မိုးလေဝသ
တစ်နိုင်ငံလုံးမျှော်လင့်နေကြတဲ့ ရွှေမိုးကြီးလာတော့မည်…တစ်နိုင်ငံလုံး မိုးရွာသွန်းမယ့်နေ့ရက်များ…
Written by Aung Lay
Unicode
တစ်နိုင်ငံလုံးမျှော်လင့်နေကြတဲ့ ရွှေမိုးကြီးလာတော့မည်…တစ်နိုင်ငံလုံး မိုးရွာသွန်းမယ့်နေ့ရက်များ…
တောင်ဆီမှာမှောင်ရီပြာ မိုးရိပ်တွေဆင်… #MME ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ Update မြန်မာမိုး အခြေအနေကတော့
မေလ ၈ရက်နေ့မှ ၁၄ရက်နေ့အတွင်း ချင်းပြည်နယ် စစ်ကိုင်းတိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း မြောက်ပိုင်း
ကယားပြည်နယ် ပဲခူးတိုင်းအရှေ့ပိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်းတွေမှာ မိုးရွာသွန်းဖွယ်ရှိပြီး
မေလ ၁၅ရက်နေ့မှ ၂၁ရက်နေ့အတွင်းမှာတော့ တစ်နိုင်ငံလုံးမိုးရရှိနိုင်သလို ဧရာဝတီတိုင်း ရန်ကုန်တိုင်း တွေမိုးများနိုင်ပါတယ် …။
မေလ ၂၂ရက်နေ့မှ ဂျွန်လ ၄ရက်နေ့အတွင်း မုတ်သုန်ကြိုမိုးနဲ့ မုတ်သုန်လေစောရရှိနိုင်ပြီး မိုးဦးစောစေနိုင်တယ်လို့ #MME မှ ခန့်မှန်းပေးထားပါတယ် …။
အပူဒါဏ်ကိုထီးမိုးကာမယ်သိလား အားကိုးလိုက်စမ်းတော့ သူရေ …။
နွေရာသီ ဧပြီလအထိ သိသာစွာမပူခဲ့ပဲ မေလမှာ ပူပြင်းခြင်းကလည်း ရက်အနည်းငယ်သာရှိပါလိမ့်မယ် မိုးရရှိတာနဲ့ အပူလျော့စေမှာပဲ ဖြစ်ပါတယ်နော် …။ ။
07/05/2020 at 3:11pm (MMT) SU SU SAN
About the author
Aung Lay
Leave a Comment