Knowledge

ပွဲမပြီးသေးတဲ့ မြန်မာပြည်က ကိုဗစ်နှင့် ရေရှည်တိုက်ပွဲအတွက် တောင့်ထားကြဖို့ လိုပြီ

Written by Aung Lay

Mask ေတြတပ္ဖို႔ မေပါ့ၾကဖို႔ဆိုတာ အေမစုကေန စပီး ဝန္ႀကီးအလယ္ က်န္းမာေရးဝန္ထမ္းေတြ အဆံုးေရးခဲ့ၾကပါတယ္။ ဒီညပိုးေတြ႕သူမ်ားသြားေပမယ့္ အားလံုးက Contact ရွိသူေတြပါ။ Contact ေပ်ာက္ေနတဲ့ Silent Carrier ေတြက ပိုေၾကာက္ဖို႔ေကာင္းပါတယ္။ အေျခအေနက ေကာင္းေနေသးေပမယ့္္ မေပါ့ၾကဖို႔ က်ေနာ္တို႔ ေျပာတာက ပြဲက မပီးေသးလို႔ပါ။ အခုကလဲ အခ်ိန္မွီပါေသးတယ္။ Mask တပ္။ လက္ေဆး။ ေဝးေဝးေနပါ။ သင့္ကိုယ္သင္ ကာကြယ္ပါ။ ဗီယက္နမ္မွာလဲ ဒီေန႔ ၁၇ ေယာက္ထိ ပိုးေတြ႕လူနာေတြ ျပန္တက္လာတာကို ေတြ႕ရပါတယ္။ သတိျပဳစရာပါ။

ဒီည ၁၄ ေယာက္ေတြ႕တာက မ်ားေပမယ့္ အမ်ားဆံုး မဟုတ္ပါ။ သၾကၤန္ကာလမွာ တရက္ထဲ ၂၁ ေယာက္ေတြ႕ခဲ့ဖူးပါတယ္။ အခု ပိုးေတြ႕လူနာ တဝက္နီးပါးက ျပန္ေကာင္းေနပါပီ။ ဒါေပမယ့္ ေရာဂါကူးစက္ခံရတယ္ဆိုရင္ကို ခံစားရတဲ့ စိတ္ဒုကၡ၊ ကိုယ္ဒုကၡ အျပင္ လူမႈေရး စီးပြားေရး အဖက္ဖက္က ထိခိုက္မႈေတြ ခံစားရမွာပါ။ ေဖာင္ႀကီးကို တာဝန္ခံေနတဲ့ ဆရာႀကီးဦးေဇာ္ေဝစိုးက April လထဲက ေမလကုန္နားမွာ လူနာေတြ မ်ားလာနိုင္လို႔ ႀကိဳျပင္ထားတာလို႔ အစုိးရသတင္းစာေတြကို ေျဖၾကားဖူးပါတယ္။ ဒါေၾကာင့္ အားလံုး ေအာင္ေအာင္ျမင္ျမင္နဲ႔ ပီးဆံုးသြားေအာင္ ျပည္သူေတြ ပူးေပါင္းမႈက အထူးလိုပါတယ္။

ဝန္ႀကီးကလဲ ကပ္ေရာဂါ ျဖစ္ပြားတာ ၄ လ ေက်ာ္လာခ်ိန္မွာ COVID-19 အၿပီးတိုင္ ရပ္ဆိုင္းသြားဖို႔ ျပည္သူေတြရဲ႕ က႑ဟာ အေရးအႀကီးဆံုးလို႔ ဆိုပါတယ္။ က်ေနာ္တို႔ အားလံုး တက္ညီလက္ညီနဲ႔ ဒီခ်ိန္ထိ ခ်ီတက္လာပီးပီ။ COVID-19 လဲ ျမန္မာျပည္ကို ထင္သေလာက္ မထိုးေဖာက္နိုင္ခဲ့ပါဘူး။ ဒီတခါ ဂရုတစိုက္ ကာကြယ္လိုက္ရင္ေတာ့ ျမန္မာျပည္ႀကီးရဲ႕ အနာဂတ္ဟာ အေကာင္းဘက္ကို ဦးလွည့္သြားေတာ့မွာပါ။ မိမိကုိယ္ကို ကာကြယ္ျခင္းနဲ႔ COVID-19 ကို အျပတ္္တိုက္ထုတ္ၾကပါစို႔။

Unicode

Mask တွေတပ်ဖို့ မပေါ့ကြဖို့ဆိုတာ အမေစုကနေ စပီး ဝန်ကြီးအလယ် ကျန်းမာရေးဝန်ထမ်းတွေ အဆုံးရေးခဲ့ကြပါတယ်။ ဒီညပိုးတွေ့သူများသွားပေမယ့် အားလုံးက Contact ရှိသူတွေပါ။ Contact ပျောက်နေတဲ့ Silent Carrier တွေက ပိုကြောက်ဖို့ကောင်းပါတယ်။ အခြေအနေက ကောင်းနေသေးပေမယ့်် မပေါ့ကြဖို့ ကျနော်တို့ ပြောတာက ပွဲက မပီးသေးလို့ပါ။ အခုကလဲ အချိန်မှီပါသေးတယ်။ Mask တပ်။ လက်ဆေး။ ဝေးဝေးနေပါ။ သင့်ကိုယ်သင် ကာကွယ်ပါ။ ဗီယက်နမ်မှာလဲ ဒီနေ့ ၁၇ ယောက်ထိ ပိုးတွေ့လူနာတွေ ပြန်တက်လာတာကို တွေ့ရပါတယ်။ သတိပြုစရာပါ။

ဒီည ၁၄ ယောက်တွေ့တာက များပေမယ့် အများဆုံး မဟုတ်ပါ။ သင်္ကြန်ကာလမှာ တရက်ထဲ ၂၁ ယောက်တွေ့ခဲ့ဖူးပါတယ်။ အခု ပိုးတွေ့လူနာ တဝက်နီးပါးက ပြန်ကောင်းနေပါပီ။ ဒါပေမယ့် ရောဂါကူးစက်ခံရတယ်ဆိုရင်ကို ခံစားရတဲ့ စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ အပြင် လူမှုရေး စီးပွားရေး အဖက်ဖက်က ထိခိုက်မှုတွေ ခံစားရမှာပါ။ ဖောင်ကြီးကို တာဝန်ခံနေတဲ့ ဆရာကြီးဦးဇော်ဝေစိုးက April လထဲက မေလကုန်နားမှာ လူနာတွေ များလာနိုင်လို့ ကြိုပြင်ထားတာလို့ အစိုးရသတင်းစာတွေကို ဖြေကြားဖူးပါတယ်။ ဒါကြောင့် အားလုံး အောင်အောင်မြင်မြင်နဲ့ ပီးဆုံးသွားအောင် ပြည်သူတွေ ပူးပေါင်းမှုက အထူးလိုပါတယ်။

ဝန်ကြီးကလဲ ကပ်ရောဂါ ဖြစ်ပွားတာ ၄ လ ကျော်လာချိန်မှာ COVID-19 အပြီးတိုင် ရပ်ဆိုင်းသွားဖို့ ပြည်သူတွေရဲ့ ကဏ္ဍဟာ အရေးအကြီးဆုံးလို့ ဆိုပါတယ်။ ကျနော်တို့ အားလုံး တက်ညီလက်ညီနဲ့ ဒီချိန်ထိ ချီတက်လာပီးပီ။ COVID-19 လဲ မြန်မာပြည်ကို ထင်သလောက် မထိုးဖောက်နိုင်ခဲ့ပါဘူး။ ဒီတခါ ဂရုတစိုက် ကာကွယ်လိုက်ရင်တော့ မြန်မာပြည်ကြီးရဲ့ အနာဂတ်ဟာ အကောင်းဘက်ကို ဦးလှည့်သွားတော့မှာပါ။ မိမိကိုယ်ကို ကာကွယ်ခြင်းနဲ့ COVID-19 ကို အပြတ်တိုက်ထုတ်ကြပါစို့။

Nay Thway

About the author

Aung Lay

Leave a Comment