Cele News

သူမရဲ့ အဖေ ဖားကန့်မှော်ထဲ သွားရင်လည်း အရမ်းစိတ်ပူခဲ့ရတဲ့အကြောင်းကို ပြောပြခဲ့တဲ့ သံသာမိုးသိမ့်

Written by Aung Lay

မင်းသမီးချောလေး သံသားမိုးသိမ့်ကတော့ ” မိန်းမချော ” ” မေပျိုဖြူ ” စတဲ့ ဇာတ်ကောင်များနဲ့ ပရိတ်သတ်အားပေးမှုကို တခဲနက် ရရှိထားသူလေးပါ။ ပြီးခဲ့တဲ့ MRTV 4 က အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲမှာဆိုရင် သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုပြီးရရှိလာခဲ့တာပါ။

မနေ့က ဖားကန့်မှာ ဖြစ်ပျက်ခဲ့တဲ့ မြေပြိုမှုကြောင့် အားလုံးစိတ်မကောင်းဝမ်းနည်းနေခဲ့ရတာပါ။ မင်းသမီးချောလေး သံသာမိုးသိမ့်ကလည်း အဆိုပါ အဖြစ်အပျက်နဲ့ ပက်သက်ပြီး စိတ်မကောင်းဝမ်းနည်းနဲ့ အကြောင်းကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

သံသာမိုးသိမ့် ပြောခဲ့တာကတော့ ” ညပိုင်းမှဖုန်းသုံးရတော့.. ခုမှတွေ့တယ်ကိုယ့်အဖေဖားကန့်မှော်ထဲသွားစစ်ပြီဆိုလည်း စိတ်တအားပူခဲ့ရတာ..အဲ့လိုအခြေနေနဲ့များကြုံမလားပေါ့.. ဒါတောင်ခဏတဖြုတ်သွားတာတောင်စိတ်ပူတာ.. အိမ်မှာကရေမဆေးရှာတဲ့မတက်နိုင်တဲ့သူတွေ၄၀ ၅၀ လောက်ခေါ့်ပီးနေစရာပေးထားတော့ ဖြစ်ပြီဆိုလည်း..

အိမ်ကဘယ်ကလေးတော့ပါသွားတယ်.. ကြားရတိုင်းစိတ်မချမ်းသာခဲ့ဘူး..ဘဝတွေကခါးသက်တော့လည်း..အသက်နဲ့ရင်းရတာပဲ..စိတ်မကောင်းလိုက်တာ.. လူရာကျော်ရဲ့အသက်ကနည်းလား ” ဆိုကာ စိတ်မကောင်းတဲ့အကြောင်း အခုလိုပဲ ရင်ဖွင့်ခဲ့ပါတယ်။

ဖားကန့် မြေပြိုမှုမှာ ဝမ်းစာရှာရင်း အသက်ဆုံးရှုံးသွားရတဲ့ အလုပ်သမားများ အားလုံးအတွက် sankyipar မိသားစုမှ ညှိုးငယ်သော စိတ်ထားဖြင့် ကောင်းရာသုဂတိရောက်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်ရှင်။ ပရိတ်သတ်ကြီးလည်း ဖားကန့်မှာ အခုလို ဖြစ်ခဲ့ရတဲ့အတွက် ကိုယ့်ရဲ့ အမြင်လေးတွေကိုလည်း ပြောခဲ့ပါဦးနော်။

Zawgyi






About the author

Aung Lay

Leave a Comment