Cele News

သားအမိနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ၊ အပြုံးပီတိတို့နဲ့ မိသားစုပြန်လည်ဆုံစည်းတဲ့နေ့ (ရုပ် သံ)

Written by Aung Lay

သားအမိနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ၊ အပြုံးပီတိတို့နဲ့ မိသားစုပြန်လည်ဆုံစည်းတဲ့နေ့

သရုပ်ဆောင် အကယ်ဒမီ မေသန်းနုဟာ ဇူလိုင် ၁ရက်နေ့မှာ ထောင်ကနေပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ မွေးနေ့မတိုင်မီ မိခင်ဖြစ်သူပြန်လည်လွတ်မြောက်လာခဲ့တာ မင်းသန့်မောင်မောင်အတွက်တော့ အကောင်းဆုံး မွေးနေ့လက်ဆောင်ဖြစ်ပြီး အပြုံးပီတိတို့နဲ့ မိသားစုပြန်လည်ဆုံစည်းတဲ့နေ့လေးဟာ တကယ့်ကိုလှပနေပါတော့တယ်။

ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ ပရိသတ်တွေရဲ့အချစ်တော် မေသန်းနု . . .

ပရိသတ်ကြီးရေ ထပ်ဆင့်အကယ်ဒမီမေသန်းနုကတော့ (၂၀၂၀)ခုနှစ် နှစ်စပိုင်းလောက်မှာ ငွေကြေးလိမ်လည်မှုကြောင့် တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရသူပါ။ ခင်ပွန်းဟောင်းဖြစ်သူ စင်ယော်မောင်မောင်က မဆင့်အတွက် အမျိုးမျိုးကြိုးစားကူညီပေးခဲ့ပေမယ့်လည်း ရှောင်လွဲမရတဲ့ပြစ်ဒဏ်ကိုတော့ မလွန်ဆန်နိုင်ခဲ့ဘူးလို့ ဆိုရမှာပါ။

ယခုနှစ် သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့မှာလည်း မဆင့်ရဲ့ချစ်ပရိသတ်တွေကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ မဆင့်အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေဖို့ ဆုတောင်းခဲ့ပေမယ့်လည်း ဆုတောင်းမပြည့်ခဲ့ပါဘူး။ ဒါ့အပြင် မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း မဆင့်ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ ကောလာဟလစကားတချို့ထွက်ပေါ်ခဲ့သေးပေမယ့် အမှန်မဟုတ်ခဲ့ပါဘူး။

ဒါပေမယ့် ဒီနေ့မှာတော့ ခင်ပွန်းဟောင်းဖြစ်သူစင်ယော်မောင်မောင်ကိုယ်တိုင်က မိသားစုဓာတ်ပုံလေးနဲ့အတူ မဆင့်ပြန်လည်လွတ်မြောက်လာပါပြီခင်ဗျ ဆိုပြီး ပျော်ရွှင်စရာသတင်းစကားလေးကို မျှဝေခဲ့ပါတယ်။ မဆင့်ပြန်လည်လွတ်မြောက်လာတဲ့အခါ နေထိုင်ဖို့စီစဉ်ပေးခဲ့တဲ့အိမ်လေးက အခုဆိုအသက်ဝင်လာတော့မှာမို့ ဝမ်းသာစရာပါပဲ ပရိသတ်ကြီးရေ….

Source Zin Yaw Mg Mg / Credit – Rainbow- Cele Gabar

Zawgyi

သားအမိႏွစ္ဦးရဲ့ ခ်စ္ျခင္းေမတၱာ၊ အျပဳံးပီတိတို႔နဲ႔ မိသားစုျပန္လည္ဆုံစည္းတဲ့ေန႔

သ႐ုပ္ေဆာင္ အကယ္ဒမီ ေမသန္းႏုဟာ ဇူလိုင္ ၁ရက္ေန႔မွာ ေထာင္ကေနျပန္လည္လြတ္ေျမာက္လာခဲ့ၿပီျဖစ္ပါတယ္။ ေမြးေန႔မတိုင္မီ မိခင္ျဖစ္သူျပန္လည္လြတ္ေျမာက္လာခဲ့တာ မင္းသန္႔ေမာင္ေမာင္အတြက္ေတာ့ အေကာင္းဆုံး ေမြးေန႔လက္ေဆာင္ျဖစ္ၿပီး အျပဳံးပီတိတို႔နဲ႔ မိသားစုျပန္လည္ဆုံစည္းတဲ့ေန႔ေလးဟာ တကယ့္ကိုလွပေနပါေတာ့တယ္။

ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္တဲ့ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ေမသန္းႏု . . .

ပရိသတ္ႀကီးေရ ထပ္ဆင့္အကယ္ဒမီေမသန္းႏုကေတာ့ (၂၀၂၀)ခုႏွစ္ ႏွစ္စပိုင္းေလာက္မွာ ေငြေၾကးလိမ္လည္မႈေၾကာင့္ တရားစြဲဆိုခံခဲ့ရၿပီး ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရသူပါ။ ခင္ပြန္းေဟာင္းျဖစ္သူ စင္ေယာ္ေမာင္ေမာင္က မဆင့္အတြက္ အမ်ိဳးမ်ိဳးႀကိဳးစားကူညီေပးခဲ့ေပမယ့္လည္း ေရွာင္လြဲမရတဲ့ျပစ္ဒဏ္ကိုေတာ့ မလြန္ဆန္နိုင္ခဲ့ဘူးလို႔ ဆိုရမွာပါ။

ယခုႏွစ္ သၾကၤန္ႏွစ္ဆန္းတစ္ရက္ေန႕မွာလည္း မဆင့္ရဲ႕ခ်စ္ပရိသတ္ေတြကေတာ့ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႕အတူ မဆင့္အျမန္ဆုံးျပန္လည္လြတ္ေျမာက္လာေစဖို႔ ဆုေတာင္းခဲ့ေပမယ့္လည္း ဆုေတာင္းမျပည့္ခဲ့ပါဘူး။ ဒါ့အျပင္ မၾကာေသးခင္ရက္ပိုင္းအတြင္းကလည္း မဆင့္ျပန္လည္လြတ္ေျမာက္လာၿပီဆိုတဲ့ ေကာလာဟလစကားတခ်ိဳ႕ထြက္ေပၚခဲ့ေသးေပမယ့္ အမွန္မဟုတ္ခဲ့ပါဘူး။

ဒါေပမယ့္ ဒီေန႕မွာေတာ့ ခင္ပြန္းေဟာင္းျဖစ္သူစင္ေယာ္ေမာင္ေမာင္ကိုယ္တိုင္က မိသားစုဓာတ္ပုံေလးနဲ႕အတူ မဆင့္ျပန္လည္လြတ္ေျမာက္လာပါၿပီခင္ဗ် ဆိုၿပီး ေပ်ာ္႐ႊင္စရာသတင္းစကားေလးကို မွ်ေဝခဲ့ပါတယ္။ မဆင့္ျပန္လည္လြတ္ေျမာက္လာတဲ့အခါ ေနထိုင္ဖို႔စီစဥ္ေပးခဲ့တဲ့အိမ္ေလးက အခုဆိုအသက္ဝင္လာေတာ့မွာမို႔ ဝမ္းသာစရာပါပဲ ပရိသတ္ႀကီးေရ….

Source Zin Yaw Mg Mg / Credit – Rainbow- Cele Gabar

About the author

Aung Lay

Leave a Comment