Health Knowledge

အရည်ကြည်ဖု ငါးမျက်စိ အသားမာ ပျောက်ကင်းစေသော နည်းများ

Written by Aung Lay

အရည္ၾကည္ဖု၊ ငါးမ်က္စိ၊ အသားမာ မ်ားကို ကုသနည္းေလး ေဖာ္ျပလိုက္ပါတယ္ေနာ္..အရည္ၾကည္ဖု၊ ငါးမ်က္စိနဲ႔ အသားမာမ်ားဟာ အေရျပားနဲ႔ မ်က္ႏွာျပင္တခုခုပြတ္တိုက္မိေနတဲ့အခါ ျဖစ္ေပၚလာပါတယ္။

ဘယ္လိုကုသမလဲ…အရည္ၾကည္ဖု..အရည္ၾကည္ဖုေတြဟာ အခ်ိန္နည္းနည္းၾကာသြားရင္ သူ႔ဖာသာေပ်ာက္သြားႏိုင္ပါတယ္။အရည္ၾကည္ဖုကိုဖုံးထားတဲ့ အေရျပားဟာ ပိုးမဝင္ေအာင္ ကာကြယ္ေပးပါတယ္။ ဆရာဝန္ဟာ အပ္ေသးေသးသုံးၿပီး အရည္ၾကည္ေတြကိုစုပ္ဖို႔ အားေပးတာရွိႏိုင္ပါတယ္။

ဒါေပမယ့္ အေရျပာကိုေတာ့ ခြာေစမွာမဟုတ္ပါဘူး။ အရည္ၾကည္ဖုတြကိုေျခာက္ေသြ႕သန႔္ရွင္းေအာင္ ထားသင့္ပါတယ္။ေရသန႔္သန႔္နဲ႔ သိပ္မျပင္းတဲ့ ဆပ္ျပာနဲ႔ ေဆးေၾကာသင့္ပါတယ္။ အညစ္အေၾကးမေပေအာင္ ပတ္တီးစည္းၿပီးကာကြယ္ထားႏိုင္ပါတယ္။ပတ္တီးကိုေန႔စဥ္လဲေပးဖို႔ေတာ့ လိုပါတယ္။

အသားမာ…အသားမာကို သြားမလွီးပါနဲ႔။ အဲ့ဒါဟာပိုဆိုးေစပါတယ္။ ျဖစ္တဲ့ေနရာကိုေရေႏြးေႏြးနဲ႔ ၁၀မိနစ္ေလာက္စိမ္ထားၿပီး ေခ်းတြန္းတဲ့ေက်ာက္အႏုစားနဲ႔ ပြတ္တိုက္ေပးႏိုင္ပါတယ္။ ေဆးဖတ္ေတြ ကပ္ေပးႏိုင္ပါတယ္။

ငါးမ်က္စိ…ငါးမ်က္စိဟာလည္း ေပ်ာက္ကင္းႏိုင္ေပမယ့္ အသားမာထက္စာရင္ နည္းနည္းပိုၾကာတတ္ပါတယ္။ ေရေႏြးေႏြးျဖင့္ ေရခ်ိဳးျခင္း၊ ေရေႏြးစိမ္ေပးျခင္းစတဲ့ နည္းလမ္းေတြနဲ႔ ငါးမ်က္စိကိုေပ်ာ့ႏူးေစႏိုင္ပါတယ္။ အဲ့ဒီေနာက္ ေခ်းတြန္းေက်ာက္နဲ႔ ပြတ္တိုက္ေပးႏိုင္ပါတယ္။ မုန႔္လက္ေကာက္ပုံစံ ေဆးဖတ္ကိုေဆးဆိုင္ေတြမွာ ဝယ္ႏိုင္ပါတယ္။

အဲဒီနည္းဟာ ငါးမ်က္စိကိုပိုၿပီး ျမန္ျမန္ဆန္ဆန္ ေပ်ာက္ကင္းေစႏိုင္ပါတယ္။ salicylicအက္ဆစ္ပါတဲ့ေဆးဖတ္ေတြကိုလည္းသုံးႏိုင္ပါတယ္။ salicylicအက္ဆစ္ဟာငါးမ်က္စိအေရျပားကိုဖယ္ရွားေပးႏိုင္ပါတယ္။

အရည္ၾကည္ဖု၊ ငါးမ်က္စိ၊ အသားမာမျဖစ္ေအာင္ ဘယ္လိုကာကြယ္ေပးႏိုင္လဲ..ေအာက္ပါအခ်က္ေတြကိုလိုက္နာၿပီးကာကြယ္ႏိုင္ပါတယ္။

သင့္ေျခေထာက္နဲ႔ အံဝင္ခြင္က်ျဖစ္တဲ့ ရႉးဖိနပ္ကိုပဲေ႐ြးခ်ယ္ပါ။ အဲ့ဒီအခါ သက္ေတာင့္သက္သာ ျဖစ္ေစၿပီးပြတ္တိုက္မႈေတြကိုကာကြယ္ႏိုင္ပါတယ္။မဝယ္ခင္ ေသခ်ာေ႐ြးပါ။ ေျခအိတ္စီးဖို႔မေမ့ပါနဲ႔။ သန႔္ရွင္းေရးလုပ္ရာမွာ၊ အေလးအပင္မရာမွာလက္အိတ္စြပ္ထားသင့္ပါတယ္။

အရည္ၾကည္ဖု၊ ငါးမ်က္စိ၊ အသားမာေတြဟာအျဖစ္မ်ားတဲ့ အေရျပားဆိုင္ရာ ျပသနာေတြ ျဖစ္ပါတယ္။ ေကာင္းတာကေပ်ာက္ေအာင္ကုၿပီး ႐ိုးရွင္းတဲ့နည္းေတြနဲ႔ မျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။ ေဆးကုသမႈခံယူဖို႔ မေမ့ပါနဲ႔။

သင့္ဆရာဝန္ဟာ ကူညီႏိုင္ပါတယ္။ ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

Writer ; Kwee (Jeeptoolay)

Source ; Dr.Thant Zin

Unicode

အရည်ကြည်ဖု၊ ငါးမျက်စိ၊ အသားမာ များကို ကုသနည်းလေး ဖော်ပြလိုက်ပါတယ်နော်..အရည်ကြည်ဖု၊ ငါးမျက်စိနဲ့ အသားမာများဟာ အရေပြားနဲ့ မျက်နှာပြင်တခုခုပွတ်တိုက်မိနေတဲ့အခါ ဖြစ်ပေါ်လာပါတယ်။

ဘယ်လိုကုသမလဲ…အရည်ကြည်ဖု..အရည်ကြည်ဖုတွေဟာ အချိန်နည်းနည်းကြာသွားရင် သူ့ဖာသာပျောက်သွားနိုင်ပါတယ်။အရည်ကြည်ဖုကိုဖုံးထားတဲ့ အရေပြားဟာ ပိုးမဝင်အောင် ကာကွယ်ပေးပါတယ်။ ဆရာဝန်ဟာ အပ်သေးသေးသုံးပြီး အရည်ကြည်တွေကိုစုပ်ဖို့ အားပေးတာရှိနိုင်ပါတယ်။

ဒါပေမယ့် အရေပြာကိုတော့ ခွာစေမှာမဟုတ်ပါဘူး။ အရည်ကြည်ဖုတွကိုခြောက်သွေ့သန့်ရှင်းအောင် ထားသင့်ပါတယ်။ရေသန့်သန့်နဲ့ သိပ်မပြင်းတဲ့ ဆပ်ပြာနဲ့ ဆေးကြောသင့်ပါတယ်။ အညစ်အကြေးမပေအောင် ပတ်တီးစည်းပြီးကာကွယ်ထားနိုင်ပါတယ်။ပတ်တီးကိုနေ့စဉ်လဲပေးဖို့တော့ လိုပါတယ်။

အသားမာ…အသားမာကို သွားမလှီးပါနဲ့။ အဲ့ဒါဟာပိုဆိုးစေပါတယ်။ ဖြစ်တဲ့နေရာကိုရေနွေးနွေးနဲ့ ၁၀မိနစ်လောက်စိမ်ထားပြီး ချေးတွန်းတဲ့ကျောက်အနုစားနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ ဆေးဖတ်တွေ ကပ်ပေးနိုင်ပါတယ်။

ငါးမျက်စိ…ငါးမျက်စိဟာလည်း ပျောက်ကင်းနိုင်ပေမယ့် အသားမာထက်စာရင် နည်းနည်းပိုကြာတတ်ပါတယ်။ ရေနွေးနွေးဖြင့် ရေချိုးခြင်း၊ ရေနွေးစိမ်ပေးခြင်းစတဲ့ နည်းလမ်းတွေနဲ့ ငါးမျက်စိကိုပျော့နူးစေနိုင်ပါတယ်။ အဲ့ဒီနောက် ချေးတွန်းကျောက်နဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ မုန့်လက်ကောက်ပုံစံ ဆေးဖတ်ကိုဆေးဆိုင်တွေမှာ ဝယ်နိုင်ပါတယ်။

အဲဒီနည်းဟာ ငါးမျက်စိကိုပိုပြီး မြန်မြန်ဆန်ဆန် ပျောက်ကင်းစေနိုင်ပါတယ်။ salicylicအက်ဆစ်ပါတဲ့
ဆေးဖတ်တွေကိုလည်းသုံးနိုင်ပါတယ်။ salicylicအက်ဆစ်ဟာငါးမျက်စိအရေပြားကိုဖယ်ရှားပေးနိုင်ပါတယ်။

အရည်ကြည်ဖု၊ ငါးမျက်စိ၊ အသားမာမဖြစ်အောင် ဘယ်လိုကာကွယ်ပေးနိုင်လဲ..အောက်ပါအချက်တွေကိုလိုက်နာပြီးကာကွယ်နိုင်ပါတယ်။

သင့်ခြေထောက်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ရှူးဖိနပ်ကိုပဲရွေးချယ်ပါ။ အဲ့ဒီအခါ သက်တောင့်သက်သာ ဖြစ်စေပြီးပွတ်တိုက်မှုတွေကိုကာကွယ်နိုင်ပါတယ်။မဝယ်ခင် သေချာရွေးပါ။ ခြေအိတ်စီးဖို့မမေ့ပါနဲ့။ သန့်ရှင်းရေးလုပ်ရာမှာ၊ အလေးအပင်မရာမှာလက်အိတ်စွပ်ထားသင့်ပါတယ်။

အရည်ကြည်ဖု၊ ငါးမျက်စိ၊ အသားမာတွေဟာအဖြစ်များတဲ့ အရေပြားဆိုင်ရာ ပြသနာတွေ ဖြစ်ပါတယ်။ ကောင်းတာကပျောက်အောင်ကုပြီး ရိုးရှင်းတဲ့နည်းတွေနဲ့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဆေးကုသမှုခံယူဖို့ မမေ့ပါနဲ့။

သင့်ဆရာဝန်ဟာ ကူညီနိုင်ပါတယ်။ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Writer ; Kwee (Jeeptoolay)

Source ; Dr.Thant Zin

About the author

Aung Lay

Leave a Comment