News

ဘွဲ့လက်မှတ်အတုဖြင့် လူနာတွေကို လိမ်နေတဲ့ ဆရာဝန်ရမ်းကုပါ..(အများသိအောင်မျှဝေပေးပါအုံးနော်..)

Written by Aung Lay

ဘွဲ့လက်မှတ်အတုဖြင့် အထူးကုဆေးခန်းဖွင့်ယုံမက လူနာတွေပါ လိမ်လည်ခွဲစိတ်ကာ သိန်းဆယ်ချီတောင်းနေတဲ့ ဆရာဝန်ရမ်းကု အရေးယူမယ့်လူမရှိသေး။ ဒါမျိုးတော့တင်ရမယ် လူနာတစ်ယာက် လာပြတယ်။ ဆီးကျောက်တယ်လို့ မန်းလေးမှာခွဲထားတာ။ အဲဒါ ကျောက်ရှိသေးလား ပြန်စစ်ပေးပါတဲ့။ ဘယ်တုံးကခွဲထားတာလဲ ဆိုတော့ 23.6.2020 မနေ့ကမှ အတင်းတောင်း ဆင်းလာတာတဲ့။

ငင့် ဘယ်လိုကြီးပါလိမ့်ပေါ့ စုံစမ်းရေးစရပြီ ဘယ်မှာခွဲလဲ မန်းလေး ပြည်ကြီးတံခွန်က ဆေးခန်း (လိပ်စာသိချင်ရင် cb လာရန်) ခွဲခန်းထဲမှာလား မဟုတ်ဖူး လူနာစမ်းတဲ့ ကုတငိဘေးမှာဘဲ ဘာနဲ့ခွဲလည်း ထုံဆေးနဲ့ ဘယ်သူခွဲပေးတာလဲ စာအုပ်ပြပါအုံး ဆေးခန်းစာအုပ်ပေါ်မှာ ဒေါက်တာ—-MB.B,S..M.MedSc ဦးနှောက်နဲ့အာရုံကြော ခွဲစိတ်အထူးကု Operation note ဘာမှမရေးထား အကူဆရာဝန်နာမည် 5 ယောက်တောင်ထည့်ထား ပိုက်ဆံ ယူလို့ကောင်းအောင် ဖြစ်မယ်

သောက်ဆေးတွေ ဖတ်မရအောင်ရေးထား ဘယ်လောက်ကုန်သွားသလဲ 15 သိန်းပါ လူနာရှင်မိန်းမက ဆရာမရယ် သူကကျမတို့ဆီက သိန်း 30 ခဏချေးပါ လုပ်သေးတာ ကျမတို့က အဲလောက်ပိုက်ဆံတော့ ပါမလာပါဖူးပြောလိုက်တယ် ခွဲကြောင်းက Left inquinal region မှာ သူခွဲတဲ့ကျောက်နေရာက Left Vesicoureteric junction (VUJ) USG ပြထားတဲ့နေရာ ကျောက်ကပ်ကဆီးပြွန်က ဆီးအိမ်ထဲဝင်ခါနီး အကျဉ်းဆုံးနေရာ ဆီးခုံရိုးကွင်းထဲ ခွဲရခက်တဲ့နေရာ ဒါကြောင့် ဆီးနဲ့ကျောက်ကပ် ဆရာဝန်တွေက ဆီးအိမ်ထဲ မှန်ပြောင်းထည့်ပြီး အဲဒီကတဆင့် ပိုက်တခုထည့်ပြီး ကျောက်ကိုဆွဲချလိုက်ရင် ပြီးပြီ။

အပြင်ကမခွဲကြဖူး ထွက်လာတဲ့ကျောက် ပေးလိုက်တယ်ဆိုလို့ တောင်းကြည့်လိုက်တော့ အလယ်လယ် bethadine စိမ်ထားတဲ့ ကြယ်ပုံရှိ ကျောက်ကြီး။ လမ်းဘေးက ကောက်လာတာ ထည့်ပေးလိုက်လားမသိ အဲဒီကျောက်အရွယ်ဟာလေ ဘယ်လိုမှ ureter လို့ခေါ်တဲ့ဆီးပြွန်ထဲ မဆန့်ဖူး ယူထားတဲ့ဘွဲ့က ဦးနှောက်နဲ့အာရုံကြော ခွဲစိတ်အထူးကုတဲ့ လုပ်နေတာက ဆီးနဲ့ကျောက်ကပ် ခွဲစိတ်အလုပ် ယူထားတဲ့ပိုက်ဆံကလည်း တနင့်တပိုး ခွဲတာကလည်း ကုတင်ဘေး ဘွဲ့မှာလည်း ရန်ကုန်ကရတာလား

မန်းလေးကရတာလား ဘာမှမပါ လူနာဆီကလည်း သိန်း 30 ချေးသေး ဆရာဝန်အစစ် မဟုတ်နိုင် ဆေးခန်းစာအုပ်ပေါ်က တံဆိပ်တုံးကလည်း ရေးထည့်ချင်တဲ့ဘွဲ့ ရေးထည့်လို့ရတာဘဲ လွဲနေတာက M.B,B.S နောက်မှာဘာမှမပါ M.Med.Sc Neurosurgery ဦနှောက်နဲ့အာရုံကြော ခွဲစိတ်အထူးကုတဲ့ တခါတလေ အကူသူနာပြုတွေ သင်တန်းပေးသေးတယ်တဲ့ နယ်တွေမှာ ပရဟိတလည်းလုပ်သတဲ့ ဆေးခန်းကလည်း အထူးကုဆေးခန်းတပ်ထားပြီး ကျန်းမာရေးပစ္စည်း ရောင်းဝယ်ရေးလည်း လုပ်တယ် ခွဲခန်းလည်းမရှိ ထိုင်တဲ့ဆရာဝန်ကလည်း အစစ်မဟုတ်ဘဲ

အကြံအဖန်တွေလား အစစ်ဆိုရင်တော့ တော်တော်ဆိုးပြီ လူနာကငွေချေးမှစပြီး မသင်္ကာဖြစ်လာပြီး အတင်းတောင်းဆင်းတော့ ဆရာဝန်က အတွေ့မခံတော့ဖူး သူနာပြုက ဖုန်းဆက်ပြီး ဘာဆေးပေးလိုက်ရမလဲ ဆိုတော့ ပေးလိုက်တဲ့ဆေးတွေကလည်း မနဲမနော ဆေးကုနေတာလား အေးဓမြတိုက် ဆေးရောင်းစားနေတာလားဘဲ D/C မှာပေးတဲ့ဆေးတွေ ကျောက်ပျော်ဆေးက အမျိုးအစားမတူတာ နှစ်ဘူး ဆီးဆေး Laxis က နှစ်ကပ် အနာသက်သာဆေး ibuprofenတစ်ဘူး အစာအိမ်ဆေးomezတဖာ..antacid gelနှစ်ပုလင်း အားဆေးကတပုလင်း

လူနာအကြောင်း – လူနာကပခုက္ကူမြို့ပေါ်က မိဘဇာတိမြိုင်မြို့နယ်က ရွာကိုသွားရင်း ဗိုက်တအားနာလာလို့ အဲဒီမှာ ပရဟိတလုပ်နေတဲ့ ထိုဆရာဝန်နဲ့ အဲဒီမှာစတွေ့တာဘဲ ပရဟိတဆိုလို့ ရွာတွေမှာ အလကား လာကုပေးမယ်ဆိုပြီး လော်ကြီးနဲ့ ရပ်ကျေးကလူကြီးတွေ လိုက်အော်ပြီး လူစုထားသလိုမဟုတ်ဖူး သူ့ဖာသူ့ အသိအိမ်မှာလာပြီး အဲဒီကတဆင့်စကားတဆင့်ကြားနဲ့ရောက်လာပြီးဆေးစစ်တာတွေ ဓာတ်မှန်ရိုက်တာတွေသူညွှန်တဲ့မန်းလေးမှာလိုက်လုပ်ပြီးမှသူထိုင်တဲ့ပြည်ကြီးတံခွန်ဆေးခန်းမှာသွားခွဲရတာ မြိုင်မြို့နယ်ကရွာသားတွေသူ့အရှေ့ကလာခွဲနေကြတော့

သူလည်းစိတ်ပါသွားတယ်ဆိုဘဲ သူ.ရှေမှာလာခွဲတာ4ယောက်တောင်တဲ့ ရိုက်စားဘဲ ခုမှစိတ်ထည်းမသင်ကာလို့လာပြတာတဲ့ အတာလားနတာလားလူနာရယ် လိမ်တဲ့သူကလည်းအပူစာစားနေတာမသိဖူးလားဟင် သူက unethical ပေမဲ့ ကိုယ်ကတော့ethicalဖြစ်အောင်နံမယ်တွေလိပ်စာတွေဖျက်ထားပါတယ်…

Zawgyi









Credit

About the author

Aung Lay

Leave a Comment