Cele News

အောင်မြင်ဖို့ရည်ရွယ်ပြီး အလှူ တွေလုပ်တာမဟုတ်ဘူးဆိုတဲ့ ဖြူဖြူထွေး

Written by Aung Lay

ဖြူဖြူထွေးကတော့ အခုဆိုရင် ပရိသတ်အခိုင်အမာရရှိလာတဲ့ သရုပ်ဆောင် တစ်ဦးဖြစ် လို့နေပါပြီ။ စိတ်ရင်း စေတနာထားပြီး လုပ်ခဲ့တဲ့ အလှူအတန်းတွေကြောင့် အခုလို အောင်မြင် လာတာလို့လည်း Duwun ကနေ ပြောပြလာပါတယ်။

“ အခုလိုဖြစ်လာတာက ပြောရမယ်ဆိုရင် အလှူအတန်းလေးတွေလည်း လုပ်လို့ပါ။ အလှူအ တန်း လုပ်တယ်ဆိုတာကလည်း အောင်မြင်မှုရဖို့ ရည်ရွယ်ပြီးလုပ်ခဲ့ တာမဟုတ်ဘူး။ ကိုယ့် ရဲ့ စေတနာ၊ သဒ္ဒါတရားလေးတွေ ပေါင်းပြီးတော့ အလှူအတန်းလုပ်ခဲ့တာ ဖြစ်တဲ့အတွ က် ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ် အလှူအတန်းလုပ်တဲ့သူဟာ တကယ် ငွေမပျက်ဘူးဆို တာ မှန်တယ်” လို့ ဇွန်လ(၁၁) ရက်နေ့က ခန့်စည်သူရဲ့ မွေးနေ့ အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

အလှူအတန်းတွေ လုပ်ရင် ကိုယ့်မှာရှိတဲ့ ငွေကြေးတွေ ကုန်သွားတယ်လို့ မထင်စေချင် ဘူးလို့ လည်း ဖြူဖြူထွေးက ပြောလာပါတယ်။ အခုဆိုရင်တော့ သူမဟာ မိဘနှစ်ပါးကို ရန် ကုန်မှာရော၊ ရွာမှာရော တိုက်ကောင်းကောင်းနဲ့ ထားနိုင်ပါပြီတဲ့။

“ တချို့တွေက ထင်ကြတယ် လှူလိုက်ရင် ကုန်သွားပြီလို့ ထင်ကြတာပေါ့။ အမှန်ကတော့ လှူလိုက်လို့ရှိရင် ပိုပြီး ပွားလာတာပါ။ ပွားလာတယ်ဆိုတာကလည်း ကိုယ်ကြိုးစားမှ ရတာပါ။ ပွားလာတာ ဆိုပြီး လှူပဲ လှူမနေကြနဲ့ပေါ့။ ပိုက်ဆံကလည်း စုဖြစ်တယ်။ အိမ်ကတော့ တော်ပါပြီ ရန်ကုန်မှာ တစ်တိုက်၊ ရွာမှာ တစ်တိုက် ဆိုရင် တော်ပြီ။ အိမ်တွေက များနေပြီ။ အခု နှစ်အိမ်တောင်မှ ဟိုဘက်ပြေးလိုက်၊ ဒီဘက်ပြေးလိုက်နဲ့” ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါတယ်။

ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ သာမက ရုပ်ရှင်ဇာတ်ကား ကြီးတွေတောင် ရိုက်ကူးနေရပါပြီ။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင် လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်ဆောက်ပေးထားသူလေးလည်း ဖြစ်ပါတယ်။

Zawgyi

ျဖဴျဖဴေထြးကေတာ့ အခုဆိုရင္ ပရိသတ္အခိုင္အမာရရွိလာတဲ့ သ႐ုပ္ေဆာင္ တစ္ဦးျဖစ္ လို႔ေနပါၿပီ။ စိတ္ရင္း ေစတနာထားၿပီး လုပ္ခဲ့တဲ့ အလႉအတန္းေတြေၾကာင့္ အခုလို ေအာင္ျမင္ လာတာလို႔လည္း Duwun ကေန ေျပာျပလာပါတယ္။

“ အခုလိုျဖစ္လာတာက ေျပာရမယ္ဆိုရင္ အလႉအတန္းေလးေတြလည္း လုပ္လို႔ပါ။ အလႉအ တန္း လုပ္တယ္ဆိုတာကလည္း ေအာင္ျမင္မႈရဖို႔ ရည္႐ြယ္ၿပီးလုပ္ခဲ့ တာမဟုတ္ဘူး။ ကိုယ့္ ရဲ႕ ေစတနာ၊ သဒၵါတရားေလးေတြ ေပါင္းၿပီးေတာ့ အလႉအတန္းလုပ္ခဲ့တာ ျဖစ္တဲ့အတြ က္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္တယ္ အလႉအတန္းလုပ္တဲ့သူဟာ တကယ္ ေငြမပ်က္ဘူးဆို တာ မွန္တယ္” လို႔ ဇြန္လ(၁၁) ရက္ေန႔က ခန႔္စည္သူရဲ႕ ေမြးေန႔ အလႉကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

အလႉအတန္းေတြ လုပ္ရင္ ကိုယ့္မွာရွိတဲ့ ေငြေၾကးေတြ ကုန္သြားတယ္လို႔ မထင္ေစခ်င္ ဘူးလို႔ လည္း ျဖဴျဖဴေထြးက ေျပာလာပါတယ္။ အခုဆိုရင္ေတာ့ သူမဟာ မိဘႏွစ္ပါးကို ရန္ ကုန္မွာေရာ၊ ႐ြာမွာေရာ တိုက္ေကာင္းေကာင္းနဲ႔ ထားႏိုင္ပါၿပီတဲ့။

“ တခ်ိဳ႕ေတြက ထင္ၾကတယ္ လႉလိုက္ရင္ ကုန္သြားၿပီလို႔ ထင္ၾကတာေပါ့။ အမွန္ကေတာ့ လႉလိုက္လို႔ရွိရင္ ပိုၿပီး ပြားလာတာပါ။ ပြားလာတယ္ဆိုတာကလည္း ကိုယ္ႀကိဳးစားမွ ရတာပါ။ ပြားလာတာ ဆိုၿပီး လႉပဲ လႉမေနၾကနဲ႔ေပါ့။ ပိုက္ဆံကလည္း စုျဖစ္တယ္။ အိမ္ကေတာ့ ေတာ္ပါၿပီ ရန္ကုန္မွာ တစ္တိုက္၊ ႐ြာမွာ တစ္တိုက္ ဆိုရင္ ေတာ္ၿပီ။ အိမ္ေတြက မ်ားေနၿပီ။ အခု ႏွစ္အိမ္ေတာင္မွ ဟိုဘက္ေျပးလိုက္၊ ဒီဘက္ေျပးလိုက္နဲ႔” ဆိုၿပီးေတာ့လည္း ဆက္လက္ ေျပာျပလာပါတယ္။

ဟာသဗီဒီယိုဖိုင္ေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈေတြနဲ႔အတူ ေဝဖန္မႈေတြလည္း ႀကဳံခဲ့ရတဲ့ျဖဴျဖဴေထြးဟာ ယခုဆိုရင္ေတာ့ ဗီဒီယိုဇာတ္ကားေတြ သာမက ႐ုပ္ရွင္ဇာတ္ကား ႀကီးေတြေတာင္ ႐ိုက္ကူးေနရပါၿပီ။ သူမဟာ ေဝဖန္မႈေတြကိုႀကံ့ႀကံ့ခံၿပီး ကိုယ္ယုံၾကည္ရာကို ေလွ်ာက္လွမ္းလာတဲ့သူ ျဖစ္တာေၾကာင့္ သူ႔ကို ခ်စ္ခင္တဲ့ ပရိသတ္ေတြကိုလည္း ပိုင္ဆိုင္ လာခဲ့ၿပီ ျဖစ္ပါတယ္။ လက္ရွိမွာလည္း သူမရဲ႕ ႀကိဳးစားအားထုတ္မႈက ရတဲ့ အႏုပညာေၾကးနဲ႔ မိဘေတြကို တိုက္ေဆာက္ေပးထားသူေလးလည္း ျဖစ္ပါတယ္။

About the author

Aung Lay

Leave a Comment