Knowledge

ဇွဲကပင်တောင်ကြီး ကို တိုင်တည် လို့ ရုပ်ပုံထင်ရှား ဇွဲကပင်မြေ မှ သနားစရာ ကရင်မောင်နှမ(၂)ဦး၏ သမိုင်းကြောင်း

Written by Aung Lay

ဇွဲကပင်မြေ မှ ကရင် မောင်နှမ နှစ်ဦး၏ သမိုင်း ကရင်ပြည်နယ် ဘားအံမြို့ရှိ အလွန်ပင်ထင်ရှားသော ဇွဲကပင်တောင်သည် ထူးဆန်းေ သာ ပုံပြင်လေး တစ်ပုံရှိခဲ့ပါ တယ်… ဒီပုံပြင်လေးသည် “ ဇွဲကပင်တောင်ကြီး ကို တိုင်တည်လို့ ရုပ်ပုံထင်ရှား ဇွဲကပင်တောင်တန်းမှာ မိကွဲဖကွဲ ပထွေးနှိပ်စက်မူ ဖြစ်လေရာဘဝဆက်တိုင်း ကင်းလွှတ်ပျူဌာပျော်ရွှင်ချမ်းမြေ့ မိသားစုကမ္ဘာ ပိုင်ဆိုင်စေကြောင်း လိုရာဆုတောင်း သနားစရာ ကရင်မောင်နှမ ဖြစ်ပေတည်း ကရင် မောင်နှမ နှစ်ယောက်၏ လွန်စွာသနားစရာကောင်းပြီး စိတ်ဝင်စားစရာကောင်းသော သမိုင်းပုံပြင်လေးတစ်ပုဒ်အကြောင်းကို ပြောပြချင်ပါတယ်။

သမိုင်းအကြောင်းအရ ပြောရမည်ဆိုလျှင်ကရင်အမျိုးသားကြီးစဝ်ဖါ့သန့်(သိုင့်) နှင့် ဇနီးဖြစ်သူ နော်ဖေါ့ယာ့် တို့တွင့် စံစေ့ဖိုးနှင့် နော်မူးဖါန် ဟုခေါ်သော သားသမီး (၂)ဦး ရှိခဲ့လေ၏ အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်းခဲ့သမျှ သားကလေး ရှင်သာမဏေလောင်းဖြစ်ဖ့ို အလှူကြီးလုပ်ရန် တောင်ယာ ထဲ့တွင် အလုပ်ကြိုးစားနေရင်း ကံတရား၏ ။

ဆိုးရွားမူကြောင့် ဖခင်ဖြစ်သူ စဝ်ဖါ့သန့်(သိုင့်) မှာ ကျားကိုက်ရင်း တောင်ယာ ထဲ့တွင် သေဆုံးသွားလေ၏ ဖခင်ကြီး ဆုံးပါး သွားသည့်နောက်ပိုင်းတွင် ကရင်အမျိုးသမီး နော်ဖေါ့ယာ် သည် မုဆိုးမဘဝအဖြစ်နှင့် သားသမီးနှစ်ယောက် ကျန်ခဲ့လေ၏မုဆိုးမ နော်ဖေါ့ယာ့တို့သားအမိကို ဘဝဆိုးမှ လွတ်မြောက်စေလိုပါသည်ဆိုသော ရွာသူရွာသားတို့၏ တိုက်တွန်းချက်၊မိမိဘဝကို သနားကရုဏာသက်လှပါတယ်ကလေးတွေကိုလည်း ရင်သွေးအရင်အချာများနှယ် စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆိုသော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူ စောဖါ့ပျုဂ်နှင့် နောက်တစ်ပင်ထူထောင်လိုက်ပါတယ်။

ထိုအခါ အပြစ်မဲ့သော စံစေ့ဖိုးနှင့် နော်မူးဖါန်တို့ လူမမယ် မောင်နှမနှစ်ယောက်၏ ဖြူစင်သောနှလုံးသားလေးတွေမှာ စိုးရိမ်ထိတ်လန့်ခြင်း၊ ပူပင်သောကဝေဒနာအရောင်တို့ လွှမ်းမိုးညစ်ကျူလာပါတယ်။ ငြိမ်သက်ခဲ့သောအိမ်ကလေးမှာ ဆဲဆိုသံ၊ ငေါက်ငန်း မာန်မဲသံဖြင့် ဆူညံလာပါတယ်။ အဖေမုန်းတီးခဲ့သော အရက်သေစာတို့ အိမ်ပေါ်က မဆင်းတော့ ပထွေး၏ ဒေါသနှင့်ယုတ်မာသောရင့်သီးသော ဆဲဆိုကြိမ်းမောင်းသံများအောက်မှာ မောင်နှမနှစ်ယောက် မျက်ရည်ပေါက်ပေါက် ကျခဲ့ရပါတယ်

နောက်ဆုံးတွင် နော်ဖေါ့ယာ့သည် ဥမမယ်အရွယ်မရောက်သားသမီးနှစ်ယောက်ကို တော့အုံချောက်ကြားနွားကျောင်းတဖုံ စပါးထောင်းတစ်လှည့် မခိုင်းရက် ခိုင်းရက်ဖြင့် ခိုင်းခဲ့ရပါတယ် တစ်နေ့တွင် ပထွေး ဖြစ်သူမှ မောင်နှမ နှစ်ဦးအား ယာခင်း သို့ခေါ်ကာ ယာခင်းသို့ သွားရာလမ်းတွင် မြင့်မားမတ်စောက်သော တောင်ကမ်းပါးကြီး ပေါ်မှ တွန်းချကာ တစ်ဦးတည်း အိမ်ပြန်လာခဲ့၏။ မောင်နှမ နှစ်ဦးမှာ တောင်ပေါ်မှ အကျတွင် ဇွဲကပင်ဘုရားကို အာရုံပြုကာ ကယ်တင်ဖို့ဆုတောင်းကြပြီး သေဆုံးမူ မဖြစ်ပဲ ကမ်းပါးအောက် ဝါးရုံပေါ်တင်နေလို့ အသက်ချမ်းသာရာရခဲ့ပါတယ်ညဉ့်နက်သည်အထိ

ဘုရား ကို ကြည်ညိုရင်း အရုဏ်ကျင်းလုကာမှ မိခင်ထံပြန်လာကာအကျိုးအကြောင်း ပြောပြပြီး မိခင်ဖြစ်သူ သည် ကလေးနှစ်ယောက်ကို ကျစ်နေအောင် ဖက်ထားရင်း နော်ဖေါ့ယာ့ မချိတင်ကဲ ခံစားရတော့ တ ယ်။ သို့သော် ကလေးနှစ်ယောက်ကို အိမ် မှာ ပြန်လည်၍ ခေါ်ထားဖို့ကတော့ လုံးဝမဖြစ်နိုင်သောအခါ ရင်သွေးနှစ်ယောက် အသက်မသေလုံခြုံအောင် မိမိနှင့်လည်း အလှမ်းမဝေးရအောင် ဇွဲကပင်တောင်ပေါ်က တောအုပ်အငူ လိုဏ်ဂူထဲတွင် ဝှက်ထာပြီး ထားခဲ့ပါတယ်။

အမေထားခဲ့သော တောအုပ်အငူ လိုဏ်ဂူ ထဲကလည်း ဝေးဝေးလံလံကို မသွားဝံ့ကြည့်လေရာရာ တောအုပ်ကြီး က ပိန်းပိတ်ညိုမှောင်နေသည်တစ်ခါမှ မရောက်ဖူးသည့်နေရာ လူသူကင်းဝေး၍သားရဲတိရစ္ဆာန်တို့အသံများကိုသာ ကြားရသည့်နေရာ သည်နေရာမှာ မိခင်က လာပို့ထားပါတယ်ပထွေးရန်ကိုကြောက်လွန်းလို့သာ နေခဲ့ရပေမယ့် အမေ့ကို မခွဲချင်ကြ၊ လွမ်းပေမယ့်လည်း လမ်းကမသိ၊တောတိရစ္ဆာန်တို့ရန်က ရှိသေးတယ် အနီးအပါးက ရသမျှ တောသီနှံကလေးများကို ခူးဆွတ်စားသောက်ရင်း ဥတုရသီနှင့်တောဒဏ်ကို ကြံ့ကြံ့ခံနေကြရရှာ၏။

နှမငယ်ကလေးက ဘာမျှမသိရှာသေးတော့ အစ်ကိုဖြစ်သူမှာ ဂရုစိုက်နေရပါတယ်မျက်စိအောက်ကအပျောက်မခံရဲ၊အဖေကိုတမ်းတ၊အမေ့ကိုလွမ်းရသောဝေဒနာတို့ကိုကြိတ်မှတ်ခံစားရင်း ဒုက္ခမုန်တိုင်းဒဏ်ကို အလူးအလဲ အံတူနေကြရှာ၏ငယ်ရွယ်သူ နှမလေး ကို ငဲ့ညှာရလွန်းတော့ အစ်ကိုလုပ်သူမှာ ဝလင်သည်ဟုပင် မ ရှိ ခဲ့ပါ။

တစ်နေ့သော နံနက်တွင် ချမ်းအေးလှသော ရာသီဥတု ကို မီးပုံဖိုပြီး မောင်နှမနှစ်ယောက် အံတုရင်ဆိုင်နေကြစဉ် ခံ့ညားသော ရသေ့အိုကြီး တစ်ပါး သူ့ထံ ရောက်လာပြီးရသေကြီးမှ ငယ်ရွယ်လှသော သနားဖွယ် မောင်နှမ နှစ်ဦးအား ရွှေရောင်ဝင်းနေသည့်ဆေးလုံးသုံးလုံးပေးကာမီးဖို့အတွင်းသို့ဆင်းခိုင်းရာမှငယ်ရွယ်နုပျိုသောလုလင်ပျိုနှင့်လုံမပျိုလေးနှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပါတယ်။မောင်နှမ နှစ်ဦးမှ ရသေးကြီးပေးခဲ့သော သုံးမကုန်နိုင်တဲ့ အစွမ်းတွေ၊ ဣဒ္ဓိပါဒ်တန်းခိုးတွေ ရကြပြီ၊ရသေကြီးအားပေးခဲ့သောကတိစကားအတိုင်း

သာသနာတော် အတွက်လုံ့လဝီရိယစိုက်ကြပေတော့၊ သာသနာတော်ကို ကြည်ညိုသူတွေရယ်၊ဟောဒီ ဇွဲကပင်တောင် ကို ဘုရားဖူး လာကြသူတွေ မှန်သမျှရယ်စီးပွားရေး လာဘ်လာဘ တိုးအောင် ကျန်းမာရွှင်လန်းအောင်မင်းတို့မောင်နှမ စောင့်ရှောက်ရစ်ကြပေတော့” ဟူသော အမှာ စကားအတိုင်း သစ္စာပြုကာ ဇွဲကပင် တောင်တော်နှင့် ဆံတော်ရှင် မြတ်အား စောင့်ရှောက် နေခဲ့ပါတယ်ထိုကြောင့် ဇွဲကပင် တောင်ခြေမှ လွမ်းဆွတ်ကြေကွဲဖွယ်ရာ ၊ဂရုဏာ သက် ဖွယ် ဓါတ်နန်းရှင်မောင်နှမ ဓာတ်နန်းရှင်စခန်းမှာ လွန်ခဲ့သော နှစ်ေ ပါင်း (၅၀)ခန့်က နောင်းအိမ်ဆိုင် ဆရာတော်ဦးကေတု ဦးဆောင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်ဇွဲကပင် ဆရာတော် ဦးကဝိဓဇကဘု ရားဖူး များ အပန်းအဖြစခန်းလည်းဖြစ်၊ သတိရ အောက်မေ့ရာလည်းဖြစ်အောင် လွန်ပင်လှပကြည်ညိုဖွယ်ကောင်းသော လုမ္ဗ္ဗနီဥယျာဉ်ကိုလဲ ထပ်မံပြီး မွမ်းမံခဲ့ခြင်းဖြစ်ပါတယ်။

Zawgyi

ဇြဲကပင္ေျမ မွ ကရင္ ေမာင္ႏွမ ႏွစ္ဦး၏ သမိုင္း ကရင္ျပည္နယ္ ဘားအံၿမိဳ႕ရွိ အလြန္ပင္ထင္ရွားေသာ ဇြဲကပင္ေတာင္သည္ ထူးဆန္းေ သာ ပုံျပင္ေလး တစ္ပုံရွိခဲ့ပါ တယ္… ဒီပုံျပင္ေလးသည္ “ ဇြဲကပင္ေတာင္ႀကီး ကို တိုင္တည္လို႔ ႐ုပ္ပုံထင္ရွား ဇြဲကပင္ေတာင္တန္းမွာ မိကြဲဖကြဲ ပေထြးႏွိပ္စက္မူ ျဖစ္ေလရာဘဝဆက္တိုင္း ကင္းလႊတ္ပ်ဴဌာေပ်ာ္႐ႊင္ခ်မ္းေျမ့ မိသားစုကမာၻ ပိုင္ဆိုင္ေစေၾကာင္း လိုရာဆုေတာင္း သနားစရာ ကရင္ေမာင္ႏွမ ျဖစ္ေပတည္း ကရင္ ေမာင္ႏွမ ႏွစ္ေယာက္၏ လြန္စြာသနားစရာေကာင္းၿပီး စိတ္ဝင္စားစရာေကာင္းေသာ သမိုင္းပုံျပင္ေလးတစ္ပုဒ္အေၾကာင္းကို ေျပာျပခ်င္ပါတယ္။

သမိုင္းအေၾကာင္းအရ ေျပာရမည္ဆိုလွ်င္ကရင္အမ်ိဳးသားႀကီးစဝ္ဖါ့သန႔္(သိုင့္) ႏွင့္ ဇနီးျဖစ္သူ ေနာ္ေဖါ့ယာ့္ တို႔တြင့္ စံေစ့ဖိုးႏွင့္ ေနာ္မူးဖါန္ ဟုေခၚေသာ သားသမီး (၂)ဦး ရွိခဲ့ေလ၏ အႏွစ္ႏွစ္အလလက ၿခိဳးၿခံေခြၽတာၿပီး ႐ိုး႐ိုးသားသား ႀကိဳးစားစုေဆာင္းခဲ့သမွ် သားကေလး ရွင္သာမေဏေလာင္းျဖစ္ဖ့ို အလႉႀကီးလုပ္ရန္ ေတာင္ယာ ထဲ့တြင္ အလုပ္ႀကိဳးစားေနရင္း ကံတရား၏ ။

ဆိုး႐ြားမူေၾကာင့္ ဖခင္ျဖစ္သူ စဝ္ဖါ့သန႔္(သိုင့္) မွာ က်ားကိုက္ရင္း ေတာင္ယာ ထဲ့တြင္ ေသဆုံးသြားေလ၏ ဖခင္ႀကီး ဆုံးပါး သြားသည့္ေနာက္ပိုင္းတြင္ ကရင္အမ်ိဳးသမီး ေနာ္ေဖါ့ယာ္ သည္ မုဆိုးမဘဝအျဖစ္ႏွင့္ သားသမီးႏွစ္ေယာက္ က်န္ခဲ့ေလ၏မုဆိုးမ ေနာ္ေဖါ့ယာ့တို႔သားအမိကို ဘဝဆိုးမွ လြတ္ေျမာက္ေစလိုပါသည္ဆိုေသာ ႐ြာသူ႐ြာသားတို႔၏ တိုက္တြန္းခ်က္၊မိမိဘဝကို သနားက႐ုဏာသက္လွပါတယ္ကေလးေတြကိုလည္း ရင္ေသြးအရင္အခ်ာမ်ားႏွယ္ စာနာညႇာတာစြာျဖင့္ ခ်စ္ခင္ပါသည္ဆိုေသာ တစ္႐ြာတည္း မုဆိုးဖိုျဖစ္သူ ေစာဖါ့ပ်ဳဂ္ႏွင့္ ေနာက္တစ္ပင္ထူေထာင္လိုက္ပါတယ္။

ထိုအခါ အျပစ္မဲ့ေသာ စံေစ့ဖိုးႏွင့္ ေနာ္မူးဖါန္တို႔ လူမမယ္ ေမာင္ႏွမႏွစ္ေယာက္၏ ျဖဴစင္ေသာႏွလုံးသားေလးေတြမွာ စိုးရိမ္ထိတ္လန႔္ျခင္း၊ ပူပင္ေသာကေဝဒနာအေရာင္တို႔ လႊမ္းမိုးညစ္က်ဴလာပါတယ္။ ၿငိမ္သက္ခဲ့ေသာအိမ္ကေလးမွာ ဆဲဆိုသံ၊ ေငါက္ငန္း မာန္မဲသံျဖင့္ ဆူညံလာပါတယ္။ အေဖမုန္းတီးခဲ့ေသာ အရက္ေသစာတို႔ အိမ္ေပၚက မဆင္းေတာ့ ပေထြး၏ ေဒါသႏွင့္ယုတ္မာေသာရင့္သီးေသာ ဆဲဆိုႀကိမ္းေမာင္းသံမ်ားေအာက္မွာ ေမာင္ႏွမႏွစ္ေယာက္ မ်က္ရည္ေပါက္ေပါက္ က်ခဲ့ရပါတယ္

ေနာက္ဆုံးတြင္ ေနာ္ေဖါ့ယာ့သည္ ဥမမယ္အ႐ြယ္မေရာက္သားသမီးႏွစ္ေယာက္ကို ေတာ့အုံေခ်ာက္ၾကားႏြားေက်ာင္းတဖုံ စပါးေထာင္းတစ္လွည့္ မခိုင္းရက္ ခိုင္းရက္ျဖင့္ ခိုင္းခဲ့ရပါတယ္ တစ္ေန႔တြင္ ပေထြး ျဖစ္သူမွ ေမာင္ႏွမ ႏွစ္ဦးအား ယာခင္း သို႔ေခၚကာ ယာခင္းသို႔ သြားရာလမ္းတြင္ ျမင့္မားမတ္ေစာက္ေသာ ေတာင္ကမ္းပါးႀကီး ေပၚမွ တြန္းခ်ကာ တစ္ဦးတည္း အိမ္ျပန္လာခဲ့၏။ ေမာင္ႏွမ ႏွစ္ဦးမွာ ေတာင္ေပၚမွ အက်တြင္ ဇြဲကပင္ဘုရားကို အာ႐ုံျပဳကာ ကယ္တင္ဖို႔ဆုေတာင္းၾကၿပီး ေသဆုံးမူ မျဖစ္ပဲ ကမ္းပါးေအာက္ ဝါး႐ုံေပၚတင္ေနလို႔ အသက္ခ်မ္းသာရာရခဲ့ပါတယ္ညဥ့္နက္သည္အထိ

ဘုရား ကို ၾကည္ညိဳရင္း အ႐ုဏ္က်င္းလုကာမွ မိခင္ထံျပန္လာကာအက်ိဳးအေၾကာင္း ေျပာျပၿပီး မိခင္ျဖစ္သူ သည္ ကေလးႏွစ္ေယာက္ကို က်စ္ေနေအာင္ ဖက္ထားရင္း ေနာ္ေဖါ့ယာ့ မခ်ိတင္ကဲ ခံစားရေတာ့ တ ယ္။ သို႔ေသာ္ ကေလးႏွစ္ေယာက္ကို အိမ္ မွာ ျပန္လည္၍ ေခၚထားဖို႔ကေတာ့ လုံးဝမျဖစ္ႏိုင္ေသာအခါ ရင္ေသြးႏွစ္ေယာက္ အသက္မေသလုံၿခဳံေအာင္ မိမိႏွင့္လည္း အလွမ္းမေဝးရေအာင္ ဇြဲကပင္ေတာင္ေပၚက ေတာအုပ္အငူ လိုဏ္ဂူထဲတြင္ ဝွက္ထာၿပီး ထားခဲ့ပါတယ္။

အေမထားခဲ့ေသာ ေတာအုပ္အငူ လိုဏ္ဂူ ထဲကလည္း ေဝးေဝးလံလံကို မသြားဝံ့ၾကည့္ေလရာရာ ေတာအုပ္ႀကီး က ပိန္းပိတ္ညိဳေမွာင္ေနသည္တစ္ခါမွ မေရာက္ဖူးသည့္ေနရာ လူသူကင္းေဝး၍သားရဲတိရစာၦန္တို႔အသံမ်ားကိုသာ ၾကားရသည့္ေနရာ သည္ေနရာမွာ မိခင္က လာပို႔ထားပါတယ္ပေထြးရန္ကိုေၾကာက္လြန္းလို႔သာ ေနခဲ့ရေပမယ့္ အေမ့ကို မခြဲခ်င္ၾက၊ လြမ္းေပမယ့္လည္း လမ္းကမသိ၊ေတာတိရစာၦန္တို႔ရန္က ရွိေသးတယ္ အနီးအပါးက ရသမွ် ေတာသီႏွံကေလးမ်ားကို ခူးဆြတ္စားေသာက္ရင္း ဥတုရသီႏွင့္ေတာဒဏ္ကို ႀကံ့ႀကံ့ခံေနၾကရရွာ၏။

ႏွမငယ္ကေလးက ဘာမွ်မသိရွာေသးေတာ့ အစ္ကိုျဖစ္သူမွာ ဂ႐ုစိုက္ေနရပါတယ္မ်က္စိေအာက္ကအေပ်ာက္မခံရဲ၊အေဖကိုတမ္းတ၊အေမ့ကိုလြမ္းရေသာေဝဒနာတို႔ကိုႀကိတ္မွတ္ခံစားရင္း ဒုကၡမုန္တိုင္းဒဏ္ကို အလူးအလဲ အံတူေနၾကရွာ၏ငယ္႐ြယ္သူ ႏွမေလး ကို ငဲ့ညႇာရလြန္းေတာ့ အစ္ကိုလုပ္သူမွာ ဝလင္သည္ဟုပင္ မ ရွိ ခဲ့ပါ။

တစ္ေန႔ေသာ နံနက္တြင္ ခ်မ္းေအးလွေသာ ရာသီဥတု ကို မီးပုံဖိုၿပီး ေမာင္ႏွမႏွစ္ေယာက္ အံတုရင္ဆိုင္ေနၾကစဥ္ ခံ့ညားေသာ ရေသ့အိုႀကီး တစ္ပါး သူ႔ထံ ေရာက္လာၿပီးရေသႀကီးမွ ငယ္႐ြယ္လွေသာ သနားဖြယ္ ေမာင္ႏွမ ႏွစ္ဦးအား ေ႐ႊေရာင္ဝင္းေနသည့္ေဆးလုံးသုံးလုံးေပးကာမီးဖို႔အတြင္းသို႔ဆင္းခိုင္းရာမွငယ္႐ြယ္ႏုပ်ိဳေသာလုလင္ပ်ိဳႏွင့္လုံမပ်ိဳေလးႏွစ္ဦးအျဖစ္သို႔ ေျပာင္းလဲသြားပါတယ္။ေမာင္ႏွမ ႏွစ္ဦးမွ ရေသးႀကီးေပးခဲ့ေသာ သုံးမကုန္ႏိုင္တဲ့ အစြမ္းေတြ၊ ဣဒၶိပါဒ္တန္းခိုးေတြ ရၾကၿပီ၊ရေသႀကီးအားေပးခဲ့ေသာကတိစကားအတိုင္း

သာသနာေတာ္ အတြက္လုံ႔လဝီရိယစိုက္ၾကေပေတာ့၊ သာသနာေတာ္ကို ၾကည္ညိဳသူေတြရယ္၊ေဟာဒီ ဇြဲကပင္ေတာင္ ကို ဘုရားဖူး လာၾကသူေတြ မွန္သမွ်ရယ္စီးပြားေရး လာဘ္လာဘ တိုးေအာင္ က်န္းမာ႐ႊင္လန္းေအာင္မင္းတို႔ေမာင္ႏွမ ေစာင့္ေရွာက္ရစ္ၾကေပေတာ့” ဟူေသာ အမွာ စကားအတိုင္း သစၥာျပဳကာ ဇြဲကပင္ ေတာင္ေတာ္ႏွင့္ ဆံေတာ္ရွင္ ျမတ္အား ေစာင့္ေရွာက္ ေနခဲ့ပါတယ္ထိုေၾကာင့္ ဇြဲကပင္ ေတာင္ေျခမွ လြမ္းဆြတ္ေၾကကြဲဖြယ္ရာ ၊ဂ႐ုဏာ သက္ ဖြယ္ ဓါတ္နန္းရွင္ေမာင္ႏွမ ဓာတ္နန္းရွင္စခန္းမွာ လြန္ခဲ့ေသာ ႏွစ္ေ ပါင္း (၅၀)ခန႔္က ေနာင္းအိမ္ဆိုင္ ဆရာေတာ္ဦးေကတု ဦးေဆာင္တည္ေဆာက္ခဲ့ျခင္းျဖစ္ပါတယ္ဇြဲကပင္ ဆရာေတာ္ ဦးကဝိဓဇကဘု ရားဖူး မ်ား အပန္းအျဖစခန္းလည္းျဖစ္၊ သတိရ ေအာက္ေမ့ရာလည္းျဖစ္ေအာင္ လြန္ပင္လွပၾကည္ညိဳဖြယ္ေကာင္းေသာ လုမၺၺနီဥယ်ာဥ္ကိုလဲ ထပ္မံၿပီး မြမ္းမံခဲ့ျခင္းျဖစ္ပါတယ္

About the author

Aung Lay

Leave a Comment