ ႐ုံးခ်ိန္းမွာေတာ့ တရားခံေတြျဖစ္တဲ့ မင္းရာဇာ နဲ႔ အေပါင္းအပါ(၂) ဦးစလုံး ေျမာက္ဥကၠလာတရား႐ုံးသို႔ လာေရာက္ခဲ့ၾကပါတယ္။ အိမ္အကူ အမ်ိဳးသမီးငယ္အား အက္ဆစ္နဲ႔ပက္ႏွိပ္စက္ခဲ့တဲ့ သ႐ုပ္ေဆာင္မင္းရာဇာ အပါအဝင္ ၄ ဦးကို ေမ ၇ ရက္ေန႔က ေျမာက္ဥကၠလာပၿမိဳ႕နယ္တရား႐ုံမွာ ပထမဆုံးအႀကိမ္ ႐ုံးထုတ္ခဲ့ တာျဖစ္ၿပီး မင္းရာဇာရဲ႕ ေယာကၡထီးျဖစ္သူအၿငိမ္းစား ရဲဝန္ထမ္း ဦးေမာင္ေမာင္ေအး ကို တရား႐ုံး က်ပ္ ၁၀ သိန္းတန္ အာမခံ ေလွ်ာက္ထားသူ ၂ ဦးက အာမခံရခဲ့ပါတယ္။ မင္းရာဇာနဲ႔ အေပါင္းအပါ (၃)ဦးကို အိမ္အကူမိန္းကေလးအား အက္စစ္နဲ႔ပက္မႈျဖင့္ မိန္းကေလး ရဲ႕ မိခင္က ေ႐ႊေပါက္ကံ ရဲစခန္းမွာ (ပ)အမွတ္ ၅၀၅၊ ပုဒ္မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို႔ျဖင့္ အမႈဖြင့္အေရးယူခဲ့တာျဖစ္ပါတယ္။

ေလးစားစြာျဖင့္ ခရစ္ဒက္ Duwun

About the author

Aung Lay

Leave a Comment