လှို င်မြို့နယ် MPT မှ တာ၀ န်ရှိသူ များ တစ်ပါ တ် အ တွင်း အမြန်ဆုံးလာရောက်ဖြေရှင်းရန်
မပြောတော့ ဘူးလို့နေတာ မပြောလည်း မပြီးမတီးလည်း မမြည်ဘူး အများ အကျိုးအတွက် မိမိ ရဲ့အတွေ့အကြုံတွေမပြောပြန်ရင်လည်း နောင်လာနောက်သားတွေ အတွက် တာဝန်မကြေဖြစ်မယ် ဒါကြောင့်မကောင်း တဲ့ အလေ့အကျင့် ဆိုးတွေ ကိုပြော ကိုပြော မှ
သမိုင်းပေး တာဝန်ကြေ လိမ့်မယ် ထင်လို့ဒီPostကိုရေးဖြစ်တာပါ သို့ တာဝန်ခံ မြို့နယ် ဆက်သွယ်ရေး MPT) အင်းစိန် လမ်းမကြီးနှင့် ရွာမကွေ့ထိပ် လှိုင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး လူကြီးမင်းတို့ရုံးသို့၂၉-၄-၂၀၂၀နေ့တွင်ကျွန်တော်၏လုပ်ငန်းသုံးဖုံးSimcardမသုံးတာကြာလို့လိုင်းပိတ်သွား ပါတယ် လကုန်ရက် နောက်ဆုံးထားပြီး မှတ်ပုံ မတင်လျှင် ရာသက်ပန် လိုင်းပိတ်ခံရမယ်ကြေညာ လို့ လိုင်းပြန်ဖွင့်ရန် ရုံးသို့ သွားရောက် ၍
တန်းစီခဲ့ ပါတယ် လိုင်းဖွင့်လျှင်ကြာမှာစိုး လို့နောက် တစ်ပါတ်မှ လာခဲ့ပါဆိုပြီးချိန်းဆိုလိုက် ပါတယ် ဒါကြောင့်၈-၅-၂၀၂၀နေ့တွင် ချိန်ယဆိုထားသည့် အတိုင်းသွားရောက်ခဲ့ ပါတယ် Covidကာလမို့၃ပေခွာပြီးတန်းစီခဲ့ရပါတယ် ကိုယ့်အလှည့်ရောက်တော့စီစစ်ကြည့်ပါမယ် ခဏလောက်စောင့်ပါဆို လို့နာရီဝက်ခန့်ထိုင်စောင့်နေခဲ့ ပါတယ် ဘာအကြောင်းမှမပြန်တော့လို့ အခြေအနေသွားမေးကြည့်တော့ မရတော့ဘူးဆိုပြီးပြောလွှတ် လိုက်ပါတယ်
ဘာမှလုပ်တာလည်းမတွေ့ရဘူးကျွန်တော်လည်းအနီးရှိခုံပေါ်မှာထိုင်စောင့်နေခဲ့တာပါ ဒါနဲ့ ဆက်သွယ်ရေး အငြိမ်းစားပြည်နယ် အဆင့်ရှိတဲ့သူငယ်ချင်း တစ်ယောက်ကို ဖုံးဆက်ပြီမေးကြည့်တော့ ဖုံးကတ်သေတာဘာလို့မရတာလဲ မင်းဆီကငွေလိုချင်လို့လုပ်တာဖြစ်ပါလိမ့်မယ် ဒါဆိုဗိုလ်ချုပ်လမ်း သခင်မြပန်းခြံအနီး မှာရှိတဲ့ဆက်သွယ်ရေးရုံးကို သွားကြည့်လိုက်ဆိုပြီးညွှန် ပါတယ်
ဒီလို နဲ့၁၂-၅-၂၀၂၀နေ့သွားဖြစ်ပါတယ် မှတ်ပုံတင်မိတ္တူပြပြီးဖောင်ဖြည့်ခိုင်းပါတယ် ငါးမိနစ်တောင်မကြာပါဘူးချက်ချင်းရတယ် ရုံးဝန်ထမ်းကလေးမက အဘရယ်နေပူချိန်ပြင်းတယ် အသက်ကြီးပြီလူကိုယ်တိုင်ဘာလို့ လာရတာလဲ ကိုယ်စားလှယ်လွှဲပြီး လုပ်ခိုင်းရင်လည်ရပါတယ်တဲ့
လှိုင်ရုံးကကလေးမနဲ့ကွာလိုက်တာ ကျွန်တော်က လည်းကဲသမီးရယ်သမီးတို့ဆီကငွေဖြည့်ကတ်လေး တစ်သောင်းဖိုးလောက်အားပေးသွားပါအုံးမယ်ဆိုတော့သမီးတို့လည်း အဘကိုယပ်တောင်လေးလက်ဆောင်ပေး လိုက်မယ် ယူသွားလိုက်ပါဆိုပြီးပေးတော့စိတ်ထဲ မှာကြိတ်ပြီးပီတိဖြစ် ရပါတယ်
ဒါကတော့ဂုဏ်ပြုထိုက်သူကိုဂုဏ်ပြုခြင်းဖြစ် ပါတယ် လှိုင်ရုံးက ဝန်ထမ်းမလေးကျတော့ အသက်ခြောက်ဆယ်ကျော် အဖိုးကြီးတစ်ယောက်ကိုနေပူရှိန်ကပြင်း ကတ်ရောဂါဆိုးကြီးက လည်းဖြစ်နေတဲ့ခုလို အချိန်မှာ အိမ်နဲ့အသွားအပြန်လေးခေါက်ကျတယ် ဘုရင့်နောင်လမ်းဘ က်ကနေ အင်းစိန်လမ်းမကြီးကိုသွားရတာကိုယ်ချင်း စာစိတ်မရှိဘူး ပညာကပြလိုက်သေး တယ်
MPTလူကြီးမင်းများ ကျွန်တော့်အိမ်မှာဖုံး အကုန်လုံးMPTဘဲသုံးတယ် ကျွန်တော့်ဖုံး ၄၃၀၆၅၆၂၂ ကျွန်တော့်မိန်းမ ၄၂၀၁၆၀၉၇၀ ကျွန်တော့်သားလေး ၄၅၀၀၉၂၇၉၂ လုပ်ငန်းသုံးဖုံး ၄၂၁၀၁၆၀၄၃ အားလုံး ငါးသိန်းတန်နှင့်နှစ်သိန်းတန် အမည်ပေါက်တွေဖြစ် ပါတယ်
MPTရဲ့Customer စစ်စစ်ဖြစ်တယ် ဆိုတာပြောလိုတာဖြစ် ပါတယ် MPTလူကြီမင်းများ ရန်ကုန်လိုမြို့ကြီးမှာတောင် ဟိုနေရာရတယ် ဒီနေရာမရဘူးဆိုတာဘာသဘောလဲ အဲ့လိုမျိုးဆိုရင်နယ်မြို့လေးတွေမှာ မတွေးဝန့်စရာပါလား ကိုယ့်လူတွေလည်းကြည့်ပြောပါအုံး
လှိုင်မြို့နယ် MPT မှ တာဝန်ရှိသူများ တစ်ပါတ် အတွင်းဒီကိစ္စကိုအမြန်ဆုံးလာရောက်ဖြေရှင်းပေးပါ လာရောက်မဖြေရှင်းပါကပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်ဇင်မောင်ကိုလိပ်မူတပ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံတော်သမ္မတ အဂတိတိုက်ဖျက်ရေးကော်မရှင်တို့ကိုမိတ္တူဖြန့်ဝေပြီးထိရောက်စွာတိုင်ကြားရပါလိမ့်မယ် အရပ်သားအစိုးရလက်ထက်မှာ ဒီလိုအကျင့်ဆိုးတွေကို လုံးဝ လက်မခံနိုင်ဘူး
ဒီလိုလုပ်ရတာလည်းကျွန်တော့ရဲ့အတ္တ အကျိုးအတွက် မဟုတ်ဘူး နောင်လာနောက်သားတွေ ကိုယ်တို့လိုမဖြစ်ရလေေ အာင် ပရဟိတအကျိုးကိုမျှော်ကိုးပြီးလုပ်ရခြင်းဖြစ် ပါတယ် ဒါပါဘဲ
ဦးဘတင့် ၁၂/ကမတ(နိုင်)၀၅၅၂၄၁ ဖုန်း၀၉၄၃၀၆၅၆၂၂
Zawgyi