News

ဇွဲကပင်တောင်ပေါ်က တက္ကသိုလ်ကျောင်းသူလေး သေဆုံးခြင်းနောက်ကွယ်က အကြောင်းများ ထွက်ပေါ်လာ

Written by Aung Lay

ယခု သတင်းကို ( Tin Htoo Wai ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်ဇွဲကပင်တောင်ပေါ်ကို တစ်ယောက်ထဲတက်သွားပြီး ပျောက်ဆုံးနေတဲ့ ကောင်မလေး ဇာခြည်မြင့်မြတ်ပျောက်တဲ့မနက်
(၂၅-၆-၂၀၂၀) မနက်ဘက် ရန်ကုန်မှာရှိနေရာကနေ မိသားစုနဲ့အတူ ကားနဲ့ပြန်လာပါတယ်။ ဘားအံကို နေ့လည်မှာရောက်ရှိပါတယ်။ဘားအံတက္ကသိုလ်မှာ ဂုဏ်ထူးတန်း ပထမနှစ်တက်နေတဲ့ အဆောင်နေ အသက် ၂၀ ဝန်းကျင် ကျောင်းသူတစ်ယောက်ပါ။ သူမမှာစိတ်ညစ်စရာ မိသားစုပြသာနာရှိပါတယ်။အဲ့ဒီနေ့ ရန်ကုန်ကပြန်အလာ သင်တန်းတစ်ခုတက်တာ နေ့လည် (၂) နာရီကျော်ကျော်လောက်မှာ ပြီးပါတယ်။

သူ့သူငယ်ချင်းကို မတက်ခင်ညကတောင်တက်ဖို့ခေါ်တယ်။…သူ့သူငယ်ချင်း က တောင်ပေါ်ကို ဘာသွားလုပ်မှာလဲ မေးတော့(ငါဆက်မနေချင်တော့ဘူး လို့ ဖြေပါတယ်)သူ့သူငယ်ချင်းနဲ့ နောက်ဆုံးတွေ့ပြီး မုန့်စားချိန် သူငိုဝမ်းနည်းပြီးငိုတယ်။သူ့သူငယ်ချင်းကို လိမ်လိမ်မာမာနေဖို့မှာသွားတယ်။မုန့်အတူစားကြပါသေးတယ်။

သူနဲ့အတူ သူငယ်ချင်းကို ဇွဲကပင်တက်ဖို့ခေါ်ပါတယ်။သူ့သူငယ်ချင်းက မလိုက်တော့ သူပဲ တစ်ယောက်ထဲပဲတက်သွားပါတယ်။(သူ့သူငယ်ချင်းကို အရင်အခါတွေက အဆုံးစီရင်ဖို့ ၂ ခါရင်ဖွင့်ဖူးတယ်။သူ့သူငယ်ချင်းတွေက ဖြောင်းဖြလို့ သူအဲ့ဒီအခါတွေက မလုပ်ခဲ့ဘူး)သူမနေ့ညနေက ဇွဲကပင်အနောက်ဘက်ခြမ်း လုဗ္မိနီဥယျဉ်ဘက်နေ အလှူခံဌာနမှာ ငွေ (၅၀၀၀) လှူပြီး တောင်ပေါ်ကိုတက်ပါတယ်။

အထက်ရေတံခွန်နားမှာ သူစီးသွားတဲ့ ဖိနပ်ကို ချွတ်ထားလျှက် တွေ့ရှိရပါတယ်။ကောင်မလေးစီးလာတဲ့ဆိုင်ကယ်ကို တောင်ခြေက ဆိုင်ကယ်အပ်တဲ့ဌာနမှာ အပ်ခဲ့ပါတယ်။(မီးသတ်တပ်ဖွဲ့ဝင်များမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ရင်းတွေ့ရတာပါ။) ရဲတပ်ဖွဲ့မှာ Drone နဲ့ထပ်မံတက်ရှာပေမယ့် drone သေးနေပြီး အပင်များရှိတာကြောင့် ရှာဖွေမရပါဘူး။

ညနေ ၃:၃၀ အချိန်မှာ ဇွဲကပင်တောင်အမြဲတက်နေတဲ့ သူများမှာ ဇွဲကပင်တောင်စေတီအနီး ကရင်မောင်နှမနတ်နန်းအပေါ်ဘက်ခြမ်း ရေကန်အနီး ကျောက်ကမ်းပါးအကွေ့ ကျောက်စွန်းရဲ့ ကျောက်(၂) လုံးကြားမှာတွေ့ပါတယ်။
သူ့အမေက သူ့သမီးဆိုင်ကယ်သော့ဖြစ်ကြောင်း အတည်ပြုပါတယ်။(ဆိုင်ကယ်သော့တွေ့တာ တောင်အမြဲတက်နေတဲ့ အနီးအနားကျေးရွာက ရွာသားတစ်ယောက်တွေ့ခဲ့တာဖြစ်ပြီး သော့တွေ့သူကိုယ်တိုင် နောက်တစ်ခါဇွဲကပင်ာင်ကို ချက်ချင်းပြန်တက်ပြီး နေရာအမှတ်အသားပြသပေးခြင်းနဲ့တခြားလိုအပ်တာတွေကို အပင်ပန်းခံကူညီပေးသွားပါတယ်။)

ဇွဲကပင်တောင်ပေါ် နိုင်ငံခြားသားခုန်ချခဲ့ဖူးတဲ့ အိမ်သာခေါင်းမိုးပေါ်မှာ ကောင်မလေးကို တွေ့လို့ ဦးဇင်းတစ်ပါးကအော်ဟစ်သတိပေးမှ ပြန်ဆင်းလာတယ်လို့ တောင်ပေါ်မှ ဦးဇင်းတွေပြောပါတယ်။ဇွဲကပင်တောင်အရှေ့ဘက်ခြမ်းကနေ ကောင်မလေးကို ကောင်လေးတစ်ယောက်လာခေါ်သွားတယ်ဆိုတာ အတည်ပြုမရပါ။မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ မြို့မှစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ၊ကောင်မလေးသူငယ်ချင်းများ အဲ့ဒီကောင်မလေးတစ်ယောက်ကို ကောင်လေးလာခေါ်သွားတယ်ဆိုတဲ့ အတည်ပြုချက်မျိုး အမျိုးမျိုးသွားမေးသော်လဲ အတည်ပြုမရခဲ့ပါ။

1 – ကောင်မလေးဟာ ဇွဲကပင်တောင်မတက်ခင် မိသားစုပြသာနာကြောင့် စိတ်တအားထိခိုက်နေပါတယ်။(သူ့မိခင်ပြောပြချက်အရ သူဟာ မိသားစုနဲ့ သူ့အစ်ကိုကို အရမ်းချစ်တဲ့သူတစ်ယောက်ဖြစ်ပြီး အဲ့ဒီကိစ္စတွေနဲ့ စိတ်ထိခိုက်နေပါတယ်)

2 – ကောင်မလေးမှာ ချစ်သူ ရည်းစား လုံးဝမရှိပါ။ သူ့နဲ့အနီးဆုံးနေသည့် မိန်းကလေးသူငယ်ချင်းများစွာကိုရော သေချာမေးမြန်းခဲ့ပါတယ်။ ဒီခေတ်ကလဲ ရည်းစားသာမက Ex ရှိခဲ့ရင်တောင် ဘယ်လိုဖြစ်ဖြစ်သိနိုင်တဲ့ အခြေအနေမျိုးပါ။

သူ့ Facebook အကောင့် Gmail ထဲမှာအချက်အလက်တွေကိုရော ရှာဖွေစစ်ဆေးချက်များအရ လုံးဝ ချစ်သူ ရည်းစား မရှိပါ။သူမရဲ့ အလောင်း ကို ဘားအံရင်ခွဲရုံကိုပို့ဆောင်ထားပါတယ်။

Tin Htoo Wai

Zawgyi

ယခု သတင္းကို ( Tin Htoo Wai ) စာမ်က္ႏွာမွ တစ္ဆင့္ ျပန္လည္ မွ်ေဝ တင္ဆက္ျခင္း ျဖစ္ပါသည္ဇြဲကပင္ေတာင္ေပၚကို တစ္ေယာက္ထဲတက္သြားၿပီး ေပ်ာက္ဆုံးေနတဲ့ ေကာင္မေလး ဇာျခည္ျမင့္ျမတ္ေပ်ာက္တဲ့မနက္
(၂၅-၆-၂၀၂၀) မနက္ဘက္ ရန္ကုန္မွာရွိေနရာကေန မိသားစုနဲ႔အတူ ကားနဲ႔ျပန္လာပါတယ္။ ဘားအံကို ေန႔လည္မွာေရာက္ရွိပါတယ္။

ဘားအံတကၠသိုလ္မွာ ဂုဏ္ထူးတန္း ပထမႏွစ္တက္ေနတဲ့ အေဆာင္ေန အသက္ ၂၀ ဝန္းက်င္ ေက်ာင္းသူတစ္ေယာက္ပါ။ သူမမွာစိတ္ညစ္စရာ မိသားစုျပသာနာရွိပါတယ္။အဲ့ဒီေန႔ ရန္ကုန္ကျပန္အလာ သင္တန္းတစ္ခုတက္တာ ေန႔လည္ (၂) နာရီေက်ာ္ေက်ာ္ေလာက္မွာ ၿပီးပါတယ္။

သူ႔သူငယ္ခ်င္းကို မတက္ခင္ညကေတာင္တက္ဖို႔ေခၚတယ္။…သူ႔သူငယ္ခ်င္း က ေတာင္ေပၚကို ဘာသြားလုပ္မွာလဲ ေမးေတာ့(ငါဆက္မေနခ်င္ေတာ့ဘူး လို႔ ေျဖပါတယ္)သူ႔သူငယ္ခ်င္းနဲ႔ ေနာက္ဆုံးေတြ႕ၿပီး မုန႔္စားခ်ိန္ သူငိုဝမ္းနည္းၿပီးငိုတယ္။သူ႔သူငယ္ခ်င္းကို လိမ္လိမ္မာမာေနဖို႔မွာသြားတယ္။မုန႔္အတူစားၾကပါေသးတယ္။

သူနဲ႔အတူ သူငယ္ခ်င္းကို ဇြဲကပင္တက္ဖို႔ေခၚပါတယ္။သူ႔သူငယ္ခ်င္းက မလိုက္ေတာ့ သူပဲ တစ္ေယာက္ထဲပဲတက္သြားပါတယ္။(သူ႔သူငယ္ခ်င္းကို အရင္အခါေတြက အဆုံးစီရင္ဖို႔ ၂ ခါရင္ဖြင့္ဖူးတယ္။သူ႔သူငယ္ခ်င္းေတြက ေျဖာင္းျဖလို႔ သူအဲ့ဒီအခါေတြက မလုပ္ခဲ့ဘူး)သူမေန႔ညေနက ဇြဲကပင္အေနာက္ဘက္ျခမ္း လုဗၼိနီဥယ်ဥ္ဘက္ေန အလႉခံဌာနမွာ ေငြ (၅၀၀၀) လႉၿပီး ေတာင္ေပၚကိုတက္ပါတယ္။

အထက္ေရတံခြန္နားမွာ သူစီးသြားတဲ့ ဖိနပ္ကို ခြၽတ္ထားလွ်က္ ေတြ႕ရွိရပါတယ္။ေကာင္မေလးစီးလာတဲ့ဆိုင္ကယ္ကို ေတာင္ေျခက ဆိုင္ကယ္အပ္တဲ့ဌာနမွာ အပ္ခဲ့ပါတယ္။(မီးသတ္တပ္ဖြဲ႕ဝင္မ်ားမွာ ရွာေဖြကယ္ဆယ္ေရးလုပ္ရင္းေတြ႕ရတာပါ။) ရဲတပ္ဖြဲ႕မွာ Drone နဲ႔ထပ္မံတက္ရွာေပမယ့္ drone ေသးေနၿပီး အပင္မ်ားရွိတာေၾကာင့္ ရွာေဖြမရပါဘူး။

ညေန ၃:၃၀ အခ်ိန္မွာ ဇြဲကပင္ေတာင္အၿမဲတက္ေနတဲ့ သူမ်ားမွာ ဇြဲကပင္ေတာင္ေစတီအနီး ကရင္ေမာင္ႏွမနတ္နန္းအေပၚဘက္ျခမ္း ေရကန္အနီး ေက်ာက္ကမ္းပါးအေကြ႕ ေက်ာက္စြန္းရဲ႕ ေက်ာက္(၂) လုံးၾကားမွာေတြ႕ပါတယ္။
သူ႔အေမက သူ႔သမီးဆိုင္ကယ္ေသာ့ျဖစ္ေၾကာင္း အတည္ျပဳပါတယ္။(ဆိုင္ကယ္ေသာ့ေတြ႕တာ ေတာင္အၿမဲတက္ေနတဲ့ အနီးအနားေက်း႐ြာက ႐ြာသားတစ္ေယာက္ေတြ႕ခဲ့တာျဖစ္ၿပီး ေသာ့ေတြ႕သူကိုယ္တိုင္ ေနာက္တစ္ခါဇြဲကပင္ာင္ကို ခ်က္ခ်င္းျပန္တက္ၿပီး ေနရာအမွတ္အသားျပသေပးျခင္းနဲ႔တျခားလိုအပ္တာေတြကို အပင္ပန္းခံကူညီေပးသြားပါတယ္။)

ဇြဲကပင္ေတာင္ေပၚ ႏိုင္ငံျခားသားခုန္ခ်ခဲ့ဖူးတဲ့ အိမ္သာေခါင္းမိုးေပၚမွာ ေကာင္မေလးကို ေတြ႕လို႔ ဦးဇင္းတစ္ပါးကေအာ္ဟစ္သတိေပးမွ ျပန္ဆင္းလာတယ္လို႔ ေတာင္ေပၚမွ ဦးဇင္းေတြေျပာပါတယ္။ဇြဲကပင္ေတာင္အေရွ႕ဘက္ျခမ္းကေန ေကာင္မေလးကို ေကာင္ေလးတစ္ေယာက္လာေခၚသြားတယ္ဆိုတာ အတည္ျပဳမရပါ။ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ဝင္မ်ား ၊ ၿမိဳ႕မွစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ား ၊ေကာင္မေလးသူငယ္ခ်င္းမ်ား အဲ့ဒီေကာင္မေလးတစ္ေယာက္ကို ေကာင္ေလးလာေခၚသြားတယ္ဆိုတဲ့ အတည္ျပဳခ်က္မ်ိဳး အမ်ိဳးမ်ိဳးသြားေမးေသာ္လဲ အတည္ျပဳမရခဲ့ပါ။

1 – ေကာင္မေလးဟာ ဇြဲကပင္ေတာင္မတက္ခင္ မိသားစုျပသာနာေၾကာင့္ စိတ္တအားထိခိုက္ေနပါတယ္။(သူ႔မိခင္ေျပာျပခ်က္အရ သူဟာ မိသားစုနဲ႔ သူ႔အစ္ကိုကို အရမ္းခ်စ္တဲ့သူတစ္ေယာက္ျဖစ္ၿပီး အဲ့ဒီကိစၥေတြနဲ႔ စိတ္ထိခိုက္ေနပါတယ္)

2 – ေကာင္မေလးမွာ ခ်စ္သူ ရည္းစား လုံးဝမရွိပါ။ သူ႔နဲ႔အနီးဆုံးေနသည့္ မိန္းကေလးသူငယ္ခ်င္းမ်ားစြာကိုေရာ ေသခ်ာေမးျမန္းခဲ့ပါတယ္။ ဒီေခတ္ကလဲ ရည္းစားသာမက Ex ရွိခဲ့ရင္ေတာင္ ဘယ္လိုျဖစ္ျဖစ္သိႏိုင္တဲ့ အေျခအေနမ်ိဳးပါ။

သူ႔ Facebook အေကာင့္ Gmail ထဲမွာအခ်က္အလက္ေတြကိုေရာ ရွာေဖြစစ္ေဆးခ်က္မ်ားအရ လုံးဝ ခ်စ္သူ ရည္းစား မရွိပါ။သူမရဲ႕ အေလာင္း ကို ဘားအံရင္ခြဲ႐ုံကိုပို႔ေဆာင္ထားပါတယ္။

Tin Htoo Wai

About the author

Aung Lay

Leave a Comment