လူေသကို အသက္သြင္းၾကသူမ်ားႏွင့္ ေသ႐ြာျပန္ ဦးေလးႀကီး
အခ်ိန္ကား ည တစ္နာရီ စကားေျပာရင္းပင္ ဦးေလးႀကီး ေမာၾကပ္လာသည္။ နဂိုေရာဂါအခံ ေက်ာက္ကပ္မေကာင္း ေသြးတိုးဆီးခ်ိဳ ႏွလုံး ေသြးေၾကာက်ဥ္းမ်ား လည္း ေဆး႐ုံမွာ ေသခ်ာျပန္မျပျဖစ္တာၾကာၿပီ နီးစပ္ရာေဆးခန္းမွာပဲ အဆင္ေျပသလို ကုလိုက္ ေနလိုက္နဲ႔
အခုေတာ့ ေမာရင္းေမာရင္း ပိုေမါလာၿပီ ေဆး႐ုံသြားရင္းပင္ အေမာေဖာက္ကာ သတိလစ္သြားၿပီ။ဖီဖီတိူ႔ ေျမာက္ဥကၠလာ အေရးေပၚေရာက္ေတာ့ မနက္ ႏွစ္နာရီ လူနာဦးေလးႀကီးကား အသက္မရႉေတာ့ ႏွလုံးမခုန္ေတာ့. ႏွလုံးႏႈိးစက္ျဖင့္ စမ္းသပ္ၾကည့္ေတာ့ ….
အသက္မရွိေတာ့ သို႔ေပမယ့္လည္း အေရးေပၚအထူးကုတာဝန္က ဒါမ်ိဳးလူနာေတြ အဓိကေလ ထားကုရမွာဆိုေတာ့လည္း လာေဟ့ ဆရာမေလး လာေဟ့ လက္ေထာက္ဆရာဝန္ညီေလး ငါတို႔ ႏွလုံးျပန္ႏႈိးၾကည့္ၾကစို႔ ပထမ ေျခာက္မိနစ္အထိက သိပ္မထူး ….
အဲ ရွစ္မိနစ္ေလာက္ၾကေတာ့ ဦးေလးႀကီး ႏွလုံးျပန္ခုန္လာသည္ အသက္ရႉကေတာ့ ဆန္႔ငင္ ဆန္႔ငင္။ကဲ ….အသက္ရႉစက္တင္မယ္ အသက္ျပန္ရႉေနၿပီဆိုေတာ့ အသက္ရႈပိုက္ေတာ့ မထည့္ေသး ဆရာမကိုေတာ့ အသက္ရ်ဴပိုက္ထည့္ဖို႔ အသင့္ျပင္ေပးထားဖို႔ေျပာ။
ကံေကာင္းစြာျဖင့္ ေစတနာရွင္ အလႉရွင္မ်ား (လသာေက်ာင္းသားေဟာင္းမ်ား အဖြဲ႕) လႉဒါန္းထားသည့္ တစ္လုံးတည္းေသာ အသက္ရႈစက္ကေလး (အထင္မေသးပါနဲ႔ တစ္လုံးကို သိန္းသုံးရာဝန္းက်င္ပါ) အဆင္သင့္ရွိေနတာ ေက်းဇူးအထူး (အလႉရွင္ေတြ ထပ္ရွိရင္ အရမ္းေကာင္းမွာ)
သည္လိုနဲ႔ စက္နဲ႔ရႉရင္း ရႉရင္း လိုအပ္တာေတြ စဥ္းစားေတြးေတာ ရွာေဖြ ကုသရင္းနဲ႔ လူနာမွာ အသက္ေသေနရာကေန လက္မပါ ေထာင္ႏိုင္သည္အထိ ျပန္ျဖစ္လာခဲ့ေလၿပီ။
မေသခ်င္ေတာ့လည္း ေသေနတာေတာင္ ေသ႐ြာျပန္ရတဲ့ဘဝ လက္ေထာက္ဆရာဝန္ ညီေလးကေတာင္ ေျပာေနေသး “က်ေနာ္ ဒါမ်ိဳး တစ္ခါမွ မႀကဳံဖူးဘူး အရမ္းမိုက္တယ္ဗ်ာ” တဲ့။
က်ေနာ္တို႔ အေရးေပၚအထူးကုမ်ားကေတာ့ မဆန္းေတာ့ေပ သို႔ေပမယ့္ ကိုယ္တစ္ေယာက္တည္းေတာ္လို႔ ေကာင္းလို႔လည္း မဟုတ္။လူနာက အသက္မပါလာေပမယ့္ ကံမကုန္ေသး ေဆး႐ုံလည္း ေနရာမွန္ လက္မတင္ေလး ေရာက္လာ အသက္ရႉကူမယ့္ စက္ကေလးကလည္း အဆင္သင့္။
မွတ္မွတ္ရရ ညေလးတစ္ည (တစ္ခါတစ္ေလေတာ့လည္း စိတ္ညစ္စရာ တစ္ပုံတစ္ပင္ၾကားထဲ ဆရာဝန္ဘဝ ေပ်ာ္စရာေလးေတြ မွ်ေဝခ်င္တာရယ္ ….
ဆရာဝန္ေတြ ဆရာမေတြ နိစၥဓူ၀ အလုပ္လုပ္ေတြ လုပ္ေနၾကတာ ဒီလိုပီတိေတြေၾကာင့္ ဆိုတာ သိေစခ်င္လို႔ရယ္။ ေစတနာရွင္သူေဌးေတြမ်ား ဖတ္မိရင္ သဒၵါ ေပါက္ၿပီး စက္ေတြလႉခ်င္လာေအာင္ရယ္ပါ)
မွတ္ခ်က္။ ။လူနာႏွင့္ လူနာရွင္မ်ား၏ ခြင့္ျပဳခ်က္ရယူၿပီး တင္ပါသည္။Source : Zaw Thiha
Unicode
လူသေကို အသက်သွင်းကြသူများနှင့် သေရွာပြန် ဦးလေးကြီး
အချိန်ကား ည တစ်နာရီ စကားပြောရင်းပင် ဦးလေးကြီး မောကြပ်လာသည်။ နဂိုရောဂါအခံ ကျောက်ကပ်မကောင်း သွေးတိုးဆီးချို နှလုံး သွေးကြောကျဉ်းများ လည်း ဆေးရုံမှာ သေချာပြန်မပြဖြစ်တာကြာပြီ နီးစပ်ရာဆေးခန်းမှာပဲ အဆင်ပြေသလို ကုလိုက် နေလိုက်နဲ့
အခုတော့ မောရင်းမောရင်း ပိုမေါလာပြီ ဆေးရုံသွားရင်းပင် အမောဖောက်ကာ သတိလစ်သွားပြီ။ဖီဖီတိူ့ မြောက်ဥက္ကလာ အရေးပေါ်ရောက်တော့ မနက် နှစ်နာရီ လူနာဦးလေးကြီးကား အသက်မရှူတော့ နှလုံးမခုန်တော့. နှလုံးနှိုးစက်ဖြင့် စမ်းသပ်ကြည့်တော့ ….
အသက်မရှိတော့ သို့ပေမယ့်လည်း အရေးပေါ်အထူးကုတာဝန်က ဒါမျိုးလူနာတွေ အဓိကလေ ထားကုရမှာဆိုတော့လည်း လာဟေ့ ဆရာမလေး လာဟေ့ လက်ထောက်ဆရာဝန်ညီလေး ငါတို့ နှလုံးပြန်နှိုးကြည့်ကြစို့ ပထမ ခြောက်မိနစ်အထိက သိပ်မထူး ….
အဲ ရှစ်မိနစ်လောက်ကြတော့ ဦးလေးကြီး နှလုံးပြန်ခုန်လာသည် အသက်ရှူကတော့ ဆန့်ငင် ဆန့်ငင်။ကဲ ….အသက်ရှူစက်တင်မယ် အသက်ပြန်ရှူနေပြီဆိုတော့ အသက်ရှုပိုက်တော့ မထည့်သေး ဆရာမကိုတော့ အသက်ရျူပိုက်ထည့်ဖို့ အသင့်ပြင်ပေးထားဖို့ပြော။
ကံကောင်းစွာဖြင့် စေတနာရှင် အလှူရှင်များ (လသာကျောင်းသားဟောင်းများ အဖွဲ့) လှူဒါန်းထားသည့် တစ်လုံးတည်းသော အသက်ရှုစက်ကလေး (အထင်မသေးပါနဲ့ တစ်လုံးကို သိန်းသုံးရာဝန်းကျင်ပါ) အဆင်သင့်ရှိနေတာ ကျေးဇူးအထူး (အလှူရှင်တွေ ထပ်ရှိရင် အရမ်းကောင်းမှာ)
သည်လိုနဲ့ စက်နဲ့ရှူရင်း ရှူရင်း လိုအပ်တာတွေ စဉ်းစားတွေးတော ရှာဖွေ ကုသရင်းနဲ့ လူနာမှာ အသက်သေနေရာကနေ လက်မပါ ထောင်နိုင်သည်အထိ ပြန်ဖြစ်လာခဲ့လေပြီ။
မသေချင်တော့လည်း သေနေတာတောင် သေရွာပြန်ရတဲ့ဘဝ လက်ထောက်ဆရာဝန် ညီလေးကတောင် ပြောနေသေး “ကျနော် ဒါမျိုး တစ်ခါမှ မကြုံဖူးဘူး အရမ်းမိုက်တယ်ဗျာ” တဲ့။
ကျနော်တို့ အရေးပေါ်အထူးကုများကတော့ မဆန်းတော့ပေ သို့ပေမယ့် ကိုယ်တစ်ယောက်တည်းတော်လို့ ကောင်းလို့လည်း မဟုတ်။လူနာက အသက်မပါလာပေမယ့် ကံမကုန်သေး ဆေးရုံလည်း နေရာမှန် လက်မတင်လေး ရောက်လာ အသက်ရှူကူမယ့် စက်ကလေးကလည်း အဆင်သင့်။
မှတ်မှတ်ရရ ညလေးတစ်ည (တစ်ခါတစ်လေတော့လည်း စိတ်ညစ်စရာ တစ်ပုံတစ်ပင်ကြားထဲ ဆရာဝန်ဘဝ ပျော်စရာလေးတွေ မျှဝေချင်တာရယ် ….
ဆရာဝန်တွေ ဆရာမတွေ နိစ္စဓူ၀ အလုပ်လုပ်တွေ လုပ်နေကြတာ ဒီလိုပီတိတွေကြောင့် ဆိုတာ သိစေချင်လို့ရယ်။ စေတနာရှင်သူဌေးတွေများ ဖတ်မိရင် သဒ္ဒါ ပေါက်ပြီး စက်တွေလှူချင်လာအောင်ရယ်ပါ)
မှတ်ချက်။ ။လူနာနှင့် လူနာရှင်များ၏ ခွင့်ပြုချက်ရယူပြီး တင်ပါသည်။Source : Zaw Thiha