Cele News
ချစ်ရတဲ့အနုပညာမောင်နှမတွေနဲ့ဆုံတုန်း ရုပ်ပြောင်လေးတွေလုပ်ပြီး ခွီခဲ့ရတဲ့အမှတ်တရတွေကို ထုတ်ပြ လိုက်တဲ့ဇေရဲထက်
Written by Aung Lay
မင်းသားချောလေး ဇေရဲထက်ကတော့ ဗီဒီယိုဇာတ်ကားလေးတွေနဲ့ ပရိသတ်တွေကြားမှာ စတင်အောင်မြင်ခဲ့ပြီး သရုပ်ဆောင်ကောင်းတာကြောင့် နောက်ပိုင်းမှာ ပိုပိုပြီးနာမည်ရ လာခဲ့တာ ဖြစ်ပါတယ်။ ချောမောခန့်ညားတဲ့ရုပ်ရည်နဲ့ အမြဲတမ်းနုပျိုနေတဲ့ ဇေရဲထက်က မိန်းကလေးပရိသတ်တွေရဲ့အသည်းကျော်တစ်ဦးလို့တောင် ဆိုနိုင်တာ ဖြစ်ပါတယ်။ ဇေရဲ ထက်အနေနဲ့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာအောင် လုပ်ကိုင်ခဲ့ပြီး နာမည် တစ်လုံးနဲ့ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဇေရဲထက်က အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်နေပေ မယ့်လည်း သူ့ရဲ့လှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အဆက်မပြတ်မျှ ဝေပေးနေတာ ဖြစ်ပါတယ်။ အခုလို Stay Home ကာလမှာတော့ ဇေရဲထက်က အိမ်မှာ ပဲနေပြီး ဟင်းတွေကအစ ကိုယ်တိုင်ချက်ပြုတ်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဇေရဲ ထက်က သူချစ်ရတဲ့ အနုပညာမောင်နှမတွေနဲ့ အမှတ်တရတွေကို မျှဝေထားတာ ဖြစ်ပါ တယ်။
ဇေရဲထက်က “group ရိုက်ရင် အလှမနေတတ်တဲ့ စခွီကောင် ” ဆိုပြီး အနုပညာမော င်နှမတွေကြားမှာ ရုပ်ပြောင်လေးလုပ်ပြီး ခွီခဲ့တဲ့ပုံလေးတွေကို တင်ပေးထားတာပဲ ဖြစ်ပါ တယ်။ ပွဲအခမ်းအနားတစ်ခုမှာ လူစုံတက်စုံနဲ့ ဆုံတွေ့ခဲ့ကြတဲ့ ဇေရဲထက်တို့အနုပညာ ရှင်တ စ်စုကတော့ ဓာတ်ဖမ်းရင်းပျော်ရွှင်ခဲ့ကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေ အတွက် မင်းသားချော ဇေရဲထက်နဲ့ အနုပညာမောင်နှမတစ်စုရဲ့ပုံလေးတွေကို ပြန်လည် မျှဝေ ပေးလိုက်ပါတယ်နော်။
Source & Photo Credit-Zay Ye Htet’s FB Acc
Zawgyi
About the author
Aung Lay
Leave a Comment