ၾကားသိရသမ်ွ

တက္ကသိုလ်တွေ ဘယ်တော့ ပြန်ဖွင့်ပြီး စာသင်မှာလဲ ဆိုတာ ကျောင်းသား၊ ကျောင်းသူတွေ သိဘို့…

Written by Aung Lay








နိဂုံးချုပ်ရရင်…


ဒေါက်တာထွန်းထွန်းနိုင် – ကထိက၊ ရူပဗေဒဌာန၊ လားရှိုးတက္ကသိုလ်

Unicode

တက္က သိုလ်တွေ ဘယ်တော့ ပြန်ဖွင့်ပြီး စာသင် မှာလဲ ဆိုတာ ကျောင်းသား၊ ကျောင်း သူတွေ သိ ဘို့

(1) လက်ရှိ နောက်ဆုံးထုတ်ပြန်ထားတဲ့ ပညာရေးဝန်ကြီးဌာန၏အမိန့်စာအရ တက္ကသိုလ် ဆရာဆရာမတွေသည် မေလ(18)ရက် တနင်္လာနေ့မှာ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးကို အရောက်သွားပြီး Duty Report လုပ်ရပါမယ်

(2) Duty Report လုပ်ပြီးရင် ဆရာဆရာမတွေသည် သက်ဆိုင်ရာ ဒေသက ဝန်ုကြီးချုပ်နှင့် ပါမောက္ခချုပ်တွေ ထုတ်ပြန်ထားတဲ့အမိန့်ကြောင့် Quarartine 21 ရက်ကို ကိုယ့်စားရိတ်နဲ့ကိုယ် ဝင်ရပါမယ်၊ တောင်ကြီးတက္ကသိုလ်ကတစ်ရက် (5000) ကျပ်၊ မိတ္ထီလာတက္ကသိုလ်က (3000) ကျပ်၊ ရေနံချောင်းဒီဂရီကောလိပ်က (4000) ကျပ် စသဖြင့် ပေးသွင်းပြီး Q 21 ရက်ဝင်ရပါမယ်၊ (18.5.2020) မှ (7.6.2020) နေ့အထိပါ၊

(3) ဆရာဆရာမတွေ Quarartine 21 ရက်ဝင်နေသလို ထိုင်းနိုင်ငံပြန် လူတစ်သိန်းခွဲကျော်နဲ့ တရုတ်ပြန် လူတစ်သိန်းကလည်း တက္ကသိုလ်အသီးသီးက ကျောင်းသားဆောင်နဲ့ ကျောင်းသူဆောင်တွေမှာ Q 21ရက် ဝင်နေကြမှာပါ

(4) ဆရာဆရာမတွေသည် Q 21 ရက်ကို (7.6.2020) နေ့အထိ ဝင်ပြီးတာနဲ့ 2020 မတ်လကဖြေဆိုထားတဲ့ တက္ကသိုလ်ဝင်တန်း (၁၀ တန်း) အဖြေလွှာတွေကို first code, second code, အဖြေလွှာစစ်ဆေးခြင်း, code ဖြည်ခြင်း, အမှတ်သွင်းခြင်း၊ အောင်စာရင်းလုပ်ခြင်းများကို လုပ်ဆောင်ရမှာသည် အနဲဆုံး တစ်လခန့်ကြာမြင့်မှာဖြစ်ပါတယ်၊ (7.7.2020) ရက်နေ့အထိပါ၊

(5) (8.7.2020) ရက်နေ့မှာ ဆရာဆရာမတွေသည် Q 21 ရက်နှင့် ဆယ်တန်းကိစ္စများပြီးသွားပြီဖြစ်မှ ကျောင်းဖွင့်ဖို့ကို ပညာရေးဝန်ကြီးဌာနက (8.7.2020) ဗုဒ္ဓဟူးနေ့မှာ တက္ကသိုလ်များ စတင်ဖွင့်လှစ်ဖို့ကြေညာနိုင်ပါမယ်။

(6) တက္ကသိုလ်တွေပြန်ဖွင့်မယ်ဆိုရင် ကျောင်းသားဆောင်နဲ့ ကျောင်းသူဆောင်တွေမှာ နိုင်ငံခြားပြန် Q 21 တွေ မရှိတော့ဖို့လည်းလိုအပ်ပါတယ်၊ ပြည်တော်ပြန်တွေ အဆောင်မှာ မရှိတော့ဘူးဆိုရင် ကျောင်းဖွင့်ရင် အဆိုပါအဆောင်တွေကို ရောက်လာမှာသည် အနယ်နယ် အရပ်ရပ်မှ ကျောင်းသား/သူတွေပါပဲ၊ COVID-19 ရဲ့ ဥပဒေအရ ကျောင်းသား/သူတွေသည်လည်း Quarantine 21ရက်ကို နယ်ခံကျောင်းသား/သူက လွဲရင် အားလုံးဝင်ရပါမယ်၊ ဒေသဆိုင်ရာ ဝန်ုကြီးချုပ်နဲ့ ပါမောက္ခချုပ်တွေရဲ့အမိန့်အရ Q 21 ရက် ဝင်ကိုဝင်ရပါမယ်၊ဒီတော့(29.7.2020)အထိ ရောက်သွားပါမယ်၊ ဆရာဆရာမတွေနဲ့ ကျောင်းသား/သူတွေ စာသင်ခန်းမှာ ပြန်ဆုံဖို့သည် (30.7.2020)နေ့မှ စတွေ့နိုင်မှာပါ၊ ဒါတောင် COVID-19 Clear ဖြစ်မှပါ။

(7) ကျနော်တွက်ထားတာသည် အစိုးရက တရားဝင် ကြေညာထားတဲ့ (15.5.2020) နေ့အထိ Stay Home ကာလကစတွက်ထားတာပါ၊ Stay Home ကာလ နောက်ဆုတ်သွားရင် ဒိထက်ပိုဝေးသွားမှာပါ။

နိဂုံးချုပ်ရရင်…

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ မူဝါဒ လမ်းညွှန်ချက်ကို ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ချုပ်ကြီး Dr.သိန်းဝင်းမှလည်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း တရားဝင်ပြောကြားထားပြီးဖြစ်သည့်အတွက် မေလ (၁၅) ရက်မတိုင်မီ အစိုးရ၏ အမိန့်ညွှန်ကြားချက်တွေကို စောင့်ကြည့်သုံးသပ်ပြီး အပြင်ကောလဟလသတင်းများကို ချင့်ချိန်ပြီးယုံကြည်ကြဖို့ အသိပေးတင်ပြအပ်ပါသည်။

ဒေါက်တာထွန်းထွန်းနိုင် – ကထိက၊ ရူပဗေဒဌာန၊ လားရိုှးတက္ကသိုလ်

About the author

Aung Lay

Leave a Comment