Cele News

နေပြည်တော်တိရိစ္ဆာန်ဥယျာဉ်မှာရှိတဲ့တိရိစ္ဆာန်လေးတွေအတွက် တတ်နိုင်သလောက်အစာတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တဲ့သက်ထားသူဇာ

Written by Aung Lay

မြန်မာ့ဂုဏ်ဆောင်ကြက်တောင်အားကစားမယ်တစ်ယောက်ဖြစ်တဲ့ သက်ထားသူဇာကိုတော့ ပရိသတ်ကြီးလည်းသိပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမကတော့ထူးချွန်တဲ့အားကစားမယ် တစ်ယောက်ဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲတိုင်းမှာလည်းဆုတံဆိပ်တွေကို ဆွတ်ခူးရရှိထားနိုင် သူတစ်ယောက်ပါ။ ယခုနောက်ပိုင်းမှာတော့သက်ထားသူဇာဟာ အနုပညာရှင်တစ်ယောက် အနေနဲ့လည်း ကြော်ငြာတွေမှာပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။

သူမကတော့အလှူအတန်းဘက်မှာလည်းရက်ရောသူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း ကိုရိုနာဗိုင်းရပ်ကြောင့်ပိတ်ထားခံရတဲ့ နေပြည်တော်တိရိစ္ဆာန်ဥယျာဉ်မှာ ရှိတဲ့တိရိစ္ဆာ န်လေးတွေအတွက် တတ်နိုင်သလောက်အစာတွေကိုကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တာ ဖြစ် ပါတယ်။အဲဒီအလှူအကြောင်းလေးကိုတော့ သက်ထားသူဇာက”မနေ့ကတိရိစ္ဆာန် လေးတွေစားဖို့အတွက် စားမယ်အဖွဲ့နဲ့အတူနေပြည်တော်တိရိစ္ဆာန်ဥယျာဉ်မှာ အစာကျွေး ပြီး အလှူလေးတက်နိုင်သမျှလှူခဲ့ပါတယ်။

အားလုံးလဲလှူချင်ရင်တက်နိုင်သမျှကူညီလှူဒါန်းနိုင်ပါတယ်နော်။ “ဆိုပြီးသူမရဲ့လူမှုကွန်ရက်မှာ အလှူ ပုံရိပ်လေးတွေအတူဖော်ပြထားခဲ့တာဖြစ်ပါတယ်။အဆိုပါအလှူ ပုံရိပ်လေးတွေကို လည်း ပရိသတ်ကြီးသာဓုခေါ်လို့ရအောင်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်..။

Source:THET HTAR Thuzar

Zawgyi





About the author

Aung Lay

Leave a Comment