ၾကားသိရသမ်ွ

ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်တွေကို လိုက်နာပြီး ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်ဖို့ ကုလသမဂ္ဂတိုက်တွန်း

Written by Aung Lay

ဗုဒၶဘုရားရွ င္ရဲ႕ တရားေတာ္ေတြ ကုိ လုိက္နာၿပီး ကပ္ေ ရာဂါဆုိးႀကီးကုိ ရင္ဆုိင္ ဖုိ႔ ကုလသမဂၢတုိက္တြန္း

ကပ္ေရာဂါ ဖိစီးမႈ ႀကဳံေနရတဲ့ လက္ရွိ ကာလမ်ိဳးမွာ ဗုဒၶ ဘုရားရွင္ရဲ႕ အဆုံးအမေတြကို က်င့္ႀကံ လိုက္နာၾကဖို႔ ပိုၿပီး အေရးႀကီးလာေၾကာင္း ကဆုန္လျပည့္ေန႔ အထိမ္းအမွတ္ သတင္းစကားအျဖစ္ ကုလသမဂၢ အႀကီးအကဲက ေျပာၾကားလိုက္ပါတယ္။ ေမလ ၆ ရက္ဟာ ကဆုန္လျပည့္ က်ေရာက္ၿပီး ဗုဒၶဘာသာဝင္ေတြရဲ႕ အထြဋ္အျမတ္ ေန႔ထူးေန႔ျမတ္ တစ္ခုအျဖစ္ သတ္မွတ္ ခံထားရပါတယ္။

ကဆုန္လျပည့္ေန႔မွာ ဗုဒၶအေလာင္းအလ်ာ မင္းသားကို ဖြားျမင္ခဲ့သလို ေဂါဓမ ဗုဒၶ ဘုရားပြင့္တဲ့၊ ပရိနိဗၺာန္ျပဳတဲ့ ေန႔လည္း ျဖစ္ပါတယ္။ ဗုဒၶ ဖြားျမင္မႈ၊ ဘုရားပြင့္မႈနဲ႔ ပရိနိဗၺာန္ ျပဳမႈေတြကို ေအာက္ေမ့ ဂုဏ္ျပဳတဲ့ ေန႔ထူးေန႔ျမတ္မွာ ဗုဒၶရဲ႕ အဆုံးအမေတြကိုလည္း မွတ္မွတ္ထင္ထင္ ေလးစား လိုက္နာၾကဖို႔ ကုလသမဂၢရဲ႕ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီ ဂူတာရက္စ္က တိုက္တြန္းခဲ့ပါတယ္။

ဗုဒၶ ဘုရားရွင္က ကိုယ္ေတာ္တိုင္ အပါအဝင္ သက္ရွိ သတၱဝါတိုင္း ဖ်ားနာႏိုင္၊ ေနျပန္ေကာင္းႏိုင္တဲ့ တရားသေဘာေတြကို ျပသခဲ့ဖူးေၾကာင္း၊ အခုလို က်န္းမာေရး ျပႆနာႀကီး ႀကဳံေနရတဲ့ ကာလမွာ ဗုဒၶရဲ႕ ႏူးညံ့တဲ့ သြန္သင္ ဆုံးမမႈေတြကို ေလးစား လိုက္နာရင္း လူသားအားလုံး စုစုစည္းစည္းနဲ႔ ဒီေရာဂါဆိုးႀကီးကို တြန္းလွန္ၿပီး ေနျပန္ေကာင္းလာေအာင္ အားထုတ္ၾကေစလိုေၾကာင္း ဂူတာရက္စ္က ေျပာၾကားသြားပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၅၀၀ ေလာက္ ကတည္းက ဗုဒၶဘာသာဝင္ေတြ အစဥ္တစိုက္ အထြဋ္အျမတ္ ထားလာတဲ့ ကဆုန္လျပည့္ေန႔ကို ဗုဒၶဘာသာဆိုင္ရာ ႏိုင္ငံတကာ အသိအမွတ္ျပဳ ေန႔တစ္ေန႔ အေနနဲ႔ ကုလသမဂၢက သတ္မွတ္ေပးထားၿပီး ျဖစ္ပါတယ္။

Unicode

ဗုဒ္ဓဘုရားရှ င်ရဲ့ တရားတော်တွေ ကို လိုက်နာပြီး ကပ်ေ ရာဂါဆိုးကြီးကို ရင်ဆိုင် ဖို့ ကုလသမဂ္ဂတိုက်တွန်း

ကပ်ရောဂါ ဖိစီးမှု ကြုံနေရတဲ့ လက်ရှိ ကာလမျိုးမှာ ဗုဒ္ဓ ဘုရားရှင်ရဲ့ အဆုံးအမတွေကို ကျင့်ကြံ လိုက်နာကြဖို့ ပိုပြီး အရေးကြီးလာကြောင်း ကဆုန်လပြည့်နေ့ အထိမ်းအမှတ် သတင်းစကားအဖြစ် ကုလသမဂ္ဂ အကြီးအကဲက ပြောကြားလိုက်ပါတယ်။ မေလ ၆ ရက်ဟာ ကဆုန်လပြည့် ကျရောက်ပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ် နေ့ထူးနေ့မြတ် တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။

ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓအလောင်းအလျာ မင်းသားကို ဖွားမြင်ခဲ့သလို ဂေါဓမ ဗုဒ္ဓ ဘုရားပွင့်တဲ့၊ ပရိနိဗ္ဗာန်ပြုတဲ့ နေ့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓ ဖွားမြင်မှု၊ ဘုရားပွင့်မှုနဲ့ ပရိနိဗ္ဗာန် ပြုမှုတွေကို အောက်မေ့ ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်မှာ ဗုဒ္ဓရဲ့ အဆုံးအမတွေကိုလည်း မှတ်မှတ်ထင်ထင် လေးစား လိုက်နာကြဖို့ ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်က တိုက်တွန်းခဲ့ပါတယ်။

ဗုဒ္ဓ ဘုရားရှင်က ကိုယ်တော်တိုင် အပါအဝင် သက်ရှိ သတ္တဝါတိုင်း ဖျားနာနိုင်၊ နေပြန်ကောင်းနိုင်တဲ့ တရားသဘောတွေကို ပြသခဲ့ဖူးကြောင်း၊ အခုလို ကျန်းမာရေး ပြဿနာကြီး ကြုံနေရတဲ့ ကာလမှာ ဗုဒ္ဓရဲ့ နူးညံ့တဲ့ သွန်သင် ဆုံးမမှုတွေကို လေးစား လိုက်နာရင်း လူသားအားလုံး စုစုစည်းစည်းနဲ့ ဒီရောဂါဆိုးကြီးကို တွန်းလှန်ပြီး နေပြန်ကောင်းလာအောင် အားထုတ်ကြစေလိုကြောင်း ဂူတာရက်စ်က ပြောကြားသွားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက် ကတည်းက ဗုဒ္ဓဘာသာဝင်တွေ အစဉ်တစိုက် အထွဋ်အမြတ် ထားလာတဲ့ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓဘာသာဆိုင်ရာ နိုင်ငံတကာ အသိအမှတ်ပြု နေ့တစ်နေ့ အနေနဲ့ ကုလသမဂ္ဂက သတ်မှတ်ပေးထားပြီး ဖြစ်ပါတယ်။

About the author

Aung Lay

Leave a Comment