Cele News

နိုင် ငံတော် အတိုင်ပင်ခံ ရဲ့ Mask ချုပ်ပြိုင်ပွဲ မှာ ရရှိတဲ့ဆု ကို ဒီနေ့မှာလက်ခံ ရယူခဲ့ တဲ့ ဒီဇိုင်နာမျိုးမင်းစိုး

Written by Aung Lay

နိုင် ငံတော် အတိုင်ပင်ခံ ရဲ့ Mask ချုပ်ပြိုင်ပွဲ မှာ ရရှိတဲ့ဆု ကို ဒီနေ့မှာလက်ခံ ရယူခဲ့ တဲ့ ဒီဇိုင်နာမျိုးမင်းစိုး

ပ ရိသတ်ကြီးရေ ဒီဇိုင်နာ မျိုးမင်းစိုးက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Facebook Account ကနေ (၂၀၂၀)ပြည့်နှစ် မေလအတွင်းကျင်းပပြုလုပ်ခဲ့တဲ့ Covid -19 ကာကွယ် ထိန်းချုပ်ရေးအိမ်တွင်းဖြစ်ပိတ်စနှာခေါင်းစည်း (Mask ) ချုပ်လုပ်မှုပြိုင်ပွဲမှာ ပြည်သူ့အနှစ်သက်ဆုံး ဒုတိယဆုရရှိခဲ့တာကို ပရိသတ်တွေသိရှိခဲ့ပြီးသားဖြစ်မှာပါ။

ဒီနေ့ ဇူလိုင်လ (၁)မှာတော့ မျိုးမင်းစိုးက ဆုကိုလက်ခံရယူခဲ့ပြီး “ဝမ်းသာပီတိဖြစ်ရသောအမှတ်တရနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပေးအပ်ချီးမြင့်သော ပြည်သူအနှစ်သက်ဆုံးဒုတိယဆု(maskဆု) လက်ဝယ်ရရှိသောနေ့တနေ့ ကျန်တော့်ဘဝရဲ့အထင်ကရမှတ်တိုင်များထဲမှနေ့လေးတနေ့ ” လို့ ဒီနေ့လေးက သူ့အတွက် အမှတ်တရနေ့ရင်လေးတစ်နေ့ဖြစ်ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။

လုပ်ဖော်ကိုင်ဖက် ညီအစ်ကို မောင်နှမတွေကလည်း ဒီဇိုင်နာမျိုးမင်းစိုးအတွက် ဂုဏ်ပြုစကားပြောဆိုနေခဲ့ကြပါသေးတယ်။CeleGabar ပရိသတ်ကြီတွေလည်း ဒီနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ Mask ချုပ်ပြိုင်ပွဲမှာရရှိတဲ့ ဆုကို လက်ခံခဲ့တဲ့ ဒီဇိုင်နာမျိုးမင်းစိုးအတွက် ဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။

လေးစားစွာဖြင့် ခရစ်ဒက် Chilli – CeleGabar
Source – Myo Min Soe

Zawgyi





Source – Myo Min Soe

About the author

Aung Lay

Leave a Comment