Knowledge

ဒုတိယလှိုင်းကို ကြုံရနိုင်ခြေရှိနေတဲ့ မြန်မာပြည် အခြေအနေနှင့် COVID တကျော့ ပြန်မလာစေရန်

Written by Aung Lay

ျမန္ မာျပည္တြင္ ၂ ရက္အတြင္း ပိုးေတြ့သူ ၁၀ ဦးအထိ ျပန္လည္ မ်ားျပားလာခဲ့ပီျဖစ္သည္။ ပထမအျကိမ္ ပိုးစေတြ့ပီးေနာက္ ကူးစက္သူမ်ား တရိပ္ရိပ္တက္ခဲ့သည္။ သို့ေသာ္ က်ေနာ္ ထိုစဥ္က ေရးခဲ့သလိုပင္ သျကၤန္အခ်ိန္အခါသည္ ျမန္မာျပည္ကုိ ကယ္တင္ခဲ့သည္။ အင္းစိန္မွ စတင္ပီး ကူးစက္မွဳမ်ားလာခ်ိန္မွာပင္ သျကၤန္ပိတ္ရက္ ၁၀ ရက္ေရာက္ရွိလာသည္။ သျကၤန္အျကိုေန့အထိ ကူးစက္သူမ်ားခဲ့ပီး တေန့ ၂၀ ေက်ာ္ထိ ေတြ့ရွိလာစဥ္မွာပင္ ျမန္မာျပည္သူမ်ား အိမ္ထဲမွာ တပတ္ေလာက္ ေနလိုက္ျကသည္။ အေမာင္ ကိုရိုနာဗိုင္းရပ္သည္လဲ အိမ္ထဲပုန္းေနေသာ လူမ်ားေျကာင့္ မည္သူ့ကူးရမလဲ မသိပဲ ကူးစက္မွဳႏွဳန္းက်ဆင္းသြားေတာ့သည္။ ထိုသျကၤန္ကာလက အက်ိဳးကုိ ယခုလကုန္ခါနီးအထိ က်ေနာ္တုိ့ ခံစားေနရသည္။ ကူးစက္သူ ၁ ဦးခန့္ေတြ့လိုက္။ မေတြ့သည့္ရက္မ်ားျဖစ္လာလိုက္ႏွင့္ ပထမလိွဳင္းကုိ ေက်ာ္ျဖတ္လာခ့ဲသည္။

ယခု အခါ ျပည္ေတာ္ျပန္မ်ားႏွင့္အတူ ဒုတိယအျကိမ္ ကူးစက္မွဳ(ဒုတိယလိွဳင္း) ျကံုရႏိုင္ေခ်ရွိလာသည္။ သို့ရာတြင္ က်ေနာ္တုိ့သည္ လကၡဏာမျပပဲ ပိုးရွိေနသူမ်ားကုိ စံုစမ္းရန္လဲ လိုအပ္ေနေသးသည္။ ထို့ေျကာင့္ ၀န္ျကီးဌာနက ပိုးစစ္သည့္အေရအတြက္တုိးလာရန္ ျကိုးစားေနသည္။ သျကၤန္ကာလပီးသည့္ေနာက္ ၀မ္းေရးအတြက္ လူမ်ားအလုပ္လုပ္ျကရသည္။ ထိုသည္ကုိ နားလည္ႏုိင္ပါသည္။ သုိ့ေသာ္ ထိုသုိ့ Silent Carrier မ်ားမွ ကူးစက္လာႏုိင္ေခ် ပိုမ်ားလာသည္။ ထို့ေျကာင့္ ၀မ္းေရးအတြက္လဲ အလုပ္လုပ္ရမည္။ ေရာဂါကူးစက္မွဳကုိလဲ ကာကြယ္ရမည္ဆုိပါက ဌာနမွ ထုတ္ျပန္ထားေသာ ညႊန္ျကားခ်က္မ်ားကို လိုက္နာရန္လုိအပ္သည္။ ထိုအထဲမွ အေရးအပါဆံုးအခ်က္မ်ားကုိသာ ေျပာပါဆုိလွ်င္ က်ေနာ္ကေတာ့ အဓိက ၃ ခ်က္ကုိ လိုက္နာရန္ေျပာခ်င္ပါသည္။

၁။ ေ၀းေ၀းေနပါ (Social Distancing)

အနည္းဆံုး ၆ ေပကြာေအာင္ ေနပါ။ ေရာဂါကူးစက္မွဳကို ထိန္းခ်ဳပ္ႏုိင္ေသာ ႏုိင္ငံမ်ားသည္ Social Distancing ကုိ လိုက္နာျကသည္။ အလုပ္ထဲ ေစ်းထဲ အိမ္ထဲ ေနရာတုိင္းတြင္ ကြာေအာင္ေနပါ။ တခ်ိဳ့က အလုပ္သြားျပန္ရာတြင္ YBS မ်ား ျမိဳ့ပတ္ရထားမ်ားျဖင့္ ျပန္ရသူမ်ားရွိသည္။ ကြာေအာင္ မေနႏုိင္လွ်င္ Mask တပ္ပါ။ ရထားေပၚ ကားေပၚမွ စတင္၍ လက္ကုိ မ်က္ႏွာကို လံုး၀မထိပါနဲ့။ သတ္မွတ္ေနရာေရာက္ရင္ လက္ေဆးပါ။

၂။ Mask တပ္ပါ

ယခုအခါ လူအမ်ား ကားေလးမ်ားျဖင့္ အျပင္ထြက္ေနျကသည္ကို အလ်ိဳလ်ိဳ ျမင္ေနရသည္။ တခ်ိဳ့က Mask မတပ္ျကပါ။ ကားေပၚက ဆင္းလွ်င္ေတာ့ မေျပာတတ္။ မည္သို့ဆုိေစ Mask တပ္ျကပါ။ Mask တပ္ျခင္းသည္ ကူးစက္ႏုိင္ျခင္းကုိ ေလွ်ာ့ခ်ေစသည္။ ထို့ေျကာင့္ အျပင္ထြက္လွ်င္ Mask တပ္ပါ။ စည္းကမ္းတက်တပ္ဆင္ပါ။ ေသခ်ာစြန့္ပစ္ပါ။

၃။ လက္ေဆးပါ။

အျပင္က အိမ္ျပန္ေရာက္သည္ျဖစ္ေစ။ အလုပ္ထဲေရာက္သည္ျဖစ္ေစ လက္ကို ဆပ္ျပာျဖင့္ ေဆးပါ။ ေရမေဆးႏုိ္င္လွ်င္ လက္သန့္စင္ေဆးျဖင့္ ေဆးပါ။ ထို ၃ခ်က္ကို လိုက္နာလွ်င္ အက်ိဳးရွိႏုိင္မည္ျဖစ္သည္။

စတင္ျဖစ္ပြားစဥ္က ဂရုတစိုက္ကာကြယ္ျကေသာ္လည္း ယခုအခါ အနည္းငယ္ေပါ့ဆလာျကသည္ကုိ ေတြ့ေနရသည္။ ထို့ေျကာင့္ အလုပ္သြားေနရပီဆုိေသာ္လည္း မေပါ့ဆျကပါနဲ့။ ယခုတျကိမ္ကို ထပ္မံေက်ာ္လႊားႏိုင္လွ်င္ အဆင္ေျပပီျဖစ္သည္။ ကမၻာေျမကုိ ကာကြယ္ရန္ အမိေျမကုိ ကာကြယ္ရန္အတြက္ ကုိယ့္ကုိကုိယ္ ကာကြယ္ဖို့ ဦးစြာလိုအပ္ေနပီျဖစ္သည္။ အားလံုး အတူတကြ အသက္မဆံုးရံွဳးျကပဲ ေက်ာ္ျဖတ္ႏုိင္ျကရန္ အထူးဆင္ျခင္သင့္ပါ။

ဂရုျပဳသင့္သည့္ အခ်ိန္သည္ ယခုတဖန္ ေရာက္ရွိလာပါပီ။ ေရာဂါပိုးအေတြ့မ်ားေသာ ေဒသမ်ားမွ ျပည္သူမ်ားက ပို၍ ဂရုျပဳျကပါ။ လူနာအမ်ားဆံုးေတြ့ေနရေသာ အင္းစိန္ျမိဳ့နယ္ကို မျကာမီ ရက္ပိုင္းအတြင္း က်န္းမာေရးလုပ္ငန္းမ်ား အထူးအရွိန္ျမင့္ပီး ျပဳလုပ္ရန္ စီစဥ္ထားပီျဖစ္ပါသည္။ ထိုသို့ လုပ္ေဆာင္သည့္အခ်ိန္တြင္ ျပည္သူမ်ားက ပူးေပါင္းပါ၀င္ရန္ အထူးအေရးျကီးပါသည္။ အားလံုး လက္တြဲညီညီ ျကုိးစားႏုိင္မွ ဤကပ္ေဘးျကီးကို ေက်ာ္လႊားႏုိင္မည္ျဖစ္ပါေျကာင္း ေရးသားလိုက္ရပါသည္။

Nay Thway

Unicode

ဒုတိယ လှိုင်း ကို ကြုံရနို င်ခြေရှိနေ တဲ့ မြန်မာပြည် အခြေအေ နနှင့် COVID တကျော့ ပြန်မ လာစေရန်

မြန် မာပြည်တွင် ၂ ရက်အတွင်း ပိုးတွေ့သူ ၁၀ ဦးအထိ ပြန်လည် များပြားလာခဲ့ပီဖြစ်သည်။ ပထမအကြိမ် ပိုးစတွေ့ပီးနောက် ကူးစက်သူများ တရိပ်ရိပ်တက်ခဲ့သည်။ သို့သော် ကျနော် ထိုစဉ်က ရေးခဲ့သလိုပင် သင်္ကြန်အချိန်အခါသည် မြန်မာပြည်ကို ကယ်တင်ခဲ့သည်။ အင်းစိန်မှ စတင်ပီး ကူးစက်မှုများလာချိန်မှာပင် သင်္ကြန်ပိတ်ရက် ၁၀ ရက်ရောက်ရှိလာသည်။ သင်္ကြန်အကြိုနေ့အထိ ကူးစက်သူများခဲ့ပီး တနေ့ ၂၀ ကျော်ထိ တွေ့ရှိလာစဉ်မှာပင် မြန်မာပြည်သူများ အိမ်ထဲမှာ တပတ်လောက် နေလိုက်ကြသည်။ အမောင် ကိုရိုနာဗိုင်းရပ်သည်လဲ အိမ်ထဲပုန်းနေသော လူများကြောင့် မည်သူ့ကူးရမလဲ မသိပဲ ကူးစက်မှုနှုန်းကျဆင်းသွားတော့သည်။ ထိုသင်္ကြန်ကာလက အကျိုးကို ယခုလကုန်ခါနီးအထိ ကျနော်တို့ ခံစားနေရသည်။ ကူးစက်သူ ၁ ဦးခန့်တွေ့လိုက်။ မတွေ့သည့်ရက်များဖြစ်လာလိုက်နှင့် ပထမလှိုင်းကို ကျော်ဖြတ်လာခဲ့သည်။

ယခု အခါ ပြည်တော်ပြန်များနှင့်အတူ ဒုတိယအကြိမ် ကူးစက်မှု(ဒုတိယလှိုင်း) ကြုံရနိုင်ချေရှိလာသည်။ သို့ရာတွင် ကျနော်တို့သည် လက္ခဏာမပြပဲ ပိုးရှိနေသူများကို စုံစမ်းရန်လဲ လိုအပ်နေသေးသည်။ ထို့ကြောင့် ဝန်ကြီးဌာနက ပိုးစစ်သည့်အရေအတွက်တိုးလာရန် ကြိုးစားနေသည်။ သင်္ကြန်ကာလပီးသည့်နောက် ဝမ်းရေးအတွက် လူများအလုပ်လုပ်ကြရသည်။ ထိုသည်ကို နားလည်နိုင်ပါသည်။ သို့သော် ထိုသို့ Silent Carrier များမှ ကူးစက်လာနိုင်ချေ ပိုများလာသည်။ ထို့ကြောင့် ဝမ်းရေးအတွက်လဲ အလုပ်လုပ်ရမည်။ ရောဂါကူးစက်မှုကိုလဲ ကာကွယ်ရမည်ဆိုပါက ဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာရန်လိုအပ်သည်။ ထိုအထဲမှ အရေးအပါဆုံးအချက်များကိုသာ ပြောပါဆိုလျှင် ကျနော်ကတော့ အဓိက ၃ ချက်ကို လိုက်နာရန်ပြောချင်ပါသည်။

၁။ ဝေးဝေးနေပါ (Social Distancing)

အနည်းဆုံး ၆ ပေကွာအောင် နေပါ။ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်သော နိုင်ငံများသည် Social Distancing ကို လိုက်နာကြသည်။ အလုပ်ထဲ ဈေးထဲ အိမ်ထဲ နေရာတိုင်းတွင် ကွာအောင်နေပါ။ တချို့က အလုပ်သွားပြန်ရာတွင် YBS များ မြို့ပတ်ရထားများဖြင့် ပြန်ရသူများရှိသည်။ ကွာအောင် မနေနိုင်လျှင် Mask တပ်ပါ။ ရထားပေါ် ကားပေါ်မှ စတင်၍ လက်ကို မျက်နှာကို လုံးဝမထိပါနဲ့။ သတ်မှတ်နေရာရောက်ရင် လက်ဆေးပါ။

၂။ Mask တပ်ပါ

ယခုအခါ လူအများ ကားလေးများဖြင့် အပြင်ထွက်နေကြသည်ကို အလျိုလျို မြင်နေရသည်။ တချို့က Mask မတပ်ကြပါ။ ကားပေါ်က ဆင်းလျှင်တော့ မပြောတတ်။ မည်သို့ဆိုစေ Mask တပ်ကြပါ။ Mask တပ်ခြင်းသည် ကူးစက်နိုင်ခြင်းကို လျှော့ချစေသည်။ ထို့ကြောင့် အပြင်ထွက်လျှင် Mask တပ်ပါ။ စည်းကမ်းတကျတပ်ဆင်ပါ။ သေချာစွန့်ပစ်ပါ။

၃။ လက်ဆေးပါ။

အပြင်က အိမ်ပြန်ရောက်သည်ဖြစ်စေ။ အလုပ်ထဲရောက်သည်ဖြစ်စေ လက်ကို ဆပ်ပြာဖြင့် ဆေးပါ။ ရေမဆေးနိုင်လျှင် လက်သန့်စင်ဆေးဖြင့် ဆေးပါ။ ထို ၃ချက်ကို လိုက်နာလျှင် အကျိုးရှိနိုင်မည်ဖြစ်သည်။

စတင်ဖြစ်ပွားစဉ်က ဂရုတစိုက်ကာကွယ်ကြသော်လည်း ယခုအခါ အနည်းငယ်ပေါ့ဆလာကြသည်ကို တွေ့နေရသည်။ ထို့ကြောင့် အလုပ်သွားနေရပီဆိုသော်လည်း မပေါ့ဆကြပါနဲ့။ ယခုတကြိမ်ကို ထပ်မံကျော်လွှားနိုင်လျှင် အဆင်ပြေပီဖြစ်သည်။ ကမ္ဘာမြေကို ကာကွယ်ရန် အမိမြေကို ကာကွယ်ရန်အတွက် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ဦးစွာလိုအပ်နေပီဖြစ်သည်။ အားလုံး အတူတကွ အသက်မဆုံးရံှုးကြပဲ ကျော်ဖြတ်နိုင်ကြရန် အထူးဆင်ခြင်သင့်ပါ။

ဂရုပြုသင့်သည့် အချိန်သည် ယခုတဖန် ရောက်ရှိလာပါပီ။ ရောဂါပိုးအတွေ့များသော ဒေသများမှ ပြည်သူများက ပို၍ ဂရုပြုကြပါ။ လူနာအများဆုံးတွေ့နေရသော အင်းစိန်မြို့နယ်ကို မကြာမီ ရက်ပိုင်းအတွင်း ကျန်းမာရေးလုပ်ငန်းများ အထူးအရှိန်မြင့်ပီး ပြုလုပ်ရန် စီစဉ်ထားပီဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင်သည့်အချိန်တွင် ပြည်သူများက ပူးပေါင်းပါဝင်ရန် အထူးအရေးကြီးပါသည်။ အားလုံး လက်တွဲညီညီ ကြိုးစားနိုင်မှ ဤကပ်ဘေးကြီးကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

About the author

Aung Lay

Leave a Comment