Funny

မာစီဒီးကား ကို တစ်ဒေါ်လာနဲ့ရောင်း တဲ့ အဒေါ်ကြီး (သဘောထားကြီး ချက်)

Written by Aung Lay

သေဘာထားကြီးခ်က်….

မာစီဒီးကား 1$ ဖင့် ရောင်းမည်

နေ့စဉ်ထုတ်သတင်းစာများတွင် အောက်ပါအတိုင်း ကြော်ငြာတစ်ခုပါလာသည် –

မာစီဒီးကား 1$ ဖြင့် ရောင်းမည်

လက်ရှိအသုံးပြုနေသော မာစီဒီးကားကို 1$ ဖြင့် ရောင်းမည်။

စိတ်ဝင်စားသူ လူကိုယ်တိုင် လာရောက်ဆက်သွယ်ပါ။

ဦးရာလူရောင်းမည်။

ဒေါ်… … …… … . အမှတ် (—)၊ ( —–)လမ်း ၊ ——– —–မြို့

ထိုကြော်ငြာကို တွေ့မြင်သူများက အထူးအဆန်းဖြစ်နေသည်။

ထိုအမျိုးသမီး ရူးနေ၍သာ ကြော်ငြာထည့်ခြင်းဖြစ်သည် ဟု ယူဆလျက်ရှိကြသည်။

ထို့ကြောင့် မာစီဒီးကားပိုင်ရှင်ဒေါ်… … …… .ထံသို့ မည်သူမှ သွားရောက်ဆက်သွယ်ခြင်းမရှိကြချေ။

ထို့ကြောင့် ဒေါ်…… … …… ..… ..က ထိုကြော်ငြာကို သတင်းစာများတွင် နေ့စဉ် ရက်ဆက် ထည့်သွင်းနေသည်။

လူတစ်ယောက်က ထိုကြော်ငြာကို အသေအချာဖတ်ကြည့်ပြီးနောက် ဒေါ်… … …. .နှင့် သွားရောက်တွေ့ဆုံလေသည်။

“အဒေါ် ကျွန်တော် ကားရောင်းမယ့်ကြော်ငြာတွေ့လို့ လာခဲ့တာပါ”

“အေး …အခုအထိ ဘယ်သူမှ မလာကြလို့ ခဏခဏကြော်ငြာနေတာ”

“ဟုတ်ကဲ့ခင်ဗျ…ကျနော် စိတ်ဝင်စားလို့လာခဲ့တာပါခင်ဗျာ ”

“မင်းက တကယ်ဝယ်မှာလား”

“ဝယ္မွာပါ”

“ဒါဆို…ကားကိုလိုက်ကြည့်လေ”

ဒေါ်… … …… …က ကားဂိုဒေါင်ကို ခေါ်သွားသည်။

ဂိုဒေါင်သော့ကို ဖွင့်ပြီး မာစီဒီးကားကို ပြသသည်။

“မင်းကို ရောင်းမယ့်ကားက ဒီကားပဲ ”

ကားဝယ်ရန်လာသူသည် တော်တော် အံ့သြသွားသည်။

သိန်းပေါင်းများစွာ တန်သောကားဖြစ်သည်။

“ဘယ်လောက်နဲ့ရောင်းမှာလဲဗျ”

“သတင်းစာထဲမှာ ပါတယ်လေ 1$ နဲ့ရောင်းမှာ ”

“ဗျာ ”

“မ…ဗျာနဲ့ အဒေါ်က တကယ်ရောင်းမှာ ၊ ဒီအတိုင်းတော့ မရောင်းဘူး။

မင်းဘက်က သက်သေခေါ်ခဲ့ရမယ် ၊ ငါ့ဘက်ကလည်း သက်သေပါမယ်။

လူကြီးလူကောင်းတွေ ရှေ့မှာ စာချုပ်စာတမ်းနဲ့ရောင်းမယ် ”

“ဟုတ် …ဟုတ်ကဲ့ ”

ထိုသူသည် ရပ်ကွက်ထဲမှ လူကြီးလူကောင်းများကို သက်သေအဖြစ် ခေါ်လာခဲ့သည်။

ဒေါ်…… ……… … . ကလည်း လူကြီးလူကောင်းများကို အဆင်သင့်ခေါ်ထားသည်။

“ဟောဒီမှာ အုံနာစာအုပ်၊ ဆီစာအုပ်နဲ့ကားသော့ ၊ မနက်ဖန် နာမည်ပြောင်းကိစ္စ အကုန်လုပ်ပေးမယ် ”

လူကြီးလူကောင်းတွေနဲ့ ကားဝယ်သူတို့ဟာ ဒီမိန်းမရူးများနေလို့လားဟု တွေးတောနေကြသည်။

“အဒေါ်ရယ် …ကျွန်တော် အိပ်မက်များ မက်နေတာလား”

“အိပ်မက်မဟုတ်ပါဘူး…အဒေါ်က ဒီမာစီဒီးကားကို 1$ နဲ့ ရောင်းတာပါ၊ ဟောဒီစာချုပ်မှာ လက်မှတ်ထိုးပေးကြပါ”

ကားရောင်းသူ၊ ကားဝယ်သူနှင့် အသိသက်သေများက အသီးသီးလက်မှတ်ရေးထိုးပေးကြသည်။

“ပေး…ငါ့ကို 1$”

ကားဝယ်သူက 1$ ကို ထုတ်ပေးလိုက်ပြီးနောက် ကားရောင်းသူ အဒေါ်ကြီးကို မေးခွန်းတစ်ခု မေးလိုက်သည်။

“ဘာကြောင့် အခုလိုတန်ဖိုးများစွာတန်တဲ့ ဒီကားကို 1$ ထဲနဲ့ ရောင်းရတာလဲ ”

“အဒေါ့်ယောက်ျားက မသေခင် မှာသွားလို့ပါ”

“အဒေါ့်ယောက်ျားကို အဒေါ်က တော်တော်ချစ်လို့ပေါ့နော် ”

“ချစ်တာလဲပါတာပေါ့ ၊ မသေခင်မှာသွားတာလေးကို ဖြည့်ဆည်းဆောင်ရွက်ပေးချင်လို့ပါ ”

“အဒေါ့်ယောက်ျားက ဘာများမှာသွားခဲ့လို့လဲခင်ဗျာ”

“အဒေါ့် ယောက်ျားက သူစီးနေကျ မာစီဒီးကားကို ရောင်းပြီး ကားရောင်းရငွေအားလုံးကို မိုးမိုးကို ပေးလိုက်ပါတဲ့ ”

“မိုးမိုးဆိုတာက”

“အဒေါ်တို့အိမ်က အိမ်ဖော်ပါ။ နောက်ပြီး …”

“နောက်ပြီး …ဘာလဲဗျ”

“အဒေါ့်ယောက်ျားရဲ့ မယားငယ် ”

တိန်…

Zawgyi

ေသဘာထားႀကီးခ္က္….

မာစီဒီးကား 1$ ဖင့္ ေရာင္းမည္

ေန႔စဥ္ထုတ္သတင္းစာမ်ားတြင္ ေအာက္ပါအတိုင္း ေၾကာ္ျငာတစ္ခုပါလာသည္ –

မာစီဒီးကား 1$ ျဖင့္ ေရာင္းမည္

လက္ရွိအသုံးျပဳေနေသာ မာစီဒီးကားကို 1$ ျဖင့္ ေရာင္းမည္။

စိတ္ဝင္စားသူ လူကိုယ္တိုင္ လာေရာက္ဆက္သြယ္ပါ။

ဦးရာလူေရာင္းမည္။

ေဒၚ… … …… … . အမွတ္ (—)၊ ( —–)လမ္း ၊ ——– —–ၿမိဳ႕

ထိုေၾကာ္ျငာကို ေတြ႕ျမင္သူမ်ားက အထူးအဆန္းျဖစ္ေနသည္။

ထိုအမ်ိဳးသမီး ႐ူးေန၍သာ ေၾကာ္ျငာထည့္ျခင္းျဖစ္သည္ ဟု ယူဆလ်က္ရွိၾကသည္။

ထို႔ေၾကာင့္ မာစီဒီးကားပိုင္ရွင္ေဒၚ… … …… .ထံသို႔ မည္သူမွ သြားေရာက္ဆက္သြယ္ျခင္းမရွိၾကေခ်။

ထို႔ေၾကာင့္ ေဒၚ…… … …… ..… ..က ထိုေၾကာ္ျငာကို သတင္းစာမ်ားတြင္ ေန႔စဥ္ ရက္ဆက္ ထည့္သြင္းေနသည္။

လူတစ္ေယာက္က ထိုေၾကာ္ျငာကို အေသအခ်ာဖတ္ၾကည့္ၿပီးေနာက္ ေဒၚ… … …. .ႏွင့္ သြားေရာက္ေတြ႕ဆုံေလသည္။

“အေဒၚ ကၽြန္ေတာ္ ကားေရာင္းမယ့္ေၾကာ္ျငာေတြ႕လို႔ လာခဲ့တာပါ”

“ေအး …အခုအထိ ဘယ္သူမွ မလာၾကလို႔ ခဏခဏေၾကာ္ျငာေနတာ”

“ဟုတ္ကဲ့ခင္ဗ်…က်ေနာ္ စိတ္ဝင္စားလို႔လာခဲ့တာပါခင္ဗ်ာ ”

“မင္းက တကယ္ဝယ္မွာလား”

“ဝယၼြာပါ”

“ဒါဆို…ကားကိုလိုက္ၾကည့္ေလ”

ေဒၚ… … …… …က ကားဂိုေဒါင္ကို ေခၚသြားသည္။

ဂိုေဒါင္ေသာ့ကို ဖြင့္ၿပီး မာစီဒီးကားကို ျပသသည္။

“မင္းကို ေရာင္းမယ့္ကားက ဒီကားပဲ ”

ကားဝယ္ရန္လာသူသည္ ေတာ္ေတာ္ အံ့ၾသသြားသည္။

သိန္းေပါင္းမ်ားစြာ တန္ေသာကားျဖစ္သည္။

“ဘယ္ေလာက္နဲ႔ေရာင္းမွာလဲဗ်”

“သတင္းစာထဲမွာ ပါတယ္ေလ 1$ နဲ႔ေရာင္းမွာ ”

“ဗ်ာ ”

“မ…ဗ်ာနဲ႔ အေဒၚက တကယ္ေရာင္းမွာ ၊ ဒီအတိုင္းေတာ့ မေရာင္းဘူး။

မင္းဘက္က သက္ေသေခၚခဲ့ရမယ္ ၊ ငါ့ဘက္ကလည္း သက္ေသပါမယ္။

လူႀကီးလူေကာင္းေတြ ေရွ႕မွာ စာခ်ဳပ္စာတမ္းနဲ႔ေရာင္းမယ္ ”

“ဟုတ္ …ဟုတ္ကဲ့ ”

ထိုသူသည္ ရပ္ကြက္ထဲမွ လူႀကီးလူေကာင္းမ်ားကို သက္ေသအျဖစ္ ေခၚလာခဲ့သည္။

ေဒၚ…… ……… … . ကလည္း လူႀကီးလူေကာင္းမ်ားကို အဆင္သင့္ေခၚထားသည္။

“ေဟာဒီမွာ အုံနာစာအုပ္၊ ဆီစာအုပ္နဲ႔ကားေသာ့ ၊ မနက္ဖန္ နာမည္ေျပာင္းကိစၥ အကုန္လုပ္ေပးမယ္ ”

လူႀကီးလူေကာင္းေတြနဲ႔ ကားဝယ္သူတို႔ဟာ ဒီမိန္းမ႐ူးမ်ားေနလို႔လားဟု ေတြးေတာေနၾကသည္။

“အေဒၚရယ္ …ကၽြန္ေတာ္ အိပ္မက္မ်ား မက္ေနတာလား”

“အိပ္မက္မဟုတ္ပါဘူး…အေဒၚက ဒီမာစီဒီးကားကို 1$ နဲ႔ ေရာင္းတာပါ၊ ေဟာဒီစာခ်ဳပ္မွာ လက္မွတ္ထိုးေပးၾကပါ”

ကားေရာင္းသူ၊ ကားဝယ္သူႏွင့္ အသိသက္ေသမ်ားက အသီးသီးလက္မွတ္ေရးထိုးေပးၾကသည္။

“ေပး…ငါ့ကို 1$”

ကားဝယ္သူက 1$ ကို ထုတ္ေပးလိုက္ၿပီးေနာက္ ကားေရာင္းသူ အေဒၚႀကီးကို ေမးခြန္းတစ္ခု ေမးလိုက္သည္။

“ဘာေၾကာင့္ အခုလိုတန္ဖိုးမ်ားစြာတန္တဲ့ ဒီကားကို 1$ ထဲနဲ႔ ေရာင္းရတာလဲ ”

“အေဒၚ့ေယာက္်ားက မေသခင္ မွာသြားလို႔ပါ”

“အေဒၚ့ေယာက္်ားကို အေဒၚက ေတာ္ေတာ္ခ်စ္လို႔ေပါ့ေနာ္ ”

“ခ်စ္တာလဲပါတာေပါ့ ၊ မေသခင္မွာသြားတာေလးကို ျဖည့္ဆည္းေဆာင္ရြက္ေပးခ်င္လို႔ပါ ”

“အေဒၚ့ေယာက္်ားက ဘာမ်ားမွာသြားခဲ့လို႔လဲခင္ဗ်ာ”

“အေဒၚ့ ေယာက္်ားက သူစီးေနက် မာစီဒီးကားကို ေရာင္းၿပီး ကားေရာင္းရေငြအားလုံးကို မိုးမိုးကို ေပးလိုက္ပါတဲ့ ”

“မိုးမိုးဆိုတာက”

“အေဒၚတို႔အိမ္က အိမ္ေဖာ္ပါ။ ေနာက္ၿပီး …”

“ေနာက္ၿပီး …ဘာလဲဗ်”

“အေဒၚ့ေယာက္်ားရဲ့ မယားငယ္ ”

တိႏ္…

About the author

Aung Lay

Leave a Comment