Knowledge

မိုးကြိုးပစ်နေချိန် ဖုန်းသုံးရင် ကိုယ့်ကိုလာထိနိုင်လား..

Written by Aung Lay

နိုင်ငံတကာမှာရော မြန်မာပြည်က လူတွေဆီမှာပါ ယူဆချက်တစ်ခု ရှိပါတယ်။ မိုးပြင်းထန်နေချိန်၊ မိုးကြိုးတွေ တစ်ဒိုင်းဒိုင်းပစ်နေချိန်တွေမှာ မိုဘိုင်းလ်ဖုန်း သုံးတာ၊ ဖုန်းပြောတာတွေ ပြုလုပ်ခဲ့မယ်ဆိုရင် လျှပ်စစ်ဓာတ်ကို ဆွဲယူမိပြီး အသုံးပြုနေသူကို လာရောက် ထိမှန်တတ်တယ် ဆိုတာပါပဲ။

ဒီယူဆချက်ကို နိုင်ငံ အမြောက်အများက လူပေါင်း မြောက်များစွာက ယနေ့ထက်တိုင် ယုံကြည်နေ ကြပါတယ်။ တကယ်တမ်း မှာတော့ ဒီယူဆချက်ဟာ မှန်ကန်မှု မရှိပါဘူး။ ဥပမာ ပေးရရင် တောထဲသွားနေတဲ့ လူတစ်ယောက်ဟာ ဖုန်းကိုင်ထားတုန်း ကျားကိုက်ခံရတာကို ကျားက ဖုန်းကိုင်ထားလို့ လာကိုက်ပါတယ် လို့ ပြောနေသလိုပါပဲ။

တကယ်တော့ မိုးကြိုးဆိုတာဟာ တိမ်တောင်တွေ ကြားထဲက လျှပ်စစ်ဓာတ် စီးဆင်းမှုတစ်မျိုး ဖြစ်ပါတယ်။ တိပ်တောင်တွေရဲ့ အထက်ပိုင်းမှာ အဖိုလျှပ်စစ်ဓာတ် ရှိပြီးတော့ အောက်ခြေပိုင်းမှာ အမလျှပ်စစ်ဓာတ် ရှိပါတယ်။ ဒီအရာတွေက မြေပြင်ပေါ်ကို မိုးကြိုးပစ် ချစေအောင် ဖန်တီးတာ ဖြစ်ပါတယ်။

ပျမ်းမျှအားဖြင့် မိုးကြိုးတစ်ကြိမ် ပစ်လွှတ်ရင် ၅၀၀၀၀ ဒီဂရီ ဖာရင်ဟိုက် အပူချိန်နှုန်းနဲ့ ပစ်ချပါတယ်။ နေရဲ့ အပူချိန်ထက် ၅ ဆ ပိုများပါတယ်။ အလွန်လျှင်မြန်ပြီး အသံက နောက်က လိုက်ပါတယ်။

ဒါကြောင့် မိုးကြိုးပစ်သံ ကြားရပြီဆိုရင် ကိုယ့်ကို မိုးကြိုးလာမထိတာ သေချာပြီလို့ သိပ္ပံပညာရှင်တွေက ဆိုကြတာပါ။ မိုးကြိုးက ကိုယ့်ကို လာထိမှန်မယ် ဆိုရင် ဘာသံမှ ကိုယ်ကြားရမှာ မဟုတ်ပါဘူး။ ကိုယ့်အနီးနားက လူတွေကတော့ ကိုယ့်ကိုထိမှန်ပြီး စက္ကန့်ပိုင်းအကြာမှာ မိုးကြိုးပစ်သံ ကြားရပါလိမ့်မယ်။

ပျမ်းမျှအားဖြင့် ၅ စက္ကန့်ကို တစ်မိုင်လို့ သတ်မှတ်ထားပြီး လျှပ်စီးကို မြင်ရပြီးနောက် မိုးချိန်းသံကို ကြားရချိန်နဲ့ တိုက်ဆိုင်ပြီး ကိုယ်နဲ့ ဘယ်လောက် ဝေးဝေးမှာ မိုးကြိုး ပစ်နေတယ် ဆိုတာကိုလည်း ခန့်မှန်းလို့ ရပါသေးတယ်။

ပစ်ချလိုက်တဲ့ မိုးကြိုးလျှပ်စီးဟာ သူ့ကို ဆွဲဆောင်နိုင်တဲ့ မြေပြင်ပေါ်က တစ်စုံတစ်ရာဆီကို ပြေးသွားတာဖြစ်ပါတယ်။ ကွင်းခေါင်ခေါင်ထဲက သစ်ပင်မြင့်မြင့်တွေ၊ ဖုန်းတာဝါတိုင်တွေ၊ အဆောက်အအုံ မြင့်မြင့်တွေ ဆီကိုပေါ့။ မိုးကြိုးတွေဟာ ဖုန်းတာဝါတိုင်တွေ ဆီကို မကြာခန ပစ်ချလေ့ရှိတဲ့အခါ လူတွေက မိုးကြိုးဟာ ဖုန်းလိုင်းတွေဆီကို ပစ်တယ်လို့ ရှူမြင်လာကြပါတော့တယ်။

တကယ်တမ်းအားဖြင့် ဖုန်းတာဝါတိုင် ဆိုတဲ့အရာတွေဟာ မြင့်မားတဲ့ အဆောက်အအုံတွေရဲ့ အပေါ်ဘက်မှာ တပ်ဆင်ထားတာမျိုး၊ လူနေရပ်ကွက်တွေထဲမှာ မြင့်မားစွာ ထီးထီးကြီ းရှိနေတတ်တာမျိုးကြောင့် ခုလို မိုးကြိုးပစ် ခံရလေ့ရှိတာဖြစ်ပါတယ်။

အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထု အုပ်ချုပ်မှုအဖွဲ့ (NOAA) ရဲ့ တရားဝင် အသိပေးချက် အရဆိုရင်လည်း မိုဘိုင်းလ်ဖုန်း၊ သေးငယ်လွန်းလှတဲ့ သတ္ထုပစ္စည်းတွေနဲ့ ကျောက်မျက် ရတနာတွေဟာ မိုးကြိုးထိမှန်လာအောင် မဆွဲဆောင်နိုင် ပါဘူးတဲ့။

လူတွေ မိုးကြိုးပစ်ခံကြရတာဟာ မှားယွင်းတဲ့နေရာ ရောက်နေတတ်တာကြောင့်သာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဥပမာ – မိုးကြိုးပစ်နေချိန် အမိုးဖွင့် အမြင့်နေရာတွေ၊ သစ်ပင်အောက်တွေ၊ တောင်ကုန်းတွေပေါ် ရောက်နေတာမျိုးပေါ့။

ဒါကြောင့် မိုးကြိုးက ကိုယ့်ရဲ့ ဖုန်းဆီကို လာမှာ မဟုတ်ဘူးဆိုတာကို သိနားလည်ကြစေချင်ပါတယ်။ တကယ်တမ်း မိုးကြိုးက တခြားအရာတွေဆီကို လာတာသာဖြစ်ပါတယ်။ မိုးကြိုးအပစ်ခံ ရသူအများစုဟာ ဆွမ်းခံရင်း ငှက်သင့်ပြီး မတော်တဆ အဲ့ဒီ မိုးကြိုးကျဆင်းမယ့်နေရာကို ရောက်ရှိသွားကြသူတွေသာ ဖြစ်ကြပါတယ်။

မိုးကြိုး အပစ်မခံရအောင် ဘယ်လိုနေထိုင်ကြမလဲ…

တကယ်တမ်းအားဖြင့် လူသားတစ်ယောက် မိုးကြိုးပစ်ခံရဖို့က ဖြစ်နိုင်ခြေ နည်းပါးပါတယ်။ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လုံခြုံတဲ့ အဆောက်အဦးထဲမှာ ရှိနေတဲ့ လူတစ်ယောက်ကို မိုးကြိုးထိမှန်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ အရမ်းနည်းပါးလှတာပါ။

တကယ်လို့ ကိုယ်က မိုးကြိုးပစ်ခံရမှာကို ကြောက်ရွံ့တတ်သူတစ်ယောက် ဒါမှမဟုတ် မိုးကြီးနဲ့ လျှပ်စီးကို ကြောက်ရွံ့တဲ့ စိတ်ရောဂါ Astraphobia ရှိသူတစ်ယောက် ဆိုရင်တော့ အောက်ပါ နည်းလမ်းတွေကို လိုက်နာနိုင်ပါတယ်။

မိုးသည်းထန်နေချိန်၊ မိုးကြိုးပစ်နေချိန်မှာ အိမ်ထဲမှာပဲနေတာ၊

မိုးသည်းထန်နေချိန်၊ မိုးကြိုးပစ်နေချိန်မှာ မြင့်မားတဲ့နေရာတွေကို ရှောင်ကြဉ်တာ၊

မိုးသည်းထန်နေချိန်၊ မိုးကြိုးပစ်နေချိန်မှာ ရေကန်၊ ရေအိုင်၊ ဗွက်အိုင်တွေကို ရှောင်တာ၊

မိုးသည်းထန်နေချိန်၊ မိုးကြိုးပစ်နေချိန်မှာ သစ်ပင်အောက်ကို ဝင်ခိုတာမျိုး၊ သစ်ပင်ရိပ်ကို ဝင်တာမျိုးကို ရှောင်တာ၊

မိုးသည်းထန်နေချိန်၊ မိုးကြိုးပစ်နေချိန်မှာ သတ္တုနဲ့ ဖန်တီးထားတဲ့ အရာဝတ္ထုတွေ၊ ပစ္စည်းတွေကို ရှောင်ရှားတာတွေပါပဲ။

သေချာတာကတော့ မိုးကြိုးတွေ တစ်ဒိုင်းဒိုင်း ပစ်နေချိန် ဖုန်းသုံးနေဖြစ်ဖို့က အခွင့်အရေးနည်းပါး လှပါတယ်။ သုံးနေရင်တောင်မှ မိုးကြိုးပစ်ခံရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မိုးကြိုးပစ်မှာကြောက်ပြီး သစ်ပင်အောက်တွေ ဝင်ခိုမိရင်တော့ မိုးကြိုးပစ်ခံရနိုင်ခြေ ပိုများတာကို သတိထားဖို့ လိုအပ်တယ် ဆိုတာပါပဲ။

ye zon aung

Zawgyi

ႏိုင္ငံတကာမွာေရာ ျမန္မာျပည္က လူေတြဆီမွာပါ ယူဆခ်က္တစ္ခု ရွိပါတယ္။ မိုးျပင္းထန္ေနခ်ိန္၊ မိုးႀကိဳးေတြ တစ္ဒိုင္းဒိုင္းပစ္ေနခ်ိန္ေတြမွာ မိုဘိုင္းလ္ဖုန္း သုံးတာ၊ ဖုန္းေျပာတာေတြ ျပဳလုပ္ခဲ့မယ္ဆိုရင္ လွ်ပ္စစ္ဓာတ္ကို ဆြဲယူမိၿပီး အသုံးျပဳေနသူကို လာေရာက္ ထိမွန္တတ္တယ္ ဆိုတာပါပဲ။

ဒီယူဆခ်က္ကို ႏိုင္ငံ အေျမာက္အမ်ားက လူေပါင္း ေျမာက္မ်ားစြာက ယေန႔ထက္တိုင္ ယုံၾကည္ေန ၾကပါတယ္။ တကယ္တမ္း မွာေတာ့ ဒီယူဆခ်က္ဟာ မွန္ကန္မႈ မရွိပါဘူး။ ဥပမာ ေပးရရင္ ေတာထဲသြားေနတဲ့ လူတစ္ေယာက္ဟာ ဖုန္းကိုင္ထားတုန္း က်ားကိုက္ခံရတာကို က်ားက ဖုန္းကိုင္ထားလို႔ လာကိုက္ပါတယ္ လို႔ ေျပာေနသလိုပါပဲ။

တကယ္ေတာ့ မိုးႀကိဳးဆိုတာဟာ တိမ္ေတာင္ေတြ ၾကားထဲက လွ်ပ္စစ္ဓာတ္ စီးဆင္းမႈတစ္မ်ိဳး ျဖစ္ပါတယ္။ တိပ္ေတာင္ေတြရဲ႕ အထက္ပိုင္းမွာ အဖိုလွ်ပ္စစ္ဓာတ္ ရွိၿပီးေတာ့ ေအာက္ေျခပိုင္းမွာ အမလွ်ပ္စစ္ဓာတ္ ရွိပါတယ္။ ဒီအရာေတြက ေျမျပင္ေပၚကို မိုးႀကိဳးပစ္ ခ်ေစေအာင္ ဖန္တီးတာ ျဖစ္ပါတယ္။

ပ်မ္းမွ်အားျဖင့္ မိုးႀကိဳးတစ္ႀကိမ္ ပစ္လႊတ္ရင္ ၅၀၀၀၀ ဒီဂရီ ဖာရင္ဟိုက္ အပူခ်ိန္ႏႈန္းနဲ႔ ပစ္ခ်ပါတယ္။ ေနရဲ႕ အပူခ်ိန္ထက္ ၅ ဆ ပိုမ်ားပါတယ္။ အလြန္လွ်င္ျမန္ၿပီး အသံက ေနာက္က လိုက္ပါတယ္။

ဒါေၾကာင့္ မိုးႀကိဳးပစ္သံ ၾကားရၿပီဆိုရင္ ကိုယ့္ကို မိုးႀကိဳးလာမထိတာ ေသခ်ာၿပီလို႔ သိပၸံပညာရွင္ေတြက ဆိုၾကတာပါ။ မိုးႀကိဳးက ကိုယ့္ကို လာထိမွန္မယ္ ဆိုရင္ ဘာသံမွ ကိုယ္ၾကားရမွာ မဟုတ္ပါဘူး။ ကိုယ့္အနီးနားက လူေတြကေတာ့ ကိုယ့္ကိုထိမွန္ၿပီး စကၠန႔္ပိုင္းအၾကာမွာ မိုးႀကိဳးပစ္သံ ၾကားရပါလိမ့္မယ္။

ပ်မ္းမွ်အားျဖင့္ ၅ စကၠန႔္ကို တစ္မိုင္လို႔ သတ္မွတ္ထားၿပီး လွ်ပ္စီးကို ျမင္ရၿပီးေနာက္ မိုးခ်ိန္းသံကို ၾကားရခ်ိန္နဲ႔ တိုက္ဆိုင္ၿပီး ကိုယ္နဲ႔ ဘယ္ေလာက္ ေဝးေဝးမွာ မိုးႀကိဳး ပစ္ေနတယ္ ဆိုတာကိုလည္း ခန႔္မွန္းလို႔ ရပါေသးတယ္။

ပစ္ခ်လိုက္တဲ့ မိုးႀကိဳးလွ်ပ္စီးဟာ သူ႔ကို ဆြဲေဆာင္ႏိုင္တဲ့ ေျမျပင္ေပၚက တစ္စုံတစ္ရာဆီကို ေျပးသြားတာျဖစ္ပါတယ္။ ကြင္းေခါင္ေခါင္ထဲက သစ္ပင္ျမင့္ျမင့္ေတြ၊ ဖုန္းတာဝါတိုင္ေတြ၊ အေဆာက္အအုံ ျမင့္ျမင့္ေတြ ဆီကိုေပါ့။ မိုးႀကိဳးေတြဟာ ဖုန္းတာဝါတိုင္ေတြ ဆီကို မၾကာခန ပစ္ခ်ေလ့ရွိတဲ့အခါ လူေတြက မိုးႀကိဳးဟာ ဖုန္းလိုင္းေတြဆီကို ပစ္တယ္လို႔ ရႉျမင္လာၾကပါေတာ့တယ္။

တကယ္တမ္းအားျဖင့္ ဖုန္းတာဝါတိုင္ ဆိုတဲ့အရာေတြဟာ ျမင့္မားတဲ့ အေဆာက္အအုံေတြရဲ႕ အေပၚဘက္မွာ တပ္ဆင္ထားတာမ်ိဳး၊ လူေနရပ္ကြက္ေတြထဲမွာ ျမင့္မားစြာ ထီးထီးႀကီ းရွိေနတတ္တာမ်ိဳးေၾကာင့္ ခုလို မိုးႀကိဳးပစ္ ခံရေလ့ရွိတာျဖစ္ပါတယ္။

အေမရိကန္ အမ်ိဳးသား သမုဒၵရာႏွင့္ ေလထု အုပ္ခ်ဳပ္မႈအဖြဲ႕ (NOAA) ရဲ႕ တရားဝင္ အသိေပးခ်က္ အရဆိုရင္လည္း မိုဘိုင္းလ္ဖုန္း၊ ေသးငယ္လြန္းလွတဲ့ သတၳဳပစၥည္းေတြနဲ႔ ေက်ာက္မ်က္ ရတနာေတြဟာ မိုးႀကိဳးထိမွန္လာေအာင္ မဆြဲေဆာင္ႏိုင္ ပါဘူးတဲ့။

လူေတြ မိုးႀကိဳးပစ္ခံၾကရတာဟာ မွားယြင္းတဲ့ေနရာ ေရာက္ေနတတ္တာေၾကာင့္သာ ျဖစ္တယ္လို႔ ဆိုထားပါတယ္။ ဥပမာ – မိုးႀကိဳးပစ္ေနခ်ိန္ အမိုးဖြင့္ အျမင့္ေနရာေတြ၊ သစ္ပင္ေအာက္ေတြ၊ ေတာင္ကုန္းေတြေပၚ ေရာက္ေနတာမ်ိဳးေပါ့။

ဒါေၾကာင့္ မိုးႀကိဳးက ကိုယ့္ရဲ႕ ဖုန္းဆီကို လာမွာ မဟုတ္ဘူးဆိုတာကို သိနားလည္ၾကေစခ်င္ပါတယ္။ တကယ္တမ္း မိုးႀကိဳးက တျခားအရာေတြဆီကို လာတာသာျဖစ္ပါတယ္။ မိုးႀကိဳးအပစ္ခံ ရသူအမ်ားစုဟာ ဆြမ္းခံရင္း ငွက္သင့္ၿပီး မေတာ္တဆ အဲ့ဒီ မိုးႀကိဳးက်ဆင္းမယ့္ေနရာကို ေရာက္ရွိသြားၾကသူေတြသာ ျဖစ္ၾကပါတယ္။

မိုးႀကိဳး အပစ္မခံရေအာင္ ဘယ္လိုေနထိုင္ၾကမလဲ…

တကယ္တမ္းအားျဖင့္ လူသားတစ္ေယာက္ မိုးႀကိဳးပစ္ခံရဖို႔က ျဖစ္ႏိုင္ေျခ နည္းပါးပါတယ္။ မျဖစ္ႏိုင္တာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ လုံၿခဳံတဲ့ အေဆာက္အဦးထဲမွာ ရွိေနတဲ့ လူတစ္ေယာက္ကို မိုးႀကိဳးထိမွန္ဖို႔ ဆိုတာက ျဖစ္ႏိုင္ေျခ အရမ္းနည္းပါးလွတာပါ။

တကယ္လို႔ ကိုယ္က မိုးႀကိဳးပစ္ခံရမွာကို ေၾကာက္႐ြံ႕တတ္သူတစ္ေယာက္ ဒါမွမဟုတ္ မိုးႀကီးနဲ႔ လွ်ပ္စီးကို ေၾကာက္႐ြံ႕တဲ့ စိတ္ေရာဂါ Astraphobia ရွိသူတစ္ေယာက္ ဆိုရင္ေတာ့ ေအာက္ပါ နည္းလမ္းေတြကို လိုက္နာႏိုင္ပါတယ္။

မိုးသည္းထန္ေနခ်ိန္၊ မိုးႀကိဳးပစ္ေနခ်ိန္မွာ အိမ္ထဲမွာပဲေနတာ၊

မိုးသည္းထန္ေနခ်ိန္၊ မိုးႀကိဳးပစ္ေနခ်ိန္မွာ ျမင့္မားတဲ့ေနရာေတြကို ေရွာင္ၾကဥ္တာ၊

မိုးသည္းထန္ေနခ်ိန္၊ မိုးႀကိဳးပစ္ေနခ်ိန္မွာ ေရကန္၊ ေရအိုင္၊ ဗြက္အိုင္ေတြကို ေရွာင္တာ၊

မိုးသည္းထန္ေနခ်ိန္၊ မိုးႀကိဳးပစ္ေနခ်ိန္မွာ သစ္ပင္ေအာက္ကို ဝင္ခိုတာမ်ိဳး၊ သစ္ပင္ရိပ္ကို ဝင္တာမ်ိဳးကို ေရွာင္တာ၊

မိုးသည္းထန္ေနခ်ိန္၊ မိုးႀကိဳးပစ္ေနခ်ိန္မွာ သတၱဳနဲ႔ ဖန္တီးထားတဲ့ အရာဝတၳဳေတြ၊ ပစၥည္းေတြကို ေရွာင္ရွားတာေတြပါပဲ။

ေသခ်ာတာကေတာ့ မိုးႀကိဳးေတြ တစ္ဒိုင္းဒိုင္း ပစ္ေနခ်ိန္ ဖုန္းသုံးေနျဖစ္ဖို႔က အခြင့္အေရးနည္းပါး လွပါတယ္။ သုံးေနရင္ေတာင္မွ မိုးႀကိဳးပစ္ခံရမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ မိုးႀကိဳးပစ္မွာေၾကာက္ၿပီး သစ္ပင္ေအာက္ေတြ ဝင္ခိုမိရင္ေတာ့ မိုးႀကိဳးပစ္ခံရႏိုင္ေျခ ပိုမ်ားတာကို သတိထားဖို႔ လိုအပ္တယ္ ဆိုတာပါပဲ။

ye zon aung

About the author

Aung Lay

Leave a Comment