Cele News Video

မင်းသားမင်းသမီးတွေ ရှုံးလောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ အငွေ့အ သက် များ သီချင်းကို TIK TOK ဗီဒီ ယိုလေးအဖြစ် ဖန်တီးခဲ့တဲ့ AH BOY နဲ့ ချမ်းမြေ့မောင်ချို

Written by Aung Lay

တစ်နိုင်ငံလုံးက ပရိသတ်တွေချစ်ကြတဲ့ ချမ်းမြေ့မောင်ချိုကတော့ Myanmar Idol Season (3) ရဲ့ 1st Runner Up ဆုရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချို့က သူမရဲ့မိခင် အဆိုတော်အိအိဆီကနေ အနုပညာအရည်အချင်းတွေများစွာကို အမွေဆက်ခံထားသူလေး တစ်ေ ယာက်ဆိုလည်း မမှားပါဘူး။ ချမ်းမြေ့မောင်ချိုက သူမရဲ့ ပထမဦးဆုံးအယ်လ်ဘမ် 11 ကို ထွက်ရှိခဲ့ပြီး ပရိသတ်တွေအတွက် သီချင်းသစ်တွေကို ဆက်တိုက်ဆိုသလို ချပြနေတာပဲ ဖြစ် ပါတယ်။

ချမ်းမြေ့မောင်ချိုက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူမနဲ့ အဆိုတော် Ah Boy ရဲ့ သီချင်းသစ်လေးဖြစ်တဲ့ “အငွေ့အသက်များ” ဆိုတဲ့ သီချင်းလေးကို ထွက်ရှိခဲ့တာဖြစ်ပြီး ထိုသီချင်းလေးက ထုတ်လုပ်ပြီး ပထမအပတ်မှာတင် Top Ten ဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Ah Boy နဲ့ ချမ်းမြေ့ေ မာင် ချိုတို့က သူတို့ရဲ့ “အငွေ့အသက်များ” ဆိုတဲ့ သီချင်းလေးကို မင်းသားမင်းသမီးတွေ လာက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ သရုပ်ဆောင်ထားကြတာကို အခုလိုပဲ တွေ့ရပါတယ်။

ချမ်းမြေ့မောင်ချိုနဲ့ Ah Boy ရဲ့ “အငွေ့အသက်များ” ဆိုတဲ့ သီချင်းလေးကတော့ လူငယ်ပရိ သတ်တွေကြား တော်တော်လေးရေပန်းစားပြီး အောင်မြင်နေလျက်ရှိပါတယ်။ ပရိသတ်ကြီး လည်း ချမ်းမြေ့မောင်ချိုနဲ့ Ah Boy ရဲ့ ပထမဦးဆုံး Tik Tok ဗီဒီယိုလေးကို သဘောကျကြမယ် လို့ မျှော်လင့်ပါတယ်။

 

Source: ChanMyae MgCho’s fb

Zawgyi





About the author

Aung Lay

Leave a Comment