႐ုပ္ရွင္အမ်ိဳးအစားေတြ ကြဲျပားၿပီး အမ်ိဳးမ်ိဳးရွိသလိုပဲ ကိုရီးယားဒရာမာေတြမွာလည္း ထိတ္လန႔္သည္းဖို၊ စုံေထာက္၊ မႈခင္းဒရာမာ အစရွိတဲ့ အမ်ိဳးအစားေတြ အမ်ားအျပားပဲ ရွိပါတယ္။ ကိုရီးယားစီးရီးေပါင္းမ်ားစြာထဲကမွ ႐ိုမန႔္တစ္ဆန္ဆန္ေလးနဲ႔ မမနဲ႔ေမာင္ေလးၾကားက အခ်စ္အေၾကာင္းကို ရင္ခုန္ၾကည္ႏူးဖြယ္ရာ ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းတြဲေလးေတြကို မွ်ေဝေပးခ်င္ပါတယ္။ အသက္ကြာတဲ့ မမနဲ႔ေမာင္ေလးတို႔ၾကားက ခ်စ္ေမတၱာကို ႏူးညံ့သိမ္ေမြ႕စြာနဲ႔ ေဖာ္က်ဴးထားတာမို႔ အသည္းတလွပ္လွပ္ ၾကည့္ရႈရမယ္ဆိုတာ အာမခံပါတယ္။
(၁) Romance is A Bonus Book (၂၀၁၉ ထြက္)
ဒီဒရာမာေလးကေတာ့ ဇာတ္လမ္းတြဲ မ႐ိုက္ဘဲ အၾကာႀကီးနားေနၿပီးမွ ဖန္သားျပင္ေပၚ ျပန္ေရာက္လာတဲ့ မင္းသမီးေခ်ာ Lee Na Young နဲ႔ ေမာင္ေလးနဲ႔မမဇာတ္လမ္းေတြမွာ အျပတ္ေႂကြေအာင္ သ႐ုပ္ေဆာင္ျပႏိုင္တဲ့ မင္းသား Lee Jong Suk တို႔ရဲ႕ အခ်စ္႐ိုမန႔္စ္ဟာသ ဇာတ္လမ္းတြဲေလး ျဖစ္ပါတယ္။
ဒီဇာတ္လမ္းထဲမွာေတာ့ Lee Na Young က ေယာက္်ားနဲ႔ ကြာရွင္းထားတဲ့ တစ္ခုလပ္ကေလးအေမျဖစ္ၿပီး တစ္ခ်ိန္တစ္ခါက ေအာင္ျမင္ခဲ့တဲ့ စာေရးဆရာမတစ္ေယာက္ ျဖစ္ေပမယ့္ အလုပ္နားထားတာ ၾကာေနလို႔ ခြၽတ္ၿခဳံက်ေနတဲ့ အမ်ိဳးသမီး Kang Dan Yi အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ Lee Jong Suk ကေတာ့ Kang Dan Yi ရဲ႕ မိတ္ေဆြေဟာင္းတစ္ေယာက္ျဖစ္ၿပီး ပုံႏွိပ္ထုတ္ေဝတဲ့ ကုမၸဏီတစ္ခုက အငယ္ဆုံးအယ္ဒီတာ တစ္ျဖစ္လည္း နာမည္ႀကီး စာေရးဆရာ Cha Eun Ho အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။
Eun Ho ဟာ သူ႔ရဲ႕မမျဖစ္တဲ့ Dan Yi အေပၚ အၿမဲတမ္း ႏူးညံ့ၾကင္နာစြာ ဆက္ဆံတတ္သူျဖစ္ၿပီး တစ္ရက္မွာေတာ့ Eun Ho အလုပ္လုပ္ေနတဲ့ ကုမၸဏီမွာပဲ Dan Yi က အလုပ္ရသြားတဲ့အခါ ႏွစ္ဦးၾကားက ဆက္ဆံေရးေတြက ေျပာင္းလဲလာမလားဆိုတာ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ဒီစီးရီးထဲမွာ စာအုပ္ဒီဇိုင္နာ Wi Ha Joon အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Ji Seo Joon ကလည္း ဒုတိယမင္းသားကိုမွ ပိုႀကိဳက္မိတတ္တဲ့ ေရာဂါထေစဦးမွာမို႔လို႔ ၾကည့္ကိုၾကည့္သင့္ပါတယ္ေနာ္။
(၂) My Name is Kim Sam Soon (၂၀၀၅ ထြက္)
ဒီစီးရီးေလးကေတာ့ ၂၀၀၅ခုႏွစ္တည္းက ထြက္ရွိထားခဲ့တာျဖစ္ၿပီး အဲ့ဒီ့အခ်ိန္က သိပ္ကိုေအာင္ျမင္ခဲ့တဲ့ စီးရီးေလးလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ လူကလည္း ခပ္ဝဝ၊ ဘာမွလည္း မေအာင္ျမင္လို႔ အမ်ားက ဝိုင္းကဲ့ရဲ႕အထင္ေသးတာကို ခံေနရတဲ့ အပ်ိဳႀကီးမမ Sam Soon အျဖစ္ မင္းသမီး Kim Sun Ah က သ႐ုပ္ေဆာင္ထားပါတယ္။
မင္းသားဇာတ္လိုက္ေနရာမွာေတာ့ ေကာင္မေလးေတြ အသည္းစြဲ ႀကိဳက္ၾကတဲ့ ဗိုလ္ႀကီး Hyun Bin က သ႐ုပ္ေဆာင္ထားပါတယ္။ Hyun Bin ကေတာ့ Sam Soon ရဲ႕ အရွက္တကြဲ အက်ိဳးနည္း ရည္းစားနဲ႔ ျပတ္သြားတဲ့ပုံကို ျမင္ေတြ႕လိုက္ရတဲ့ အေကာင္းစား ျပင္သစ္စားေသာက္ဆိုင္ ပိုင္ရွင္သူေဌး Hyun Ji Hyun အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ေတြ႕ဆုံမႈဟာ အစတည္းက အလြဲလြဲအေခ်ာ္ေခ်ာ္ ျဖစ္ေပမယ့္ Sam Soon က Ji Hyun ဆီမွာ အလုပ္လုပ္ဖို႔ ျဖစ္လာၿပီး သူ႔ရဲ႕ခ်စ္သူမိန္းကေလးအျဖစ္ပါ ဟန္ေဆာင္ေပးရဖို႔ ျဖစ္လာတဲ့အခါမွာေတာ့ … ။
သ႐ုပ္ေဆာင္ေတြလည္း ေကာင္းသလို ႐ိုခ်က္ကလည္း အသည္းယားစရာမို႔ ေနာက္ခံဇာတ္ဝင္သီခ်င္းေလးေတြနဲ႔ ေပါင္းစပ္လိုက္တဲ့အခါ ေသခ်ာေပါက္ကို ၾကည့္သင့္တဲ့ ႐ိုမန႔္စ္ဒရာမာေလး ျဖစ္သြားပါေတာ့တယ္။ ဒါ့အျပင္ ဒီဒရာမာဟာ Rating အေကာင္းဆုံး ကိုရီးယားဒရာမာေတြထဲမွာ ပါဝင္တာမို႔ ၾကည့္ျဖစ္ေအာင္ ၾကည့္လိုက္ပါလို႔ တိုက္တြန္းလိုက္ပါတယ္။
(၃) When the Camellia Blooms (၂၀၁၉ ထြက္)
ဒီဒရာမာေလးထဲမွာေတာ့ ႐ိုမန႔္တစ္ဆန္တဲ့ ခ်စ္ေမတၱာအျပင္ ဟာသနဲ႔ လူမႈပတ္ဝန္းက်င္ၾကားက အရႈပ္အေထြးေတြကိုပါ ႐ိုက္ျပထားတာမို႔ ၾကည့္ရတာ သိပ္ကိုသဘာဝက်ေစပါလိမ့္မယ္။ ဒီဇာတ္လမ္းထဲမွာ ဘားဆိုင္ဖြင့္ထားတဲ့ တစ္ကိုယ္ေတာ္မိခင္ Dong Baek အျဖစ္ မင္းသမီး Gong Hyo Jin က သ႐ုပ္ေဆာင္ထားၿပီး ပတ္ဝန္းက်င္က ဝိုင္းဝန္းကဲ့ရဲ႕၊ အတင္းေျပာေနၾကတဲ့ ကေလးတစ္ေယာက္အေမကိုမွ ခ်စ္မိေနတဲ့ ရဲသား Hwang Yong Sik အျဖစ္ မင္းသားေခ်ာ Kang Ha Neul က သ႐ုပ္ေဆာင္ထားပါတယ္။
ဒီလိုနဲ႔ Dong Baek ရဲ႕ရည္းစားေဟာင္း နာမည္ႀကီး ေဘ့စ္ေဘာကစားသမားက ေပၚလာၿပီး ေနာက္ထပ္ ရႈပ္ေထြးတဲ့ အရာေတြ ျဖစ္လာပါေတာ့တယ္။ ဒါ့အျပင္ Dong Baek ရဲ႕ အသက္ကိုပါ ၿခိမ္းေျခာက္လာႏိုင္တဲ့ ကြင္းဆက္လူသတ္သမားတစ္ေယာက္ကပါ ပါလာတဲ့အခါမွာေတာ့ … ။
(၄) I Can Hear Your Voice (၂၀၁၃ ထြက္)
ဒီစီးရီးေလးကေတာ့ Lee Jong Suk ရဲ႕ ေနာက္ထပ္ ေမာင္ေလး၊မမ ဇာတ္လမ္း ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Park Soo Ha ဆိုတဲ့ေကာင္ေလးဟာ ခပ္ငယ္ငယ္ ကေလးဘဝမွာ မ်က္စိေရွ႕မွာတင္ အေဖျဖစ္သူ အသတ္ခံရတာကို ျမင္ေတြ႕လိုက္ရၿပီးေနာက္ ထူးျခားတဲ့ အစြမ္းတစ္ခုကို ရသြားပါတယ္။ အဲ့ဒါကေတာ့ လူေတြရဲ႕မ်က္လုံးကို ၾကည့္လိုက္တာနဲ႔ သူတို႔စိတ္ထဲမွာ ေတြးေနတဲ့ အေတြးေတြကို ၾကားႏိုင္တဲ့အစြမ္းပါပဲ။
ဒီလိုနဲ႔ တရားခြင္ကို ေရာက္တဲ့အခါမွာေတာ့ ေၾကာက္စရာေကာင္းတဲ့ လူသတ္တရားခံကို မတုန္လႈပ္ဘဲ Park Soo Ha ထက္ အသက္ႀကီးတဲ့ ေကာင္မေလး Jang Hye Sung က သက္ေသထြက္ဆိုေပးခဲ့ပါတယ္။ အဲ့ဒီ့မွာတင္ လူသတ္တရားခံဟာ ေကာင္မေလးကို အၿငိဳးအေတးနဲ႔ မွတ္သြားပါေတာ့တယ္။ ေနာက္ဆယ္ႏွစ္ ၾကာသြားတဲ့အခါမွာေတာ့ Park Soo Ha ငယ္ငယ္တည္းက ႀကိတ္ေႂကြခဲ့ရတဲ့ စမတ္က်တဲ့ မမ Jang Hye Sun ဟာ ထက္ျမက္တဲ့ ေရွ႕ေနႀကီးတစ္ေယာက္ ျဖစ္ေနပါၿပီ။ သို႔ေပမယ့္ အတိတ္က ရန္ေႂကြးရွိခဲ့တဲ့ လူသတ္တရားခံက ေထာင္ကလြတ္လာတဲ့အခါမွာေတာ့… ။
သဘာဝလြန္ သည္းထိတ္ရင္ဖို ႐ိုမန႔္စ္ဒရာမာေလး ျဖစ္တာေၾကာင့္ ရသမ်ိဳးစုံကို တစ္ၿပိဳင္တည္း ခံစားရမွာပါ။ ဒါ့အျပင္ မမတစ္ေယာက္ အႏၲရာယ္ေတာထဲ ေရာက္ေနခ်ိန္ ကာကြယ္ေပးမယ့္ ေမာင္ေလးရဲ႕အခ်စ္ေတြကလည္း တကယ္ကို ရင္ခုန္စိတ္လႈပ္ရွားစရာ ေကာင္းပါတယ္။ Jang Hye Sung ငယ္ဘဝကိုေတာ့ မင္းသမီးေလး Kim So Hyun က သ႐ုပ္ေဆာင္ေပးထားၿပီး လူႀကီးဘဝကိုေတာ့ မင္းသမီးေခ်ာ Lee Bo Young က သ႐ုပ္ေဆာင္ထားပါတယ္။
(၅) Witch’s Romance (၂၀၁၄ ထြက္)
ဒီစီးရီးေလးကေတာ့ ၂၀၁၄ခုႏွစ္က ထြက္ရွိထားတာျဖစ္ၿပီး မင္းသားေခ်ာ Park Seo Joon ရဲ႕စီးရီးေလး ျဖစ္ပါတယ္။ My Queen ဆိုတဲ့ ထိုင္ဝမ္ဒရာမာေလးကို ျပန္႐ိုက္ထားတဲ့စီးရီးျဖစ္ၿပီး ေမာင္ေလးနဲ႔မမ ဇာတ္လမ္းေတြထဲမွာ ေတာ္ေတာ္အသက္ကြာတဲ့ ဇာတ္လမ္းလည္း ျဖစ္ပါတယ္။
ဇာတ္လမ္းထဲမွာေတာ့ (၃၉)ႏွစ္အ႐ြယ္ မႈခင္းသတင္းေထာက္ Ban Ji Yeon ဟာ မဂၤလာပြဲမွာ ထားခံခဲ့ရၿပီးတည္းက အလုပ္ထဲမွာပဲ စိတ္ႏွစ္ထားတဲ့ အပ်ိဳႀကီးတစ္ေယာက္ပါ။ သူ႔ရဲ႕ ေစ့စပ္ေသခ်ာတဲ့ အက်င့္ေၾကာင့္ လုပ္ေဖာ္ကိုင္ဖက္ေတြကေတာ့ စုန္းမလို႔ ဝိုင္းၿပီးေခၚေဝၚၾကပါတယ္။ Yoon Dong Ha ကေတာ့ အသက္(၂၅)ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ေယာက္ျဖစ္ၿပီး ပိုက္ဆံနဲ႔သာငွားရင္ ဘယ္အလုပ္ကိုမဆို လုပ္တတ္တဲ့ လူငယ္ေလး ျဖစ္ပါတယ္။ ဘဝကို စိတ္လြတ္လက္လြတ္ ေနထိုင္ေနတဲ့ ဒီေကာင္ေလးမွာလည္း အတိတ္က အရိပ္မည္းႀကီးတစ္ခုက လိုက္ပါလို႔ေနတဲ့အခါမွာေတာ့ … ။
Ban Ji Yeon ေနရာမွာေတာ့ အဆိုေတာ္၊မင္းသမီး Uhm Jung Hwa က သ႐ုပ္ေဆာင္ထားၿပီး Yoon Dong Ha ေနရာမွာေတာ့ မင္းသားေခ်ာ Park Seo Joon က သ႐ုပ္ေဆာင္ထားပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ လိုက္ဖက္တဲ့ သ႐ုပ္ေဆာင္မႈေတြနဲ႔ ခ်စ္ေမတၱာေတြ ယိုဖိတ္လွ်ံက်ေနတဲ့ အၾကင္နာေပးခန္းေတြ ေပါင္းစပ္လိုက္တဲ့အခါမွာေတာ့ ႐ိုမန႔္စ္ဒရာမာ ႀကိဳက္သူတိုင္း ၾကည့္သင့္တဲ့ စီးရီးတစ္ခု ျဖစ္သြားပါေတာ့တယ္။
ဒါကေတာ့ အခ်စ္႐ိုမန႔္စ္၊ ႏူးႏူးညံ့ညံ့ေလးနဲ႔ ဖီးလ္ရတာကိုမွ ႏွစ္သက္သူမ်ားအတြက္ ေ႐ြးခ်ယ္ေပးထားတဲ့ စီးရီးငါးခု ျဖစ္ပါတယ္။ ဒီထဲမွာ စာဖတ္သူတို႔ ၾကည့္ၿပီးတဲ့စီးရီးပါရင္လည္း ေျပာျပခဲ့ပါဦး။
Photo Credit: mydramalist
LaNina
Unicode
ရုပ်ရှင်အမျိုးအစားတွေ ကွဲပြားပြီး အမျိုးမျိုးရှိသလိုပဲ ကိုရီးယားဒရာမာတွေမှာလည်း ထိတ်လန့်သည်းဖို၊ စုံထောက်၊ မှုခင်းဒရာမာ အစရှိတဲ့ အမျိုးအစားတွေ အများအပြားပဲ ရှိပါတယ်။ ကိုရီးယားစီးရီးပေါင်းများစွာထဲကမှ ရိုမန့်တစ်ဆန်ဆန်လေးနဲ့ မမနဲ့မောင်လေးကြားက အချစ်အကြောင်းကို ရင်ခုန်ကြည်နူးဖွယ်ရာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးတွေကို မျှဝေပေးချင်ပါတယ်။ အသက်ကွာတဲ့ မမနဲ့မောင်လေးတို့ကြားက ချစ်မေတ္တာကို နူးညံ့သိမ်မွေ့စွာနဲ့ ဖော်ကျူးထားတာမို့ အသည်းတလှပ်လှပ် ကြည့်ရှုရမယ်ဆိုတာ အာမခံပါတယ်။
(၁) Romance is A Bonus Book (၂၀၁၉ ထွက်)
Photo Credit: mydramalist
ဒီဒရာမာလေးကတော့ ဇာတ်လမ်းတွဲ မရိုက်ဘဲ အကြာကြီးနားနေပြီးမှ ဖန်သားပြင်ပေါ် ပြန်ရောက်လာတဲ့ မင်းသမီးချော Lee Na Young နဲ့ မောင်လေးနဲ့မမဇာတ်လမ်းတွေမှာ အပြတ်ကြွေအောင် သရုပ်ဆောင်ပြနိုင်တဲ့ မင်းသား Lee Jong Suk တို့ရဲ့ အချစ်ရိုမန့်စ်ဟာသ ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။
ဒီဇာတ်လမ်းထဲမှာတော့ Lee Na Young က ယောက်ျားနဲ့ ကွာရှင်းထားတဲ့ တစ်ခုလပ်ကလေးအမေဖြစ်ပြီး တစ်ချိန်တစ်ခါက အောင်မြင်ခဲ့တဲ့ စာရေးဆရာမတစ်ယောက် ဖြစ်ပေမယ့် အလုပ်နားထားတာ ကြာနေလို့ ချွတ်ခြုံကျနေတဲ့ အမျိုးသမီး Kang Dan Yi အဖြစ် သရုပ်ဆောင်ထားပါတယ်။ Lee Jong Suk ကတော့ Kang Dan Yi ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်ပြီး ပုံနှိပ်ထုတ်ဝေတဲ့ ကုမ္ပဏီတစ်ခုက အငယ်ဆုံးအယ်ဒီတာ တစ်ဖြစ်လည်း နာမည်ကြီး စာရေးဆရာ Cha Eun Ho အဖြစ် သရုပ်ဆောင်ထားပါတယ်။
Eun Ho ဟာ သူ့ရဲ့မမဖြစ်တဲ့ Dan Yi အပေါ် အမြဲတမ်း နူးညံ့ကြင်နာစွာ ဆက်ဆံတတ်သူဖြစ်ပြီး တစ်ရက်မှာတော့ Eun Ho အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာပဲ Dan Yi က အလုပ်ရသွားတဲ့အခါ နှစ်ဦးကြားက ဆက်ဆံရေးတွေက ပြောင်းလဲလာမလားဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီစီးရီးထဲမှာ စာအုပ်ဒီဇိုင်နာ Wi Ha Joon အဖြစ် သရုပ်ဆောင်ထားတဲ့ Ji Seo Joon ကလည်း ဒုတိယမင်းသားကိုမှ ပိုကြိုက်မိတတ်တဲ့ ရောဂါထစေဦးမှာမို့လို့ ကြည့်ကိုကြည့်သင့်ပါတယ်နော်။
(၂) My Name is Kim Sam Soon (၂၀၀၅ ထွက်)
ဒီစီးရီးလေးကတော့ ၂၀၀၅ခုနှစ်တည်းက ထွက်ရှိထားခဲ့တာဖြစ်ပြီး အဲ့ဒီ့အချိန်က သိပ်ကိုအောင်မြင်ခဲ့တဲ့ စီးရီးလေးလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ လူကလည်း ခပ်ဝဝ၊ ဘာမှလည်း မအောင်မြင်လို့ အများက ဝိုင်းကဲ့ရဲ့အထင်သေးတာကို ခံနေရတဲ့ အပျိုကြီးမမ Sam Soon အဖြစ် မင်းသမီး Kim Sun Ah က သရုပ်ဆောင်ထားပါတယ်။
မင်းသားဇာတ်လိုက်နေရာမှာတော့ ကောင်မလေးတွေ အသည်းစွဲ ကြိုက်ကြတဲ့ ဗိုလ်ကြီး Hyun Bin က သရုပ်ဆောင်ထားပါတယ်။ Hyun Bin ကတော့ Sam Soon ရဲ့ အရှက်တကွဲ အကျိုးနည်း ရည်းစားနဲ့ ပြတ်သွားတဲ့ပုံကို မြင်တွေ့လိုက်ရတဲ့ အကောင်းစား ပြင်သစ်စားသောက်ဆိုင် ပိုင်ရှင်သူဌေး Hyun Ji Hyun အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ အစတည်းက အလွဲလွဲအချော်ချော် ဖြစ်ပေမယ့် Sam Soon က Ji Hyun ဆီမှာ အလုပ်လုပ်ဖို့ ဖြစ်လာပြီး သူ့ရဲ့ချစ်သူမိန်းကလေးအဖြစ်ပါ ဟန်ဆောင်ပေးရဖို့ ဖြစ်လာတဲ့အခါမှာတော့ … ။
သရုပ်ဆောင်တွေလည်း ကောင်းသလို ရိုချက်ကလည်း အသည်းယားစရာမို့ နောက်ခံဇာတ်ဝင်သီချင်းလေးတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ သေချာပေါက်ကို ကြည့်သင့်တဲ့ ရိုမန့်စ်ဒရာမာလေး ဖြစ်သွားပါတော့တယ်။ ဒါ့အပြင် ဒီဒရာမာဟာ Rating အကောင်းဆုံး ကိုရီးယားဒရာမာတွေထဲမှာ ပါဝင်တာမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
(၃) When the Camellia Blooms (၂၀၁၉ ထွက်)
ဒီဒရာမာလေးထဲမှာတော့ ရိုမန့်တစ်ဆန်တဲ့ ချစ်မေတ္တာအပြင် ဟာသနဲ့ လူမှုပတ်ဝန်းကျင်ကြားက အရှုပ်အထွေးတွေကိုပါ ရိုက်ပြထားတာမို့ ကြည့်ရတာ သိပ်ကိုသဘာဝကျစေပါလိမ့်မယ်။ ဒီဇာတ်လမ်းထဲမှာ ဘားဆိုင်ဖွင့်ထားတဲ့ တစ်ကိုယ်တော်မိခင် Dong Baek အဖြစ် မင်းသမီး Gong Hyo Jin က သရုပ်ဆောင်ထားပြီး ပတ်ဝန်းကျင်က ဝိုင်းဝန်းကဲ့ရဲ့၊ အတင်းပြောနေကြတဲ့ ကလေးတစ်ယောက်အမေကိုမှ ချစ်မိနေတဲ့ ရဲသား Hwang Yong Sik အဖြစ် မင်းသားချော Kang Ha Neul က သရုပ်ဆောင်ထားပါတယ်။
ဒီလိုနဲ့ Dong Baek ရဲ့ရည်းစားဟောင်း နာမည်ကြီး ဘေ့စ်ဘောကစားသမားက ပေါ်လာပြီး နောက်ထပ် ရှုပ်ထွေးတဲ့ အရာတွေ ဖြစ်လာပါတော့တယ်။ ဒါ့အပြင် Dong Baek ရဲ့ အသက်ကိုပါ ခြိမ်းခြောက်လာနိုင်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ကပါ ပါလာတဲ့အခါမှာတော့ … ။
(၄) I Can Hear Your Voice (၂၀၁၃ ထွက်)
ဒီစီးရီးလေးကတော့ Lee Jong Suk ရဲ့ နောက်ထပ် မောင်လေး၊မမ ဇာတ်လမ်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Park Soo Ha ဆိုတဲ့ကောင်လေးဟာ ခပ်ငယ်ငယ် ကလေးဘဝမှာ မျက်စိရှေ့မှာတင် အဖေဖြစ်သူ အသတ်ခံရတာကို မြင်တွေ့လိုက်ရပြီးနောက် ထူးခြားတဲ့ အစွမ်းတစ်ခုကို ရသွားပါတယ်။ အဲ့ဒါကတော့ လူတွေရဲ့မျက်လုံးကို ကြည့်လိုက်တာနဲ့ သူတို့စိတ်ထဲမှာ တွေးနေတဲ့ အတွေးတွေကို ကြားနိုင်တဲ့အစွမ်းပါပဲ။
ဒီလိုနဲ့ တရားခွင်ကို ရောက်တဲ့အခါမှာတော့ ကြောက်စရာကောင်းတဲ့ လူသတ်တရားခံကို မတုန်လှုပ်ဘဲ Park Soo Ha ထက် အသက်ကြီးတဲ့ ကောင်မလေး Jang Hye Sung က သက်သေထွက်ဆိုပေးခဲ့ပါတယ်။ အဲ့ဒီ့မှာတင် လူသတ်တရားခံဟာ ကောင်မလေးကို အငြိုးအတေးနဲ့ မှတ်သွားပါတော့တယ်။ နောက်ဆယ်နှစ် ကြာသွားတဲ့အခါမှာတော့ Park Soo Ha ငယ်ငယ်တည်းက ကြိတ်ကြွေခဲ့ရတဲ့ စမတ်ကျတဲ့ မမ Jang Hye Sun ဟာ ထက်မြက်တဲ့ ရှေ့နေကြီးတစ်ယောက် ဖြစ်နေပါပြီ။ သို့ပေမယ့် အတိတ်က ရန်ကြွေးရှိခဲ့တဲ့ လူသတ်တရားခံက ထောင်ကလွတ်လာတဲ့အခါမှာတော့… ။
သဘာဝလွန် သည်းထိတ်ရင်ဖို ရိုမန့်စ်ဒရာမာလေး ဖြစ်တာကြောင့် ရသမျိုးစုံကို တစ်ပြိုင်တည်း ခံစားရမှာပါ။ ဒါ့အပြင် မမတစ်ယောက် အန္တရာယ်တောထဲ ရောက်နေချိန် ကာကွယ်ပေးမယ့် မောင်လေးရဲ့အချစ်တွေကလည်း တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ Jang Hye Sung ငယ်ဘဝကိုတော့ မင်းသမီးလေး Kim So Hyun က သရုပ်ဆောင်ပေးထားပြီး လူကြီးဘဝကိုတော့ မင်းသမီးချော Lee Bo Young က သရုပ်ဆောင်ထားပါတယ်။
(၅) Witch’s Romance (၂၀၁၄ ထွက်)
ဒီစီးရီးလေးကတော့ ၂၀၁၄ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး မင်းသားချော Park Seo Joon ရဲ့စီးရီးလေး ဖြစ်ပါတယ်။ My Queen ဆိုတဲ့ ထိုင်ဝမ်ဒရာမာလေးကို ပြန်ရိုက်ထားတဲ့စီးရီးဖြစ်ပြီး မောင်လေးနဲ့မမ ဇာတ်လမ်းတွေထဲမှာ တော်တော်အသက်ကွာတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ (၃၉)နှစ်အရွယ် မှုခင်းသတင်းထောက် Ban Ji Yeon ဟာ မင်္ဂလာပွဲမှာ ထားခံခဲ့ရပြီးတည်းက အလုပ်ထဲမှာပဲ စိတ်နှစ်ထားတဲ့ အပျိုကြီးတစ်ယောက်ပါ။ သူ့ရဲ့ စေ့စပ်သေချာတဲ့ အကျင့်ကြောင့် လုပ်ဖော်ကိုင်ဖက်တွေကတော့ စုန်းမလို့ ဝိုင်းပြီးခေါ်ဝေါ်ကြပါတယ်။ Yoon Dong Ha ကတော့ အသက်(၂၅)နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်ပြီး ပိုက်ဆံနဲ့သာငှားရင် ဘယ်အလုပ်ကိုမဆို လုပ်တတ်တဲ့ လူငယ်လေး ဖြစ်ပါတယ်။ ဘဝကို စိတ်လွတ်လက်လွတ် နေထိုင်နေတဲ့ ဒီကောင်လေးမှာလည်း အတိတ်က အရိပ်မည်းကြီးတစ်ခုက လိုက်ပါလို့နေတဲ့အခါမှာတော့ … ။
Ban Ji Yeon နေရာမှာတော့ အဆိုတော်၊မင်းသမီး Uhm Jung Hwa က သရုပ်ဆောင်ထားပြီး Yoon Dong Ha နေရာမှာတော့ မင်းသားချော Park Seo Joon က သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ဦးရဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ချစ်မေတ္တာတွေ ယိုဖိတ်လျှံကျနေတဲ့ အကြင်နာပေးခန်းတွေ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ရိုမန့်စ်ဒရာမာ ကြိုက်သူတိုင်း ကြည့်သင့်တဲ့ စီးရီးတစ်ခု ဖြစ်သွားပါတော့တယ်။
ဒါကတော့ အချစ်ရိုမန့်စ်၊ နူးနူးညံ့ညံ့လေးနဲ့ ဖီးလ်ရတာကိုမှ နှစ်သက်သူများအတွက် ရွေးချယ်ပေးထားတဲ့ စီးရီးငါးခု ဖြစ်ပါတယ်။ ဒီထဲမှာ စာဖတ်သူတို့ ကြည့်ပြီးတဲ့စီးရီးပါရင်လည်း ပြောပြခဲ့ပါဦး။
Photo Credit: mydramalist
LaNina