စိုင္းစိုင္းကေတာ့ ဒီႏွစ္သူ႔ရဲ႕ Birthday Show ကို SAISAI PAY ကေန အခမဲ့ထုတ္လႊင့္ၿပီး ဒီပြဲေလးမွာ Covid – 19 ကုသေရးနဲ႔ ကာကြယ္ေရးအတြက္ အလႉခံခဲ့ပါတယ္။စိုင္းစိုင္းခ်စ္သူခင္သူေတြရဲ႕ဝိုင္းဝန္းလႉတန္းမႈေၾကာင့္ အလႉေငြသိန္း (၈၀၀) အထိရရွိခဲ့ၿပီး အဲ့ဒီအလႉေငြထဲကမွ ေငြက်ပ္သိန္း ၃၀၀ ကို Covid အေရးေပၚတုံ႔ျပန္ေရးေကာ္မတီကို လႉဒါန္းခဲ့ပါေသးတယ္။ဒါ့အျပင္ ေငြက်ပ္သိန္း ၃၀၀ ကို ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးကိုလည္း ထပ္မံလႉဒါန္းခဲ့ပါေသးတယ္။
ဒီေန႔မွာလည္းက်န္ရွိေနတဲ့အလႉေငြထဲကေန စိုင္းစိုင္းက ရန္ကုန္တိုင္းအစိုးရကို အသက္ရႉစက္ ( Ventilator ) တစ္လုံး လႉဒါန္းခဲ့ပါတယ္။ အဆိုပါအသက္ရႉစက္ကိုေတာ့ ေဖာင္ႀကီးေဆး႐ုံမွာထားရွိမွာျဖစ္ၿပီး အသက္ရႉစက္ကမူလေဈးနဲ႔သိန္း ၂၂၀ တန္ဖိုးက်သင့္မွာျဖစ္ေပမဲ့ discount ေပးတာရယ္ exchange rate ေျပာင္းတာရယ္နဲ႔ အခုေငြရွင္းတဲ့အခ်ိန္မွာ ၁၉၇၄၀၀၀၀ က်ပ္ပဲ ေပးေခ်ခဲ့ရတယ္လို႔သိရပါတယ္။ ဒါေၾကာင့္ စိုင္းစိုင္းဆီမွာ Birthday Show မွရရွိခဲ့တဲ့စုေပါင္းအလႉေငြဟာ ၅၃၉၈၆၀ က်ပ္နဲ႔ US$ 3000 က်န္ရွိေနေသးတာျဖစ္ၿပီး ေနာက္တစ္ေခါက္လည္းထပ္မံလႉဒါန္းမႈေတြကိုလည္းျပဳလုပ္သြားမွာျဖစ္ပါတယ္။
ဒီအလႉက စိုင္းစိုင္းနဲ႔အတူပရိသတ္မ်ားမိတ္ေဆြလုပ္ငန္းရွင္မ်ား Birthday Show မွာ ပါဝင္တဲ့ အႏုပညာရွင္ အတတ္ပညာရွင္မ်ားရဲ႕ စုေပါင္းအလႉျဖစ္ၿပီး ဒီေန႔အထိလႉဒါန္းၿပီး စုစုေပါင္းအလႉေငြ ၇၉၇ သိန္း ၄ ေသာင္းက်ပ္တိတိရွိၿပီ ျဖစ္ေၾကာင္းသိရပါတယ္။ ဒီေန႔အလႉမွာေတာ့ စိုင္းစိုင္းနဲ႔အတူ ဦးေဇာ္မင္း( မဂၤလာ႐ုပ္ရွင္႐ုံ )မွလည္း က်ပ္သိန္း (၁၀၀)တိတိထပ္မံလႉဒါန္းခဲ့တာျဖစ္ၿပီးေတာ့ အဆိုပါအလႉအေၾကာင္းကိုစိုင္းစိုင္းကသူ႔ရဲ႕လူမႈကြန္ရက္မွာေရးသားေဖာ္ျပထားခဲ့တာျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ စိုင္းစိုင္းရဲ႕အလႉအတြက္သာဓုေခၚခဲ့ၾကပါဦးေနာ္…။
Source:Sai Sai Kham Leng
Unicode
စိုင်းစိုင်းကတော့ ဒီနှစ်သူ့ရဲ့ Birthday Show ကို SAISAI PAY ကနေ အခမဲ့ထုတ်လွှင့်ပြီး ဒီပွဲလေးမှာ Covid – 19 ကုသရေးနဲ့ ကာကွယ်ရေးအတွက် အလှူခံခဲ့ပါတယ်။စိုင်းစိုင်းချစ်သူခင်သူတွေရဲ့ဝိုင်းဝန်းလှူတန်းမှုကြောင့် အလှူငွေသိန်း (၈၀၀) အထိရရှိခဲ့ပြီး အဲ့ဒီအလှူငွေထဲကမှ ငွေကျပ်သိန်း ၃၀၀ ကို Covid အရေးပေါ်တုံ့ပြန်ရေးကော်မတီကို လှူဒါန်းခဲ့ပါသေးတယ်။ဒါ့အပြင် ငွေကျပ်သိန်း ၃၀၀ ကို ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးကိုလည်း ထပ်မံလှူဒါန်းခဲ့ပါသေးတယ်။
ဒီနေ့မှာလည်းကျန်ရှိနေတဲ့အလှူငွေထဲကနေ စိုင်းစိုင်းက ရန်ကုန်တိုင်းအစိုးရကို အသက်ရှူစက် ( Ventilator ) တစ်လုံး လှူဒါန်းခဲ့ပါတယ်။ အဆိုပါအသက်ရှူစက်ကိုတော့ ဖောင်ကြီးဆေးရုံမှာထားရှိမှာဖြစ်ပြီး အသက်ရှူစက်ကမူလဈေးနဲ့သိန်း ၂၂၀ တန်ဖိုးကျသင့်မှာဖြစ်ပေမဲ့ discount ပေးတာရယ် exchange rate ပြောင်းတာရယ်နဲ့ အခုငွေရှင်းတဲ့အချိန်မှာ ၁၉၇၄၀၀၀၀ ကျပ်ပဲ ပေးချေခဲ့ရတယ်လို့သိရပါတယ်။ ဒါကြောင့် စိုင်းစိုင်းဆီမှာ Birthday Show မှရရှိခဲ့တဲ့စုပေါင်းအလှူငွေဟာ ၅၃၉၈၆၀ ကျပ်နဲ့ US$ 3000 ကျန်ရှိနေသေးတာဖြစ်ပြီး နောက်တစ်ခေါက်လည်းထပ်မံလှူဒါန်းမှုတွေကိုလည်းပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီအလှူက စိုင်းစိုင်းနဲ့အတူပရိသတ်များမိတ်ဆွေလုပ်ငန်းရှင်များ Birthday Show မှာ ပါဝင်တဲ့ အနုပညာရှင် အတတ်ပညာရှင်များရဲ့ စုပေါင်းအလှူဖြစ်ပြီး ဒီနေ့အထိလှူဒါန်းပြီး စုစုပေါင်းအလှူငွေ ၇၉၇ သိန်း ၄ သောင်းကျပ်တိတိရှိပြီ ဖြစ်ကြောင်းသိရပါတယ်။ ဒီနေ့အလှူမှာတော့ စိုင်းစိုင်းနဲ့အတူ ဦးဇော်မင်း( မင်္ဂလာရုပ်ရှင်ရုံ )မှလည်း ကျပ်သိန်း (၁၀၀)တိတိထပ်မံလှူဒါန်းခဲ့တာဖြစ်ပြီးတော့ အဆိုပါအလှူအကြောင်းကိုစိုင်းစိုင်းကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ စိုင်းစိုင်းရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်…။
Source:Sai Sai Kham Leng