News

အုပ်ထိန်း သူများကိုယ်တိုင် ကလေးင ယ်များ ကို ပဲခူးမြို့နာရီစင်အနီးတစ် ဝိုက်၌ တောင်းစားခိုင်းထားဟုကြားသိရ

Written by Aung Lay

အုပ်ထိန်း သူများကိုယ်တိုင် ကလေးင ယ်များ ကို ပဲခူးမြို့နာရီစင်အနီးတစ် ဝိုက်၌ တောင်းစားခိုင်းထားဟုကြားသိရ

ပဲ ခူးမြို့ လူစည်ကားရာ နေရာတစ်ခုဖြစ်သည့် နာရီစင်အနီးတွင် တောင်းရမ်းစားသောက်နေသည့်ကလေးငယ်များမှာ ၎င်းတို့၏ မိဘဟုယူဆရသောအုပ်ထိန်းသူများကိုယ်တိုင်းတောင်းစားခိုင်းထားခြင်းဖြစ်သည်ဟု နာရီစင်အနီးတစ်ဝိုက်တွင်နေထိုင်ပြီ နေစဉ်တွေ့မြင်သူများမှပြောကြားသည်။မနက် ၇ နာရီ ၈ နာရီလောက်ဆို ဆိုင်ကယ်နဲ့လာပို့တယ် ည ၈ နာရီလောက်ပြန်တယ် အမေလိုယူဆရတဲ့အုပ်ထိန်းသူ လေးငါးခြောက်ယောက်က နာရီစင်ပန်းခြံကနေစောင့်ကြည့်နေတယ် လေးငါးအုပ်စုရှိတယ် ရောက်တာ တစ်လလောက်ရှိပြီးဟု နာရီစင်အနီးစတိုးဆိုင်တွင်လုပ်ကိုင်နေသည့် အမျီုးသမီးတစ်ဦးမှ ၎င်းနေစဉ်မြင်တွေ့နေရသည်များကိုပြောပြသည်။နာရီစင်အရှေ့တွင် ICON ဈေးဝယ်စင်တာတည်ရှိသဖြင့် လူစည်းကားလျက်ရှိပြီ ICON သို့လာသည့်သူများအားအဓိကထားတောင်ရမ်းခြင်းဖြစ်သည်။ပဲခူးမြို့လယ်ခေါင် နာရီစင် အနီး မှပိုက်ဆံ လိုက်တောင်းနေသော ကလေးအုပ်စုများ တော်တော်လေးအခြေအနေ ဆိုးနေကြတယ်ဟု ICON ဈေးလာဝယ်သူတစ်ဦးကဆိုသည်။

တစ်နေ့ကလူကလည်အရေးကြီးမပေးအားတောအန်တီအကြွေမရှိဖူးပြောတောအန်းမယ်ပြောတယ်ဟု အတောင်းခံရသည့်အမျီုးသမီးတစ်ဦးမှရင်ဖွင့်သည်။ဟိုတစ်လောက အမမှာအကြွေမရှိဘူးပြောတာ အမ်းပေးမယ်တဲ့ဟု၎င်းအားပြန်ပြောသည်ဟု အတောင်းခံရသူမကြယ်စင်မှပြောကြားသည်။icon ပေါ်ကလဆင်းလာတာနဲ့ အတင်းလက်တွေ လိုက်ဆွဲပြီးတောင်းတာ ကြောက်တောင်ကြောက်တယ် အခုအချိန်မျိုးက လူတွေနဲ့ ခပ်ခွာခွာနေရတာမဟုတ်လားဟု ဈေးဝယ်သူတစ်ဦးကပြောကြားသည်။

ICON အရှေ့တည့်တည့်တွင် ခရီးသည်တင်ကားများရပ်၍ခရီးသည်စောင့်ဆိုင်းနေစဉ်ကားပေါ်တွင်ပါလာသည့်ခရီးသည်များထံတောင်းခံနေသည်ကိုတွေ့ရှိရပြီး ယင်းကဲ့သို့ ခရီးသည်တင်ကားများရပ်ထားသဖြင့်ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်နေသည်။နာရီစင်ပန်းခြံ ICON ဆေးဆိုင် ၂၉ လမ်း လိပ်ပြာကန်မှာ အခြေကျနေတာညဘက် ၃၁ လမ်းထိပ်မှာတော့ ပြည်တန်ဆာတွေစုနေတယ် မြို့လယ်ကောင်မှာဖြစ်နေတာကိုလူကြီးတွေမသိချင်ယောင်ဆောင်နေတာအံ့ဩတယ် ဟုယင်းပန်ဝန်ကျင်တွင်နေထိုင်သူတစ်ဦးကဆိုသည်။

ယင်းနေရာအနီးတစ်ဝိုက်တွင် ၁၀ နှစ်ဝန်ကျင်ကလေးငယ် ၂၀ ခန့်‌တောင်းစားနေသည်ကိုတွေ့ရှိရပြီးကလေးငယ်တစ်ဦးအားခေါ်ယူမေးမြန်းရာ ၎င်းတို့သည် ဖောင်တော်ဦးဘုရားအနီးသုဿန်တွင်နေထိုင်သည်ဟုဆိုသည်။စနေ တနင်္ဂနွေဆိုရင်တစ်သောင်းလောက်ရတယ် ကြားရက်ဆိုရင်တော့ ငါးထောင်လောက်ရတယ်ဟု တောင်းစားသည့်ကလေးငယ်နောက်တစ်ဦးကပြောကြားသည်။ယခုကဲ့သို့တောင်းရမ်းနေခြင်းနှင့်ပတ်သက်ပြီး လူကယ်ပြန်သို့တိုင်ကြားရန် ပဲခူးမြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲဝင် ဒေါ်မြင့်မြင့်ဝေမှအကြံပြုသည်။

Credit Bagoweeklyjournal

Zawgyi







About the author

Aung Lay

Leave a Comment