News

ယာဉ်ေ မာင်းလိုင်စင်တွေ အွန်လို င်းကနေ သက်တမ်း တိုး လို့ ရပါပြီ

Written by Aung Lay

ယာဉ်ေ မာင်းလိုင်စင်တွေ အွန်လို င်းကနေ သက်တမ်း တိုး လို့ ရပါပြီ

ကိုဗစ်ေ ရာဂါကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းလုပ်ငန်းအား ဇူလိုင် ၆ ရက်မှစ၍ Online Booking စနစ် ပြောင်းလဲ ကျင့်သုံးသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာသည်။

အဆိုပါ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းအား ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၏ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံး မန္တလေး(တောင်)၊ ခရိုင်ရုံး( မန္တလေးမြောက်)တို့၌ ဇူလိုင် ၆ ရက်မှစ၍ Online Booking စနစ် ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ရာ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးလိုသည့် သူများအနေဖြင့် ဇူလိုင် ၃ ရက်မှစ၍ online Booking စနစ်အား http://rtad.gov.mm/ ဝက်ဘ်ဆိုက်တွင် အနည်းဆုံး ၁ ရက်မှ အများဆုံး ၃၀ ရက်အထိ ကြိုတင်ရက်ချိန်း ယူရမည်ဖြစ်ကြောင်း သိရသည်။

“အခုက ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးတာ အရမ်းများလာတယ်။ ကိုဗစ်ဖြစ်ပွားနေတဲ့ကာလမှာ လူစုလူဝေးမဖြစ်စေဖို့နဲ့ လူတွေအများကြီး တန်းစီနေရတာမဖြစ်စေဖို့ Online Booking System ကို ဇူလိုင် ၆ ရက်ကစပြီး ပြောင်းလဲကျင့်သုံးတာပါ။ ရန်ကုန်တိုင်းကညနရုံးတွေနဲ့ မန္တလေးတိုင်း ကညန ရုံးတွေမှာ စတင်ကျင့်သုံးမှာပါ။ ဇူလိုင် ၃ ရက်ကစပြီး Online Booking စတင်လျှောက်ထားလို့ရပါပီ။ “ဟု နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ဇူလိုင် ၃၀ ရက်တွင် မြန်မာတိုင်းနေ့စဉ် သို့ပြောသည်။

အဆိုပါ Online Booking စနစ်အား ယာဉ်မောင်းလိုင်စင် “က”၊ “က-၁” ၊ ” ခ ” ၊ ” ဃ ” ၊ ” င ” ၊ စသည့် သက်တမ်းတိုး ယာဉ်မောင်းလိုင်စင်များအတွက်သာ ဆောင်ရွက်ပေးမည်ဖြစ်ပြီး “သ”၊ ” ဂ “၊ ” ဌ ” ၊ ” စ ” ၊ ” ဟ ” ၊ စသည့် သက်တမ်းတိုးမည့် ယာဉ်မောင်းလိုင်စင်များ၊ နယ်ဝင်နှင့် ပျောက်/ပျက် မိတ္တူဆောင်ရွက်မည့် ယာဉ်မောင်းလိုင်စင်များသည် Online Booking ရယူရန်မလိုဘဲ ယခင်အတိုင်းလုပ်ငန်းဆောင်ရွက်ရမည်ဖြစ်သည်။

ကညန လုပ်ငန်း ဝန်ဆောင်မှု ရပ်ဆိုင်းထားသည့် ကာလအတွင်း သက်တမ်းကုန်ဆုံးနေသည့် ယာဉ်မောင်းလိုင်စင်များအား နှစ်လဲသက်တမ်းတိုး လာရောက်ဆောင်ရွက်ရာတွင် လိုင်စင်သက်တမ်းကုန်ဆုံးရက် ၂၀၂၀ ခုနှစ် မတ်လ ၂၅ ရက်မှ ဧပြီလ ၃၀ရက်အတွင်းရှိ လိုင်စင်များသည် ဇွန်လ ၇ ရက်မှ ဇူလိုင် ၃၁ ရက်အတွင်း အထိ ၊ (ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမှတ်ပုံတင်ရုံးများအတွက်သာ)၊ လိုင်စင်သက်တမ်းကုန်ဆုံးရက် မတ်လ ၃၀ ရက်မှ ဧပြီလ ၃၀ ရက် အတွင်းရှိလိုင်စင်များသည် ဇွန်လ ၈ ရက်မှ ဇူလိုင် ၃၁ ရက်အထိ (ပြည်နယ်တိုင်းဒေသကြီးရှိမှတ်ပုံတင်ရုံးများအတွက်သာ)၊ လိုင်စင်သက်တမ်းကုန်ဆုံးရက် မေလ ၁ ရက်မှ မေလ ၃၁ ရက် အတွင်းရှိလိုင်စင်များသည် ဇွန်လ ၈ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ၊ လိုင်စင်သက်တမ်းကုန်ဆုံးရက် ဇွန်လ ၁ ရက်မှ ဇွန်လ ၃၀ ရက် အတွင်းရှိ လိုင်စင်များသည် ဇွန်လ ၈ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ယာဉ်မောင်းလိုင်စင်များအား သက်တမ်းလွန် ဒဏ်ကြေးများ ဖြေလျော့ပေးထားသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တစ်နိုင်ငံလုံး၌ ယာဉ်မောင်းလိုင်စင်ထုတ်ပေးထားသည့် အရေအတွက် မှာ ၅၅ သိန်း ကျော်အထိ ရှိနေရာ ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မောင်းလိုင်စင် အရေအတွက် ၉ သိန်း ၁ သောင်း ကျော်အထိထုတ်ပေးထားပြီး ရန်ကုန်တိုင်းတွင် ယာဉ်မှတ်ပုံတင်ထားသည်ကားအစီးရေ ၆သိန်းကျော် နီးပါးအထိရှိသည်။

မြန်မာတိုင်းမ်

Zawgyi

ယာဥ္ေ မာင္းလိုင္စင္ေတြ အြန္လို င္းကေန သက္တမ္း တိုး လို႔ ရပါၿပီ

ကိုဗစ္ေ ရာဂါကူးစက္မႈ ႀကိဳတင္ကာကြယ္နိုင္ရန္အတြက္ ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးျခင္းလုပ္ငန္းအား ဇူလိုင္ ၆ ရက္မွစ၍ Online Booking စနစ္ ေျပာင္းလဲ က်င့္သုံးသြားမည္ ျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနက အသိေပးေၾကညာသည္။

အဆိုပါ ယာဥ္ေမာင္းလိုင္စင္သက္တမ္းတိုးျခင္းလုပ္ငန္းအား ကုန္းလမ္းပို႔ေဆာင္ေရး ညြန္ၾကားမႈဦးစီးဌာန၏ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ခရိုင္႐ုံးမ်ားႏွင့္ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ခရိုင္႐ုံး မႏၲေလး(ေတာင္)၊ ခရိုင္႐ုံး( မႏၲေလးေျမာက္)တို႔၌ ဇူလိုင္ ၆ ရက္မွစ၍ Online Booking စနစ္ ေျပာင္းလဲက်င့္သုံးသြားမည္ျဖစ္ရာ ယာဥ္ေမာင္းလိုင္စင္သက္တမ္းတိုးလိုသည့္ သူမ်ားအေနျဖင့္ ဇူလိုင္ ၃ ရက္မွစ၍ online Booking စနစ္အား http://rtad.gov.mm/ ဝက္ဘ္ဆိုက္တြင္ အနည္းဆုံး ၁ ရက္မွ အမ်ားဆုံး ၃၀ ရက္အထိ ႀကိဳတင္ရက္ခ်ိန္း ယူရမည္ျဖစ္ေၾကာင္း သိရသည္။

“အခုက ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးတာ အရမ္းမ်ားလာတယ္။ ကိုဗစ္ျဖစ္ပြားေနတဲ့ကာလမွာ လူစုလူေဝးမျဖစ္ေစဖို႔နဲ႔ လူေတြအမ်ားႀကီး တန္းစီေနရတာမျဖစ္ေစဖို႔ Online Booking System ကို ဇူလိုင္ ၆ ရက္ကစၿပီး ေျပာင္းလဲက်င့္သုံးတာပါ။ ရန္ကုန္တိုင္းကညန႐ုံးေတြနဲ႔ မႏၲေလးတိုင္း ကညန ႐ုံးေတြမွာ စတင္က်င့္သုံးမွာပါ။ ဇူလိုင္ ၃ ရက္ကစၿပီး Online Booking စတင္ေလၽွာက္ထားလို႔ရပါပီ။ “ဟု ေနျပည္ေတာ္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ အႀကီးတန္းအရာရွိတစ္ဦးက ဇူလိုင္ ၃၀ ရက္တြင္ ျမန္မာတိုင္းေန႔စဥ္ သို႔ေျပာသည္။

အဆိုပါ Online Booking စနစ္အား ယာဥ္ေမာင္းလိုင္စင္ “က”၊ “က-၁” ၊ ” ခ ” ၊ ” ဃ ” ၊ ” င ” ၊ စသည့္ သက္တမ္းတိုး ယာဥ္ေမာင္းလိုင္စင္မ်ားအတြက္သာ ေဆာင္ရြက္ေပးမည္ျဖစ္ၿပီး “သ”၊ ” ဂ “၊ ” ဌ ” ၊ ” စ ” ၊ ” ဟ ” ၊ စသည့္ သက္တမ္းတိုးမည့္ ယာဥ္ေမာင္းလိုင္စင္မ်ား၊ နယ္ဝင္ႏွင့္ ေပ်ာက္/ပ်က္ မိတၱဴေဆာင္ရြက္မည့္ ယာဥ္ေမာင္းလိုင္စင္မ်ားသည္ Online Booking ရယူရန္မလိုဘဲ ယခင္အတိုင္းလုပ္ငန္းေဆာင္ရြက္ရမည္ျဖစ္သည္။

ကညန လုပ္ငန္း ဝန္ေဆာင္မႈ ရပ္ဆိုင္းထားသည့္ ကာလအတြင္း သက္တမ္းကုန္ဆုံးေနသည့္ ယာဥ္ေမာင္းလိုင္စင္မ်ားအား ႏွစ္လဲသက္တမ္းတိုး လာေရာက္ေဆာင္ရြက္ရာတြင္ လိုင္စင္သက္တမ္းကုန္ဆုံးရက္ ၂၀၂၀ ခုႏွစ္ မတ္လ ၂၅ ရက္မွ ဧၿပီလ ၃၀ရက္အတြင္းရွိ လိုင္စင္မ်ားသည္ ဇြန္လ ၇ ရက္မွ ဇူလိုင္ ၃၁ ရက္အတြင္း အထိ ၊ (ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိမွတ္ပုံတင္႐ုံးမ်ားအတြက္သာ)၊ လိုင္စင္သက္တမ္းကုန္ဆုံးရက္ မတ္လ ၃၀ ရက္မွ ဧၿပီလ ၃၀ ရက္ အတြင္းရွိလိုင္စင္မ်ားသည္ ဇြန္လ ၈ ရက္မွ ဇူလိုင္ ၃၁ ရက္အထိ (ျပည္နယ္တိုင္းေဒသႀကီးရွိမွတ္ပုံတင္႐ုံးမ်ားအတြက္သာ)၊ လိုင္စင္သက္တမ္းကုန္ဆုံးရက္ ေမလ ၁ ရက္မွ ေမလ ၃၁ ရက္ အတြင္းရွိလိုင္စင္မ်ားသည္ ဇြန္လ ၈ ရက္မွ ၾသဂုတ္လ ၃၁ ရက္အထိ၊ လိုင္စင္သက္တမ္းကုန္ဆုံးရက္ ဇြန္လ ၁ ရက္မွ ဇြန္လ ၃၀ ရက္ အတြင္းရွိ လိုင္စင္မ်ားသည္ ဇြန္လ ၈ ရက္မွ စက္တင္ဘာလ ၃၀ ရက္အထိ ယာဥ္ေမာင္းလိုင္စင္မ်ားအား သက္တမ္းလြန္ ဒဏ္ေၾကးမ်ား ေျဖေလ်ာ့ေပးထားသည္။

ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ တစ္နိုင္ငံလုံး၌ ယာဥ္ေမာင္းလိုင္စင္ထုတ္ေပးထားသည့္ အေရအတြက္ မွာ ၅၅ သိန္း ေက်ာ္အထိ ရွိေနရာ ရန္ကုန္တိုင္းေဒသႀကီးတြင္ ယာဥ္ေမာင္းလိုင္စင္ အေရအတြက္ ၉ သိန္း ၁ ေသာင္း ေက်ာ္အထိထုတ္ေပးထားၿပီး ရန္ကုန္တိုင္းတြင္ ယာဥ္မွတ္ပုံတင္ထားသည္ကားအစီးေရ ၆သိန္းေက်ာ္ နီးပါးအထိရွိသည္။

ျမန္မာတိုင္းမ္

About the author

Aung Lay

Leave a Comment