News
ညီလေးပေးတဲ့ဂဲ အောင်ခဲ့ရင် လပ်ကီးပေးမယ်လို့ စိတ်ထဲကပြောခဲ့တာ ညီလေး မကြားနိုင်တော့ဘူး…
Written by Aung Lay
၂, ၇, ၂၀၂၀ ယနေ့နံနက် ၆နာရီဝန်းကျင်တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါးမှော်တွင် မြေပြိုမှု ဖြစ်ပွားခဲ့သည်။
၎င်းမြေပြိုမှုတွင်လူဦးရေ တစ်ရာထက်မနည်း သေဆုံးခဲ့ရာ ထိုသူများထဲမှ အမျိုးသားတစ်ဦးရောင်းခဲ့သောကျောက် အောင်သောကြောင့် ထိုကျောက်အားဝယ်ခဲ့သောသူမှ….
ထိုအမျိုးသား၏ မိသားစုအား ရောင်းရငွေ၏ တစ်ဝက်တိတိကို လှူဒါန်းလိုကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြလာခဲ့တာဘဲဖြစ်ပါတယ်။
“စိတ်မကောင်းဘူး ညီလေးရေ။ ပုံပါညီလေးရဲ့မိသားစုရှိရင် ဆက်သွယ်ပါ။ ညီလေးရောင်းသွားတဲ့ကျောက်ကဖြစ်လို့ ရောင်းရတဲ့ငွေတဝက်တိတိကို ညီလေးရဲ့မိသားစုကို လှူဒါန်းလိုပါတယ်။
ဒီနေ့ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးကနေ ဘဝအဆက်ဆက် ထပ်မဖြစ်ပါစေနဲ့ကွာ။ ညီလေးပေးတဲ့ဂဲ အောင်ခဲ့ရင် လပ်ကီးပေးမယ်လို့ စိတ်ထဲကပြောခဲ့တာညီလေး မကြားနိုင်တော့ဘူး။
ညီလေးအတွက်ရည်စူးပြီး ညီလေးမိသားစုလက်ထဲ အရောက်ပို့ပေးပါမယ်။ ခရက်ဒစ် ကိုတင်အောင်မိုး(ဖားကန်)။”
Zawgyi
ထိုအမျိုးသား၏ မိသားစုအား ရောင်းရငွေ၏ တစ်ဝက်တိတိကို လှူဒါန်းလိုကြောင်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြလာခဲ့တာဘဲဖြစ်ပါတယ်။
About the author
Aung Lay
Leave a Comment