News

စစ် ကိုင်းတိုင်း ပညာရေးမှူး ရုံးရှေ့တွင် ပညာရေးဝန်ကြီး အခေါင်း ပုံ လာ ချထား

Written by Aung Lay

စစ် ကိုင်းတိုင်း ပညာရေးမှူး ရုံးရှေ့တွင် ပညာရေးဝန်ကြီး အခေါင်း ပုံ လာ ချထား

ပညာေ ရးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အသက် ၅၅ နှစ်ဟု ရေးထားသော အခေါင်းတစ်ခုကို ယနေ့ည ၉ နာရီခန့်က စစ်ကိုင်းတိုင်း ပညာရေးမှူးရုံးရှေ့တွင် လာရောက်ချထားသည်။

ယင်းအခေါင်းကို ပညာရေးကောလိပ် သမဂ္ဂများကိုယ်စားပြုကော်မတီမှ ပညာရေးဝန်ကြီးဌာနအား သရော်သည့်အနေဖြင့် လာရောက်ချထားခြင်းဖြစ်သည်ဟု သိရသည်။

အခေါင်းပေါ်တွင် မျိုးသိန်းကြီး ၅၅ နှစ် DTEdနှင့် PPTT များ Order ချပေးရန် ကြိုးစားပမ်းစားစီမံခန့်ခွဲရင်း ကွယ်လွန်ဟု ရေးသားထားသည်။

ပညာရေးကောလိပ် ကျောင်းပြီးသူများ၏ အလုပ်ခန့်စာအား မေလကုန်တွင် ထုတ်ပြန်ပေးရမည်ကို ယခုချိန်ထိ ထုတ်ပြန်မပေးသေး၍ ယင်းကဲ့သို့ လှုပ်ရှားမှု ပြုလုပ်ရခြင်းဖြစ်သည်ဟု ပညာရေးကောလိပ် သမဂ္ဂများကိုယ်စားပြုကော်မတီ ဗဟိုကော်မတီဝင် ကိုညီညီမင်းထက်ဝေက ပြောသည်။

” အခြေခံပညာ ညွှန်ချုပ်ကတော့ ကိုဗစ်ကြောင့်လို့ အကြောင်းပြတာပေါ့၊ ဖုန်းဆက်မေးတော့ ဇွန်လ ဒုတိယပတ်ထဲ နောက်ဆုံးထား ထွက်ပေးမယ်ပြောပြီး ခုကျ ဖုန်းတောင် မကိုင်တော့ပါဘူး၊ ကျွန်တော်တို့အနေနဲ့ ကိုဗစ်ကြောင့်ဆိုတာ နားလည်ပါတယ်၊ ကိုယ်တာဝန်ကျတဲ့ဒေသ အခြေအနေကို ကြိုတင်လေ့လာဖို့၊ ပြင်ဆင်ဖို့ပါ၊ လစာ ရဖို့မဟုတ်ပါဘူး “ဟု ၎င်းက ပြောသည်။

ယမန်နှစ်များကလည်း အလုပ်ခန့်စာထွက်မှု နောက်ကျနေသဖြင့် ဝန်ကြီးဌာနတွင် တိကျသောမူဝါဒမရှိဟု ပညာရေးကောလိပ်မှ ကျောင်းသားများက ဝေဖန်သည်။

တိုင်းပညာရေးရုံးရှေ့တွင် ယင်းကဲ့သို့ လှုပ်ရှားသွားမှုအား ရုံးပိတ်ရက်ဖြစ်ခြင်းနှင့် ညပိုင်းကြောင့် တာဝန်ရှိသူများအနေဖြင့် ဖြစ်စဉ်အား သတိမထားမိလိုက်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ)ဆရာမ ဒေါ်ကြည်ကြည်မာက ပြောသည်။

ကိုအောင်ကြီး/မုံရွာ ဂေဇက်

Zawgyi

စစ္ ကိုင္းတိုင္း ပညာေရးမႉး ႐ုံးေရွ႕တြင္ ပညာေရးဝန္ႀကီး အေခါင္း ပုံ လာ ခ်ထား

ပညာေ ရးဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီး အသက္ ၅၅ ႏွစ္ဟု ေရးထားေသာ အေခါင္းတစ္ခုကို ယေန႔ည ၉ နာရီခန႔္က စစ္ကိုင္းတိုင္း ပညာေရးမႉး႐ုံးေရွ႕တြင္ လာေရာက္ခ်ထားသည္။

ယင္းအေခါင္းကို ပညာေရးေကာလိပ္ သမဂၢမ်ားကိုယ္စားျပဳေကာ္မတီမွ ပညာေရးဝန္ႀကီးဌာနအား သေရာ္သည့္အေနျဖင့္ လာေရာက္ခ်ထားျခင္းျဖစ္သည္ဟု သိရသည္။

အေခါင္းေပၚတြင္ မ်ိဳးသိန္းႀကီး ၅၅ ႏွစ္ DTEdႏွင့္ PPTT မ်ား Order ခ်ေပးရန္ ႀကိဳးစားပမ္းစားစီမံခန႔္ခြဲရင္း ကြယ္လြန္ဟု ေရးသားထားသည္။

ပညာေရးေကာလိပ္ ေက်ာင္းၿပီးသူမ်ား၏ အလုပ္ခန႔္စာအား ေမလကုန္တြင္ ထုတ္ျပန္ေပးရမည္ကို ယခုခ်ိန္ထိ ထုတ္ျပန္မေပးေသး၍ ယင္းကဲ့သို႔ လႈပ္ရွားမႈ ျပဳလုပ္ရျခင္းျဖစ္သည္ဟု ပညာေရးေကာလိပ္ သမဂၢမ်ားကိုယ္စားျပဳေကာ္မတီ ဗဟိုေကာ္မတီဝင္ ကိုညီညီမင္းထက္ေဝက ေျပာသည္။

” အေျခခံပညာ ညႊန္ခ်ဳပ္ကေတာ့ ကိုဗစ္ေၾကာင့္လို႔ အေၾကာင္းျပတာေပါ့၊ ဖုန္းဆက္ေမးေတာ့ ဇြန္လ ဒုတိယပတ္ထဲ ေနာက္ဆုံးထား ထြက္ေပးမယ္ေျပာၿပီး ခုက် ဖုန္းေတာင္ မကိုင္ေတာ့ပါဘူး၊ ကၽြန္ေတာ္တို႔အေနနဲ႔ ကိုဗစ္ေၾကာင့္ဆိုတာ နားလည္ပါတယ္၊ ကိုယ္တာဝန္က်တဲ့ေဒသ အေျခအေနကို ႀကိဳတင္ေလ့လာဖို႔၊ ျပင္ဆင္ဖို႔ပါ၊ လစာ ရဖို႔မဟုတ္ပါဘူး “ဟု ၎က ေျပာသည္။

ယမန္ႏွစ္မ်ားကလည္း အလုပ္ခန႔္စာထြက္မႈ ေနာက္က်ေနသျဖင့္ ဝန္ႀကီးဌာနတြင္ တိက်ေသာမူဝါဒမရွိဟု ပညာေရးေကာလိပ္မွ ေက်ာင္းသားမ်ားက ေဝဖန္သည္။

တိုင္းပညာေရး႐ုံးေရွ႕တြင္ ယင္းကဲ့သို႔ လႈပ္ရွားသြားမႈအား ႐ုံးပိတ္ရက္ျဖစ္ျခင္းႏွင့္ ညပိုင္းေၾကာင့္ တာဝန္ရွိသူမ်ားအေနျဖင့္ ျဖစ္စဥ္အား သတိမထားမိလိုက္ေၾကာင္း တိုင္းပညာေရးမႉး႐ုံးမွ ညႊန္ၾကားေရးမႉး (ပညာ)ဆရာမ ေဒၚၾကည္ၾကည္မာက ေျပာသည္။

ကိုေအာင္ႀကီး/မုံရြာ ေဂဇက္

About the author

Aung Lay

Leave a Comment