စာေရးဆရာမၾကီး မစႏၵာရဲ့ နာမည္ၾကီးဝတၳဳတစ္ပုဒ္ျဖစ္တဲ့ “အရိပ္” ဟာ စာဖတ္သူ ပရိသတ္ေတြၾကားမွာ ေတာ္ေတာ္ေလး နာမည္ၾကီးခဲ့တာပဲ ျဖစ္ပါတယ္။ “အရိပ္” ကို တီဗီဇာတ္လမ္းတြဲေတြအျဖစ္ ရိုက္ကူးျပသစဥ္ကတည္း ပရိသတ္ အားေပးမႈကို ရရိွခဲ့တာသလို အခု ဒုတိယအၾကိမ္ ျပန္လည္ထုတ္လႊင့္ေတာ့လည္း အားေပးေနၾကဆဲ ျဖစ္ပါတယ္။ “အရိပ္” ဇာတ္လမ္းတြဲလို့ ေျပာလိုက္တာနဲ့ ေမတၱာရွင္ သူနာျပဳဆရာမေလးအျဖစ္ သရုပ္ေဆာင္ထားတဲ့ နန္းစႏၵာလွထြန္းကိုပါ တြဲျမင္ၾကမယ္ ထင္ပါတယ္ေနာ္။
ဒီေန့မွာေတာ့ “အရိပ္” ဇာတ္လမ္းတြဲထဲက သူနာျပဳမေလး သက္သက္အျဖစ္ သရုပ္ေဆာင္ထားတဲ့ နန္းစႏၵာလွထြန္းက “ေရွ႕တန္းတိုက္စစ္မႉး က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ေစတနာရွင္ ပရဟိတ အဖြဲ႕မ်ားကို သက္သက္နဲ႔အတူ ဂုဏ္ျပဳပါတယ္ေနာ္ ☺️❤️” ဆိုျပီး သက္သက္အျဖစ္ သရုပ္ေဆာင္ထားတဲ့ ပံုရိပ္ေလးေတြကို ျပန္လည္ မွ်ေဝေပးထားပါတယ္။
နန္းစႏၵာလွထြန္းကေတာ့ ျပည္သူတစ္ေယာက္ပီပီ ေရွ့တန္းတိုက္စစ္မွဴး က်န္းမာေရးဝန္ထမ္းမ်ားနဲ့ ပရဟိတအဖြဲ့သားမ်ားကို ေက်းဇူးတင္ ဂုဏ္ျပဳစကားေလး ေျပာထားတာ ျဖစ္ပါတယ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရိွပါတယ္။
Source: Nan Sandar Hla Htun’s fb
Unicode
စာရေးဆရာမကြီး မစန္ဒာရဲ့ နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ “အရိပ်” ဟာ စာဖတ်သူ ပရိသတ်တွေကြားမှာ တော်တော်လေး နာမည်ကြီးခဲ့တာပဲ ဖြစ်ပါတယ်။ “အရိပ်” ကို တီဗီဇာတ်လမ်းတွဲတွေအဖြစ် ရိုက်ကူးပြသစဉ်ကတည်း ပရိသတ် အားပေးမှုကို ရရှိခဲ့တာသလို အခု ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်တော့လည်း အားပေးနေကြဆဲ ဖြစ်ပါတယ်။ “အရိပ်” ဇာတ်လမ်းတွဲလို့ ပြောလိုက်တာနဲ့ မေတ္တာရှင် သူနာပြုဆရာမလေးအဖြစ် သရုပ်ဆောင်ထားတဲ့ နန်းစန္ဒာလှထွန်းကိုပါ တွဲမြင်ကြမယ် ထင်ပါတယ်နော်။
ဒီနေ့မှာတော့ “အရိပ်” ဇာတ်လမ်းတွဲထဲက သူနာပြုမလေး သက်သက်အဖြစ် သရုပ်ဆောင်ထားတဲ့ နန်းစန္ဒာလှထွန်းက “ရှေ့တန်းတိုက်စစ်မှူး ကျန်းမာရေးဝန်ထမ်းများနှင့်စေတနာရှင် ပရဟိတ အဖွဲ့များကို သက်သက်နဲ့အတူ ဂုဏ်ပြုပါတယ်နော် ☺️❤️” ဆိုပြီး သက်သက်အဖြစ် သရုပ်ဆောင်ထားတဲ့ ပုံရိပ်လေးတွေကို ပြန်လည် မျှဝေပေးထားပါတယ်။
နန်းစန္ဒာလှထွန်းကတော့ ပြည်သူတစ်ယောက်ပီပီ ရှေ့တန်းတိုက်စစ်မှူး ကျန်းမာရေးဝန်ထမ်းများနဲ့ ပရဟိတအဖွဲ့သားများကို ကျေးဇူးတင် ဂုဏ်ပြုစကားလေး ပြောထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။