မှတ်ပုံမတင်၍ ဖျက်သိမ်းလိုက်သည့် ဆင်းကတ်များထံက လက်ကျန်ငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းမည်
ရန်ကုန်
မှတ်ပုံမတင်သည့် ဆင်းကတ်များကို မြန်မာ့ဆက်သွယ်ရေးကဖျက်သိမ်းလိုက်ပြီဖြစ်ပြီးယင်းဆင်းကတ်၏လက်ကျန်ငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆီးမည်ဟု မြန်မာ့ဆက်သွယ်ရေး၏ တာဝန်ရှိသူတစ်ဦးကပြောသည်။မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာ ၄ ခု၏ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဖုန်းဆင်းကတ်များကို ဇူလိုင် ၁ ရက်ကစပြီး အပြီးတိုင်ဖျက်သိမ်းလိုက်ပြီဖြစ်သည်။
“အော်ပရေတာလေးခုလုံးက ဖျက်သိမ်းစာရင်းကို ဒီနေ့ပြုစုနေပြီ ကျွန်တော်ထင်တယ် အဲဒီစာရင်းတွေ မနက်ဖန်သန်ဘက်ခါလောက်ကျွန်တော်တို့ဆီရောက်မယ်။၂၀၁၇တုန်းကအဲလိုတစ်ခါလုပ်ဖူးတယ်အဲဒီတုန်းကဖျက်သိမ်းဆင်းကတ်တွေဆီကနေ သန်းတစ်ထောင့်ငါးရာဝန်းကျင်ရတယ်။
အဲဒီတုန်းက လူမှုဝန်ထမ်းရဲ့သဘာဝဘေးအန္တရယ် စီမံခန့်ခွဲတဲ့ဆီကိုလှူလိုက်တယ်”ဟုမြန်မာ့ဆက်သွယ်ရေးက တာဝန်ရှိသူတစ်ဦးကပြောသည်။ယခုဖျက်သိမ်းပြီး ဆင်းကတ်များ၏ လက်ကျန်ငွေများကိုလည်းစာရင်းတောင်းထားပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းမည်ဖြစ်ကြောင်းလည်း သိရသည်။
ဇော်ထွန်း
#TheFifthWave
Zawgyi
မွတ္ပုံမတင္၍ ဖ်က္သိမ္းလိုက္သည့္ ဆင္းကတ္မ်ားထံက လက္က်န္ေငြမ်ားကို နိုင္ငံေတာ္ဘ႑ာအျဖစ္သိမ္းမည္
ရန္ကုန္
မွတ္ပုံမတင္သည့္ ဆင္းကတ္မ်ားကို ျမန္မာ့ဆက္သြယ္ေရးကဖ်က္သိမ္းလိုက္ၿပီျဖစ္ၿပီးယင္းဆင္းကတ္၏လက္က်န္ေငြမ်ားကို နိုင္ငံေတာ္ဘ႑ာအျဖစ္သိမ္းဆီးမည္ဟု ျမန္မာ့ဆက္သြယ္ေရး၏ တာဝန္ရွိသူတစ္ဦးကေျပာသည္။ျမန္မာနိုင္ငံတြင္ ဆက္သြယ္ေရးေအာ္ပေရတာ ၄ ခု၏ တရားဝင္မွတ္ပုံတင္ထားျခင္းမရွိသည့္ ဖုန္းဆင္းကတ္မ်ားကို ဇူလိုင္ ၁ ရက္ကစၿပီး အၿပီးတိုင္ဖ်က္သိမ္းလိုက္ၿပီျဖစ္သည္။
“ေအာ္ပေရတာေလးခုလုံးက ဖ်က္သိမ္းစာရင္းကို ဒီေန႔ျပဳစုေနၿပီ ကၽြန္ေတာ္ထင္တယ္ အဲဒီစာရင္းေတြ မနက္ဖန္သန္ဘက္ခါေလာက္ကၽြန္ေတာ္တို့ဆီေရာက္မယ္။၂၀၁၇တုန္းကအဲလိုတစ္ခါလုပ္ဖူးတယ္အဲဒီတုန္းကဖ်က္သိမ္းဆင္းကတ္ေတြဆီကေန သန္းတစ္ေထာင့္ငါးရာဝန္းက်င္ရတယ္။
အဲဒီတုန္းက လူမွုဝန္ထမ္းရဲ့သဘာဝေဘးအႏၲရယ္ စီမံခန႔္ခြဲတဲ့ဆီကိုလွူလိုက္တယ္”ဟုျမန္မာ့ဆက္သြယ္ေရးက တာဝန္ရွိသူတစ္ဦးကေျပာသည္။ယခုဖ်က္သိမ္းၿပီး ဆင္းကတ္မ်ား၏ လက္က်န္ေငြမ်ားကိုလည္းစာရင္းေတာင္းထားၿပီး နိုင္ငံေတာ္ဘ႑ာအျဖစ္သိမ္းမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ေဇာ္ထြန္း
#TheFifthWave