Knowledge

လူ့အသက်ကို အန္တာရာယ်ပြုနိုင်တာကြောင့် နိုင်ငံတကာမီးသတ်တပ်ဖွဲ့တွေကတောင် သတိပေးလိုက်တဲ့ ကားထဲက ရေသန့်ဗူး အန္တရာယ်…

Written by Aung Lay

နိုင်ငံ တကာ မီးသတ်တပ် ဖွဲ့တွေ သတိပေးလိုက် တဲ့ ကားထဲ က ရေသန့်ဗူး အန္တ ရာယ်

မှန် ဘီလူးကိုဖြတ်ပြီး စက္ကူကိုမီးရှို့တဲ့ ဖြစ်စဉ်လေးတစ်ခုကို ငယ်ငယ်က လုပ်ခဲ့ဖူးတာကို ပြန်စဉ်းစားကြည့်လိုက်ရင် မှန်ကိုဖြတ်လာတဲ့ နေရောင်က ဘယ်လောက်အန္တရာယ်များလဲဆိုတာကို သိနိုင်မှာပါ။ဒါနဲ့ပတ်သက်လို့ နိုင်ငံတကာ မီးသတ်အဖွဲ့က သတိပေးချက်လေးတစ်ခုထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါကတော့ ကားထဲမှာ ရေသန့်ဗူးတွေမထားကြဖို့ပဲဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ နေပူလာတဲ့အခါ ကားမှန်ကိုဖြတ်လာတဲ့နေရောင်ခြည်က ပလတ်စတစ်ကိုဖြတ်သန်းပြီး အချိန်ကြာလာတဲ့အခါရေဗူးထဲကရေကို ၂၅၀ ဒီဂရီအထိပူလာစေနိုင်ပြီး ကားမီးလောင်မှုဖြစ်ပွားစေနိုင်လို့ပဲဖြစ်ပါတယ်။ ပုံထဲမှာမြင်ရသလိုမျိုး အနေအထားက အမြဲလိုလိုမြင်နေကျဖြစ်လို့ မထူးဆန်းတော့ပါဘူး။ဒါပေမယ့် အဲ့ဒါရဲ့ နောက်ဆက်တွဲအခြေအနေကတော့ တော်တော်ကြောက်ဖို့ကောင်းတာကြောင့် ဒီအချက်လေးတွေကို သတိထားဆင်ခြင်ဖို့ လိုပါတယ်။

ကားထဲက နေရောင်ခြည်ကျရောက်နိုင်တဲ့နေရာတွေမှာ ရေဗူးကိုတင်ထားတာမျိုး၊ ကားထဲမှာ ရေဗူးထည့်ထားပြီး မေ့ကျန်ထားခဲ့တာမျိုး မဖြစ်အောင် အမြဲလိုလိုသတိထားပါ။မဖြစ်မနေ ရေဗူးယူသွားရမယ်ဆိုရင် ကားပေါ်ကဆင်းတာနဲ့ရေဗူးကိုတစ်ခါတည်းယူလာပါ။ ဒါမှမဟုတ်ရင်လည်း နေရောင်မဝင်ရောက်နိုင်မယ့် နေရာမှာ သေချာထားခဲ့ပါ။ထိုင်ခံပေါ်မှာ ပြီးစလွယ်တင်ထားခဲ့တာမျိုးမလုပ်ပါနဲ့။ဖြစ်နိုင်ရင် ကိုယ်သွားမယ့်နေရာ၊ ကိုယ်သောက်မယ့်ရေပမာဏကို ချင့်ချိန်ပြီး ယူသွားဖို့အကြံပေးချင်ပါတယ်။

ပြီးတော့ ရေသန့်ဗူးတွေကို နေပူထဲမှာအချိန်ကြာကြာထားထားတဲ့အခါ ကျန်းမာရေးကိုလည်း ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ရေသန့်ဗူးကို နေရောင်တိုက်ရိုက်ထိတွေ့တဲ့အခါ antimony and bisphenol A (the dreaded BPA) တို့ကိုထုတ်လွှတ်စေပြီး အဲ့ဒီရေကိုသောက်လိုက်တဲ့အခါ ဟော်မုန်းပမာဏပြောင်းလဲခြင်း၊နှလုံးကျန်းမာရေးထိခိုက်ခြင်း၊ကင်ဆာဖြစ်နိုင်ချေပိုများလာခြင်း၊အစာအိမ်နာရောဂါဖြစ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေခြင်း၊ အော့အန်ခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်။

ဒီထက်ပိုဆိုးလာရင်တော့ ကိုယ်ဝန်ပျက်ခြင်း နဲ့ မျက်လုံးသွေးကြောတွေထိခိုက်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကားမီးလောင်ခြင်း၊ကျန်းမာရေးထိခိုက်ခြင်း စတဲ့ရန်ကနေ ကင်းဝေးဖို့အတွက် ရေသန့်ဗူးတွေကို နေပူထဲ၊ ကားထဲမှာ ထားခဲ့ခြင်းကို ဆင်ခြင်ကြဖို့ နိုင်ငံတကာမီးသတ်အဖွဲ့တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

Unicode

Zawgyi

ႏိုင္ငံ တကာ မီးသတ္တပ္ ဖြဲ႕ေတြ သတိေပးလိုက္ တဲ့ ကားထဲ က ေရသန႔္ဗူး အႏၲ ရာယ္

မွန္ ဘီလူးကိုျဖတ္ၿပီး စကၠဴကိုမီးရႈိ႕တဲ့ ျဖစ္စဥ္ေလးတစ္ခုကို ငယ္ငယ္က လုပ္ခဲ့ဖူးတာကို ျပန္စဥ္းစားၾကည့္လိုက္ရင္ မွန္ကိုျဖတ္လာတဲ့ ေနေရာင္က ဘယ္ေလာက္အႏၲရာယ္မ်ားလဲဆိုတာကို သိႏိုင္မွာပါ။ဒါနဲ႔ပတ္သက္လို႔ ႏိုင္ငံတကာ မီးသတ္အဖြဲ႕က သတိေပးခ်က္ေလးတစ္ခုထုတ္ျပန္ခဲ့ပါတယ္။ အဲ့ဒါကေတာ့ ကားထဲမွာ ေရသန႔္ဗူးေတြမထားၾကဖို႔ပဲျဖစ္ပါတယ္။

ဘာလို႔လဲဆိုေတာ့ ေနပူလာတဲ့အခါ ကားမွန္ကိုျဖတ္လာတဲ့ေနေရာင္ျခည္က ပလတ္စတစ္ကိုျဖတ္သန္းၿပီး အခ်ိန္ၾကာလာတဲ့အခါေရဗူးထဲကေရကို ၂၅၀ ဒီဂရီအထိပူလာေစႏိုင္ၿပီး ကားမီးေလာင္မႈျဖစ္ပြားေစႏိုင္လို႔ပဲျဖစ္ပါတယ္။ ပုံထဲမွာျမင္ရသလိုမ်ိဳး အေနအထားက အၿမဲလိုလိုျမင္ေနက်ျဖစ္လို႔ မထူးဆန္းေတာ့ပါဘူး။ဒါေပမယ့္ အဲ့ဒါရဲ႕ ေနာက္ဆက္တြဲအေျခအေနကေတာ့ ေတာ္ေတာ္ေၾကာက္ဖို႔ေကာင္းတာေၾကာင့္ ဒီအခ်က္ေလးေတြကို သတိထားဆင္ျခင္ဖို႔ လိုပါတယ္။

ကားထဲက ေနေရာင္ျခည္က်ေရာက္ႏိုင္တဲ့ေနရာေတြမွာ ေရဗူးကိုတင္ထားတာမ်ိဳး၊ ကားထဲမွာ ေရဗူးထည့္ထားၿပီး ေမ့က်န္ထားခဲ့တာမ်ိဳး မျဖစ္ေအာင္ အၿမဲလိုလိုသတိထားပါ။မျဖစ္မေန ေရဗူးယူသြားရမယ္ဆိုရင္ ကားေပၚကဆင္းတာနဲ႔ေရဗူးကိုတစ္ခါတည္းယူလာပါ။ ဒါမွမဟုတ္ရင္လည္း ေနေရာင္မဝင္ေရာက္ႏိုင္မယ့္ ေနရာမွာ ေသခ်ာထားခဲ့ပါ။ထိုင္ခံေပၚမွာ ၿပီးစလြယ္တင္ထားခဲ့တာမ်ိဳးမလုပ္ပါနဲ႔။ျဖစ္ႏိုင္ရင္ ကိုယ္သြားမယ့္ေနရာ၊ ကိုယ္ေသာက္မယ့္ေရပမာဏကို ခ်င့္ခ်ိန္ၿပီး ယူသြားဖို႔အႀကံေပးခ်င္ပါတယ္။

ၿပီးေတာ့ ေရသန႔္ဗူးေတြကို ေနပူထဲမွာအခ်ိန္ၾကာၾကာထားထားတဲ့အခါ က်န္းမာေရးကိုလည္း ဆိုးဆိုး႐ြား႐ြားထိခိုက္ေစႏိုင္ပါတယ္။ေရသန႔္ဗူးကို ေနေရာင္တိုက္႐ိုက္ထိေတြ႕တဲ့အခါ antimony and bisphenol A (the dreaded BPA) တို႔ကိုထုတ္လႊတ္ေစၿပီး အဲ့ဒီေရကိုေသာက္လိုက္တဲ့အခါ ေဟာ္မုန္းပမာဏေျပာင္းလဲျခင္း၊ႏွလုံးက်န္းမာေရးထိခိုက္ျခင္း၊ကင္ဆာျဖစ္ႏိုင္ေခ်ပိုမ်ားလာျခင္း၊အစာအိမ္နာေရာဂါျဖစ္ျခင္း၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါျဖစ္ေစျခင္း၊ ေအာ့အန္ျခင္း တို႔ကိုျဖစ္ေစႏိုင္ပါတယ္။

ဒီထက္ပိုဆိုးလာရင္ေတာ့ ကိုယ္ဝန္ပ်က္ျခင္း နဲ႔ မ်က္လုံးေသြးေၾကာေတြထိခိုက္တာမ်ိဳးအထိျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကားမီးေလာင္ျခင္း၊က်န္းမာေရးထိခိုက္ျခင္း စတဲ့ရန္ကေန ကင္းေဝးဖို႔အတြက္ ေရသန႔္ဗူးေတြကို ေနပူထဲ၊ ကားထဲမွာ ထားခဲ့ျခင္းကို ဆင္ျခင္ၾကဖို႔ ႏိုင္ငံတကာမီးသတ္အဖြဲ႕ေတြက သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။

Unicode

About the author

Aung Lay

Leave a Comment