Cele News

ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး အမြဲဝေဖန်ခံရတဲ့အတွက် စိတ်ပျက်မိကြောင်း ဖွင့်ဟလာတဲ့ Momoland အဖွဲ့၀င် Nancy

Written by Aung Lay

“တော်တော်များများက အွန်လိုင်းပေါ်မှာ ကျွန်မရဲ့ ခန္ဓာကိုယ်အကြောင်းကိုပဲ ဝေဖန်ကြတယ်”

Momoland အဖွဲ့၀င် Nancy က bnt နဲ့ အင်တာဗျူးတစ်ခုမှာ စိတ်ပျက်စရာနဲ့ ပူပန်မှုတချို့ကို ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

ထိုအင်တာဗျူးမှာ Nancy က ငယ်စဥ်အခါက ကိုရီယားမှအမေရိကန်သို့ ပြောင်းလဲနေထိုင်းရဲ့တဲ့အကြောင်း စတဲ့ သူ့ဘ၀ဇာတ်ခုံအမျိုးမျိုးနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

“ကျွန်မဟာ အမေရိကန်မှာ အသက် ၂ နှစ်အရွယ်ကတည်းက ၆ နှစ်ကြာနေခဲ့ပါတယ်။ အချိန်တိုအတွင်းမှာ မတူညီတဲ့ယဥ်ကျေးမှု ၂ ခုကို တွေ့ကြုံခဲ့ရတယ်” လို့ ပြောပြခဲ့ပါတယ်။

ပြီးတော့ သူဟာ လူအများထင်ထားသလို အနေအေးပြီး ထက်မြက်တဲ့မိန်းကလေးတစ်ယောက် မဟုတ်ကြောင်းလည်း ​ရှင်းပြခဲ့ပါတယ်။

“ကျွန်မပုံစံက အနေအေးပြီး ထက်မြက်တဲ့ပုံပေါက်တယ်လို့ မကြာခဏဆိုသလို ပြန်ကြားရပါတယ်။ ဒါပေမယ့် တကယ်တော့ ကျွန်မက ရယ်ရယ်မောမောနဲ့ ခပ်ပေါပေါနေတတ်ပြီး ပြောရလောက်အောင် ထက်ထက်မြက်မြက်ကြီး မဟုတ်ပါဘူး” လို့ ရှင်းပြပြောဆိုခဲ့ပါတယ်။

Nancyက အဖွဲ့၀င်တွေနဲ့အဆက်အသွယ်မပြတ်ကြောင်း မကြာခဏအတူတူရှိတတ်ကြောင်း ကိုလည်း ပရိသတ်တော်တော်များများသိချင်ကြလို့ ပြောပြခဲ့ပါတယ်။

“စိတ်ညစ်ပူပန်စရာရှိရင် ကျွန်မတို့က တစ်ယောက်နှင့်တစ်ယောက် ဖေးအကူညီတတ်ပြီး အကြံဉာဏ်ပေးဖို့ တိုင်ပင်တတ်ကြပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဒါဆို Nancy အတွက် စိတ်ညစ်စရာက ဘာဖြစ်နိုင်လဲ ?

Fan အချို့ နဲ့ အွန်လိုင်းအသုံးပြုသူတွေက ဘာကိုမှဂရုမစိုက်ဘဲ သူရဲ့ခန္ဓာကိုယ်ပုံစံကိုသာ ဂရုပြုပြီး ဝေဖန်တတ်ကြလို့ စိတ်ညစ်ရတယ်လို့ ၀န်ခံပြောဆိုခဲ့ပါတယ်။

Nancy က “အွန်လိုင်းမှာတော်တော်များများက ကျွန်မခန္ဓာကိုယ်ပုံစံကို ဝေဖန်ကြပါတယ်။ တကယ်တော့ ကျွန်က အဆိုတော်တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်မရဲ့ အသံ အက နဲ့ စတိုင်ကို ပိုပြီး ဂရုစိုက်ဖြစ်ပါတယ်။ ကျွန်မ၀ိတ်ဘယ်လောက်ကျသွားတယ် ၀ိတ်ဘယ်လောက်တက်သွားတယ် ဆိုတာ အရေးကြီးတယ်လို့ ကျွန်မ မထင်ခဲ့ပါဘူး။ ဒါပေမယ့် လူတွေက ဘာကြောင့် ဒါကိုပဲ အာရုံစိုက်နေကြလဲ ကျွန်မ မသိပါဘူး။ ဒီဝေဖန်ချက်တွေကို ဂရုမစိုက်ဘူးလို့တော့ ကျွန်မ မပြောလိုပါဘူး။ ဒါပေမယ့် ဒီကိစ္စကို ထပ်ပြီး serious မဖြစ်တော့ဘူး” လို့ ပြောဆိုလာခဲ့ပါတယ်။

နောက်ပြီး Nancy က လူတွေသူ့ရဲ့ ခန္ဓာကိုယ်ပုံစံကို ဝေဖန်ကြလို့ ကျန်းမာတဲ့ စားသောက်ပုံစံကို စားဖို့ လုပ်နေပါတယ်။
” အခုအချိန်မှာ ကျွန်မက တစ်နေ့ကို ထမင်း ၂ နပ်ပဲ စားပါတော့တယ်။ နောက်ပြီး အစားငတ်ခံ dietလုပ်ခြင်းက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ သိလာခဲ့ပါတယ်။ ဒါကြောင့် saladလိုမျိုးဆန်လုံးညိုလိုမျိုး ကျန်းမာစေတဲ့ အစားအစာအတွေကိုသာ များများစားဖြစ်ဖို့ လုပ်နေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

Nancy ဟာ ၂၀၁၆မှာ Momoland အဖွဲ့၀င်အဖြစ် အနုပညာလှုပ်ရှားမှုတွေကို လုပ်ခဲ့တဲ့ ကိုရီးယား – အမေရိကန် အဆိုတော်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ကျက်သရေရှိရှိ လှပနေတဲ့ပုံစံကြောင့် ကမ္ဘာတစ်၀န်းမှာ ပရိသတ်တွေအခိုင်အမာရရှိနေသူလေးတစ်ဦးဖြစ်ပါတယ်။

Jasmine (Pop Channel)
Ref: koreaboo

Zawgyi

“ေတာ္ေတာ္မ်ားမ်ားက အြန္လိုင္းေပၚမွာ ကြၽန္မရဲ႕ ခႏၶာကိုယ္အေၾကာင္းကိုပဲ ေဝဖန္ၾကတယ္”

Momoland အဖြဲ႕၀င္ Nancy က bnt နဲ႔ အင္တာဗ်ဴးတစ္ခုမွာ စိတ္ပ်က္စရာနဲ႔ ပူပန္မႈတခ်ိဳ႕ကို ဖြင့္ဟေျပာဆိုလာခဲ့ပါတယ္။

ထိုအင္တာဗ်ဴးမွာ Nancy က ငယ္စဥ္အခါက ကိုရီယားမွအေမရိကန္သို႔ ေျပာင္းလဲေနထိုင္းရဲ႕တဲ့အေၾကာင္း စတဲ့ သူ႔ဘ၀ဇာတ္ခုံအမ်ိဳးမ်ိဳးနဲ႔ ပတ္သက္ၿပီး ေျပာျပခဲ့ပါတယ္။

“ကြၽန္မဟာ အေမရိကန္မွာ အသက္ ၂ ႏွစ္အ႐ြယ္ကတည္းက ၆ ႏွစ္ၾကာေနခဲ့ပါတယ္။ အခ်ိန္တိုအတြင္းမွာ မတူညီတဲ့ယဥ္ေက်းမႈ ၂ ခုကို ေတြ႕ႀကဳံခဲ့ရတယ္” လို႔ ေျပာျပခဲ့ပါတယ္။

ၿပီးေတာ့ သူဟာ လူအမ်ားထင္ထားသလို အေနေအးၿပီး ထက္ျမက္တဲ့မိန္းကေလးတစ္ေယာက္ မဟုတ္ေၾကာင္းလည္း ​ရွင္းျပခဲ့ပါတယ္။

“ကြၽန္မပုံစံက အေနေအးၿပီး ထက္ျမက္တဲ့ပုံေပါက္တယ္လို႔ မၾကာခဏဆိုသလို ျပန္ၾကားရပါတယ္။ ဒါေပမယ့္ တကယ္ေတာ့ ကြၽန္မက ရယ္ရယ္ေမာေမာနဲ႔ ခပ္ေပါေပါေနတတ္ၿပီး ေျပာရေလာက္ေအာင္ ထက္ထက္ျမက္ျမက္ႀကီး မဟုတ္ပါဘူး” လို႔ ရွင္းျပေျပာဆိုခဲ့ပါတယ္။

Nancyက အဖြဲ႕၀င္ေတြနဲ႔အဆက္အသြယ္မျပတ္ေၾကာင္း မၾကာခဏအတူတူရွိတတ္ေၾကာင္း ကိုလည္း ပရိသတ္ေတာ္ေတာ္မ်ားမ်ားသိခ်င္ၾကလို႔ ေျပာျပခဲ့ပါတယ္။

“စိတ္ညစ္ပူပန္စရာရွိရင္ ကြၽန္မတို႔က တစ္ေယာက္ႏွင့္တစ္ေယာက္ ေဖးအကူညီတတ္ၿပီး အႀကံဉာဏ္ေပးဖို႔ တိုင္ပင္တတ္ၾကပါတယ္” လို႔ ေျပာျပခဲ့ပါတယ္။

ဒါဆို Nancy အတြက္ စိတ္ညစ္စရာက ဘာျဖစ္ႏိုင္လဲ ?

Fan အခ်ိဳ႕ နဲ႔ အြန္လိုင္းအသုံးျပဳသူေတြက ဘာကိုမွဂ႐ုမစိုက္ဘဲ သူရဲ႕ခႏၶာကိုယ္ပုံစံကိုသာ ဂ႐ုျပဳၿပီး ေဝဖန္တတ္ၾကလို႔ စိတ္ညစ္ရတယ္လို႔ ၀န္ခံေျပာဆိုခဲ့ပါတယ္။

Nancy က “အြန္လိုင္းမွာေတာ္ေတာ္မ်ားမ်ားက ကြၽန္မခႏၶာကိုယ္ပုံစံကို ေဝဖန္ၾကပါတယ္။ တကယ္ေတာ့ ကြၽန္က အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့အတြက္ ကြၽန္မရဲ႕ အသံ အက နဲ႔ စတိုင္ကို ပိုၿပီး ဂ႐ုစိုက္ျဖစ္ပါတယ္။ ကြၽန္မ၀ိတ္ဘယ္ေလာက္က်သြားတယ္ ၀ိတ္ဘယ္ေလာက္တက္သြားတယ္ ဆိုတာ အေရးႀကီးတယ္လို႔ ကြၽန္မ မထင္ခဲ့ပါဘူး။ ဒါေပမယ့္ လူေတြက ဘာေၾကာင့္ ဒါကိုပဲ အာ႐ုံစိုက္ေနၾကလဲ ကြၽန္မ မသိပါဘူး။ ဒီေဝဖန္ခ်က္ေတြကို ဂ႐ုမစိုက္ဘူးလို႔ေတာ့ ကြၽန္မ မေျပာလိုပါဘူး။ ဒါေပမယ့္ ဒီကိစၥကို ထပ္ၿပီး serious မျဖစ္ေတာ့ဘူး” လို႔ ေျပာဆိုလာခဲ့ပါတယ္။

ေနာက္ၿပီး Nancy က လူေတြသူ႔ရဲ႕ ခႏၶာကိုယ္ပုံစံကို ေဝဖန္ၾကလို႔ က်န္းမာတဲ့ စားေသာက္ပုံစံကို စားဖို႔ လုပ္ေနပါတယ္။
” အခုအခ်ိန္မွာ ကြၽန္မက တစ္ေန႔ကို ထမင္း ၂ နပ္ပဲ စားပါေတာ့တယ္။ ေနာက္ၿပီး အစားငတ္ခံ dietလုပ္ျခင္းက က်န္းမာေရးအတြက္ မေကာင္းဘူးဆိုတာ သိလာခဲ့ပါတယ္။ ဒါေၾကာင့္ saladလိုမ်ိဳးဆန္လုံးညိဳလိုမ်ိဳး က်န္းမာေစတဲ့ အစားအစာအေတြကိုသာ မ်ားမ်ားစားျဖစ္ဖို႔ လုပ္ေနပါတယ္” လို႔ ေျပာျပခဲ့ပါတယ္။

Nancy ဟာ ၂၀၁၆မွာ Momoland အဖြဲ႕၀င္အျဖစ္ အႏုပညာလႈပ္ရွားမႈေတြကို လုပ္ခဲ့တဲ့ ကိုရီးယား – အေမရိကန္ အဆိုေတာ္တစ္ဦးျဖစ္ပါတယ္။ သူ႔ရဲ႕ က်က္သေရရွိရွိ လွပေနတဲ့ပုံစံေၾကာင့္ ကမာၻတစ္၀န္းမွာ ပရိသတ္ေတြအခိုင္အမာရရွိေနသူေလးတစ္ဦးျဖစ္ပါတယ္။

Jasmine (Pop Channel)
Ref: koreaboo

About the author

Aung Lay

Leave a Comment