Video ၾကားသိရသမ်ွ
ဆင်းရဲတဲ့ ကရင်မလေး တစ်ဦးက မရှက်ဘဲ မျက်ရည်ကျပြီး ရင်ဖွင့်သွားတဲ့ စကားသံ
Written by Aung Lay
“ဒီလိုမ်ိဳး တစ္ခါမွ မရဖူးဘူး”
Unicode
“ဒီလိုမျိုး တစ်ခါမှ မရဖူးဘူး”
“အခုလည်း ဘယ်သူမှ မခေါ်ဘူး ကိုယ့်ဟာကိုယ် လာတာပါ”
ဆိုပြီး မျက်ရည်တွေ ဝိုင်းနေတဲ့ အရိုးခံ ကရင်မလေး ရဲ့ စကားတွေဟာ ကြားရင် ရင်ထဲမှာ ထိရှသွားကြမှာပါ။
( ဗီဒီယို ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )
သူမဟာ မိဘတွေလည်း မရှိတော့ပါဘူးတဲ့။ အခုလိုမျိုး အသွားအလာ ကန့်သတ်ထားချိန် အလုပ်တွေလည်း ရှားပါးနေလို့ သူတို့လေးတွေ အခက်တွေ့နေကြပါတယ်။
အခုလို အချိန်မှာ အလှူရှင်တွေ လာပေးတဲ့အတွက် သူမအနေနဲ့ ဖော်မပြနိုင်တဲ့ ခံစားချက်တွေဟာ ရင်ဘတ်ထဲကနေ မျက်ရည်အဖြစ်စီးကျနေတာ မြင်တဲ့ အတိုင်းပါပဲ။
ဒါတွေဟာ တကယ့်ကို အောက်ခြေက ပြည်သူတွေရဲ့ အသံဆိုလည်း မမှားပါဘူး။ သူတို့တွေ အလုပ်အကိုင်တွေလည်း မရှိဘူးတဲ့။
ရိုးသားလိုက်တဲ့ ညီမလေးရယ်..။ ဘဝကို ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်နိုင်မယ့် ပတ်ဝန်းကျင်ကောင်းကို ငတ်မွတ်နေရှာတာ မြင်ပြီး ရင်ထဲ မကောင်းဖြစ်မိပါတယ်..။ လေးစားမိပါတယ်။
သူတို့လေးတွေရှိရာက ကျိုက်မရော ဥတိုချောင်းရွာ မှာပါ။ တတ်နိုင်သူများလည်း သွားရောက် ကူညီပေးကြပါနော်။
ရုပ်သံဖိုင်ကို ကြည့်ရန် နှိပ်ပါ
နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ
Video and Photo > Zin Moe
About the author
Aung Lay
Leave a Comment