ၾကားသိရသမ်ွ

ယမကာ လုပ်ရာမှာ အသုံးပြုတဲ့ တဆေး မှ ကိုရိုနာဗိုင်းရပ်စ်ကို ဖန်တီးပြုလုပ်ခြင်း

Written by Aung Lay

ယမကာ လုပ္ရာ မွာ အသံုးျပဳ တဲ့ တေဆး မွ ကိုရို နာဗိုင္းရပ္စ္ ကို ဖန္ တီးျပဳလုပ္ျခင္း

ဝိုင္ အရက္ေဖာက္တဲ့ တေဆးဟာ မႈိတစ္မ်ိဳးမွရၿပီး လူေတြႏွစ္ေပါင္းေထာင္ခ်ီၿပီး အသုံးခ်လာတာျဖစ္ပါတယ္။

သီ အိုရီအရ ဇီဝအင္ဂ်င္နီယာေတြဟာသက္ရွိရဲ႕မ်ိဳး႐ိုးဗီဇအစီအစဥ္ကိုသာသိႏိုင္ခဲ့ရင္ အဲ့ဒီသက္ရွိကို ဖန္တီးယူႏိုင္ၾကပါတယ္။ ဒါကသီအိုရီထဲမွာေနာ္။ သေဘာက အေကာင္းဘက္က အသုံးခ်ရင္ က်ေနာ္တို႔က တေန႔ကိုယ္လိုခ်င္တဲ့ မ်ိဳးတုန္းေပ်ာက္ကြယ္ေနတဲ့ သတၱဝါေတြကို ျပန္ဖန္တီးလို႔ရရမယ္။

အဆိုးဘက္ကေတြရင္ အခုလိုလူေတြဟာ သဘာဝကိုဆန႔္က်င္ကာ ဖန္တီးရွင္လုပ္ၿပီး သက္ရွိေတြကို ဖန္တီးတာ က်ေနာ္မႀကိဳက္ဘူး။ က်ေနာ္တို႔ဟာ သဘာဝႀကီးနဲ႔ လိုက္ေလ်ာညီေထြစြာေနၿပီး သဘာဝရဲ႕အလွတရားေတြကို တန္ဖိုးထားၿပီး သဘာဝတရားရဲ႕ ေအးျမတဲ့အရိပ္ေအာက္မွာ ေနရတာကိုပဲ သေဘာက်တယ္။

က်ေနာ္က Ralph Waldo Emerson ရဲ႕ သဘာဝဟာ အင္အားအႀကီးမားဆုံးေသာ ဖန္တီးရွင္ဆိုတဲ့ အယူအဆေလးကို သေဘာက်တယ္။

အခုအေျခအေနမွာ ဇီဝအင္ဂ်င္နီယာေတြဟာ သက္ရွိအကုန္လုံးကို ဖန္တီးဖို႔မတတ္ႏိုင္ေသးေပမယ့္ မ်ိဳး႐ိုးဗီဇအစီအစဥ္ (genome sequence) တိုတဲ့ အ႐ိုးရွင္းဆုံး သက္ရွိေတြကို ဖန္တီးႏိုင္ေနပါၿပီ။ ဒီေနရာမွာ ကို႐ိုနာဗိုင္းရပ္စ္ဟာ သက္ရွိလို႔ေျပာလို႔လည္း ရသလို သက္မဲ့လို႔လည္း ေျပာလို႔ရပါတယ္။

ဗလႀကီးက စာကေလးငွက္ကို လက္နဲ႔ဆုပ္ၿပီး သက္ရွိလား သက္မဲ့လားေမးသလိုပါပဲ။ အေျခအေနက ဗလႀကီးရဲ႕ လက္အေျခအေနေပၚမူတည္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ဟာ သူရပ္တည္လို႔ရတဲ့ အေျခအေနမွာ အသက္ရွိကာ ပြားမ်ားပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ဟာ RNA ပဲပါၿပီး အေပၚက ပ႐ိုတင္းအလႊာကေလးအုပ္ထားတာပါ။ သေဘာက စပရိန္အလိမ္ကေလးကို အေပၚကႂကြပ္ႂကြပ္အိပ္နဲ႔ထုပ္ထားသလိုပါပဲ။

ဆြစ္ဇာလန္ရွိ University of Bern မွ ပညာရွင္ေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ မ်ိဳး႐ိုးဗီဇကို အပိုင္း 14 ပိုင္း ပိုင္းလိုက္ပါတယ္။ ၿပီးေတာ့ တစ္ပိုင္းျခင္းရယူပါတယ္။ အဲ့ဒီမ်ိဳး႐ိုးဗီဇ အပိုင္းအစေတြကို တေဆးထဲသြားထည့္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ကို ေခါင္းကေနအၿမီးအထိ တဆက္တည္းရေအာင္ ဖန္တီးယူလိုက္ပါတယ္။

ေတာ္ေတာ္လွ်ာရွည္တဲ့ ဇီဝအင္ဂ်င္နီယာေတြပဲ ဒီေလာက္ေၾကာက္ဖို႔ေကာင္းတဲ့ ေရာဂါပိုးကိုမွ တကူးတကလုပ္ယူရသလားလို႔ ေမးစရာရွိပါတယ္။ အခုသူတို႔လုပ္ယူလို႔ရလာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးက အသြင္သာတူတာ လူရဲ႕ ဆဲလ္ကို ဒုကၡမေပးႏိုင္ပါဘူး။ အဲ့ဒါကို ကိုေ႐ႊအင္ဂ်င္နီယာ ဖရန္ကန္စတိုင္း (Frankenstein) ေတြက လွ်ပ္စစ္ဓာတ္ေပးၿပီး လူလုပ္ဗိုင္းရပ္စ္ကို ဆဲလ္ထဲကိုေဖာက္ထည့္လိုက္ပါတယ္။

အဲ့ဒီေတာ့မွ လူလုပ္ဗိုင္းရပ္စ္က ပြားမ်ားပါေတာ့တယ္။ တကယ့္ ကို႐ိုနာဗိုင္းရပ္စ္ အလုပ္လုပ္သလို လုပ္ေတာ့တာေပါ့။ ေတာ္ေတာ္ယားတဲ့ေကာင္ေတြပဲဘာလို႔တကူးတကလုပ္ယူရတာလဲ။

ကိုယ္ဖန္တီးယူထားေတာ့ ကိုယ္ကသူ႔အေၾကာင္းပိုနားလည္လာၿပီး ကာကြယ္ေဆးနဲ႔ ကုသေဆးကို ေဖာ္ထုတ္ရာမွာ ပိုမိုလြယ္ကူလာမွာ ျဖစ္လို႔ပါတယ္။

အေမရိကန္ျပည္ေထာင္စု University of Texas Medical Branch က သိပၸံပညာရွင္ Pei-Yong Shi ကလည္း ကို႐ိုနာဗိုင္းရပ္စ္ကို ေနာက္တနည္းနဲ႔ ဖန္တီးယူခဲ့ပါတယ္။ သူကဓာတ္ခြဲခန္းဖန္ႁပြန္ထဲမွာ ဖန္တီးယူခဲ့တာျဖစ္ၿပီး မ်ိဳးဗီဇ (gene) ေလးနည္းနည္းေတာင္ ထပ္ထည့္ေပးလိုက္ပါေသးတယ္။

အဲ့ဒါဒီ ထပ္ထည့္ေပးလိုက္တဲ့ အေရာင္ထြက္ေစတဲ့ မ်ိဳးဗီဇ gene ေၾကာင့္ ဖန္မီးေရာင္ထဲမွာ အေရာင္ေတာက္ေစတဲ့အတြက္ ေရာဂါကူးေနတဲ့ ဆဲလ္ေတြကို အလြယ္တကူျမင္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ အခုလို ေရာဂါပိုးရဲ႕ မ်ိဳး႐ိုးဗီဇအစီအစဥ္ကို သိရွိတဲ့အခါမွာ အဲဒီပိုးမ်ိဳးကို ျပန္လည္ဖန္တီးယူျခင္းကို reverse engineering လို႔ေခၚပါတယ္။

ကမာၻႀကီးမွာ အင္ဂ်င္နီယာေတြရဲ႕ အခန္းက႑ဟာ ပိုမိုအေရးပါလာမွာျဖစ္ၿပီး သက္ရွိသက္မဲ့ အကုန္လုံးမွာ သူတို႔လက္က မလြတ္ေတာ့ပါဘူး။ လူေတြရဲ႕ သက္တမ္း အသက္ 140 အထိရွည္ႏိုင္ေအာင္ ႀကံစည္လုပ္ေဆာင္ေနတဲ့ နည္းပညာကုမၸဏီတစ္ခုအေၾကာင္း ေဆာင္းပါးေရးပါအုံးမယ္။ တကယ္ျဖစ္လာေတာ့မွာပါ။

လူလုပ္ သက္ရွိေတြ ဓာတ္ခြဲခန္းအျပင္ေရာက္မသြားဖို႔ဟာ အလြန္အေရးႀကီးပါတယ္။ အခုလိုဖန္တီးယူဖို႔ Biosafety Level 3 နဲ႔ သူ႔အထက္ရွိတဲ့ ဓာတ္ခြဲခန္းမ်ိဳးမွာမွ လုပ္သင့္ပါတယ္။

အခုလို ဖန္တီးရယူၿပီး ကို႐ိုနာဗိုင္းရပ္စ္အေၾကာင္း ပိုမိုနားလည္လာကာ ကာကြယ္ေဆးနဲ႔ ကုသေဆးေတြျမန္ျမန္ေတြ႕ပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။

Richard Myo Thant

8-May-2020

Unicode

ယမကာ လုပ်ရာ မှာ အသုံးပြု တဲ့ တဆေး မှ ကိုရို နာဗိုင်းရပ်စ် ကို ဖန် တီးပြုလုပ်ခြင်း

ဝိုင် အရက်ဖောက်တဲ့ တဆေးဟာ မှိုတစ်မျိုးမှရပြီး လူတွေနှစ်ပေါင်းထောင်ချီပြီး အသုံးချလာတာဖြစ်ပါတယ်။

သီ အိုရီအရ ဇီဝအင်ဂျင်နီယာတွေဟာသက်ရှိရဲ့မျိုးရိုးဗီဇအစီအစဉ်ကိုသာသိနိုင်ခဲ့ရင် အဲ့ဒီသက်ရှိကို ဖန်တီးယူနိုင်ကြပါတယ်။ ဒါကသီအိုရီထဲမှာနော်။ သဘောက အကောင်းဘက်က အသုံးချရင် ကျနော်တို့က တနေ့ကိုယ်လိုချင်တဲ့ မျိုးတုန်းပျောက်ကွယ်နေတဲ့ သတ္တဝါတွေကို ပြန်ဖန်တီးလို့ရရမယ်။

အဆိုးဘက်ကတွေရင် အခုလိုလူတွေဟာ သဘာဝကိုဆန့်ကျင်ကာ ဖန်တီးရှင်လုပ်ပြီး သက်ရှိတွေကို ဖန်တီးတာ ကျနော်မကြိုက်ဘူး။ ကျနော်တို့ဟာ သဘာဝကြီးနဲ့ လိုက်လျောညီထွေစွာနေပြီး သဘာဝရဲ့အလှတရားတွေကို တန်ဖိုးထားပြီး သဘာဝတရားရဲ့ အေးမြတဲ့အရိပ်အောက်မှာ နေရတာကိုပဲ သဘောကျတယ်။

ကျနော်က Ralph Waldo Emerson ရဲ့ သဘာဝဟာ အင်အားအကြီးမားဆုံးသော ဖန်တီးရှင်ဆိုတဲ့ အယူအဆလေးကို သဘောကျတယ်။

အခုအခြေအနေမှာ ဇီဝအင်ဂျင်နီယာတွေဟာ သက်ရှိအကုန်လုံးကို ဖန်တီးဖို့မတတ်နိုင်သေးပေမယ့် မျိုးရိုးဗီဇအစီအစဉ် (genome sequence) တိုတဲ့ အရိုးရှင်းဆုံး သက်ရှိတွေကို ဖန်တီးနိုင်နေပါပြီ။ ဒီနေရာမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ သက်ရှိလို့ပြောလို့လည်း ရသလို သက်မဲ့လို့လည်း ပြောလို့ရပါတယ်။

ဗလကြီးက စာကလေးငှက်ကို လက်နဲ့ဆုပ်ပြီး သက်ရှိလား သက်မဲ့လားမေးသလိုပါပဲ။ အခြေအနေက ဗလကြီးရဲ့ လက်အခြေအနေပေါ်မူတည်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ သူရပ်တည်လို့ရတဲ့ အခြေအနေမှာ အသက်ရှိကာ ပွားများပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ RNA ပဲပါပြီး အပေါ်က ပရိုတင်းအလွှာကလေးအုပ်ထားတာပါ။ သဘောက စပရိန်အလိမ်ကလေးကို အပေါ်ကကြွပ်ကြွပ်အိပ်နဲ့ထုပ်ထားသလိုပါပဲ။

ဆွစ်ဇာလန်ရှိ University of Bern မှ ပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇကို အပိုင်း 14 ပိုင်း ပိုင်းလိုက်ပါတယ်။ ပြီးတော့ တစ်ပိုင်းခြင်းရယူပါတယ်။ အဲ့ဒီမျိုးရိုးဗီဇ အပိုင်းအစတွေကို တဆေးထဲသွားထည့်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို ခေါင်းကနေအမြီးအထိ တဆက်တည်းရအောင် ဖန်တီးယူလိုက်ပါတယ်။

တော်တော်လျှာရှည်တဲ့ ဇီဝအင်ဂျင်နီယာတွေပဲ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ ရောဂါပိုးကိုမှ တကူးတကလုပ်ယူရသလားလို့ မေးစရာရှိပါတယ်။ အခုသူတို့လုပ်ယူလို့ရလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးက အသွင်သာတူတာ လူရဲ့ ဆဲလ်ကို ဒုက္ခမပေးနိုင်ပါဘူး။ အဲ့ဒါကို ကိုရွှေအင်ဂျင်နီယာ ဖရန်ကန်စတိုင်း (Frankenstein) တွေက လျှပ်စစ်ဓာတ်ပေးပြီး လူလုပ်ဗိုင်းရပ်စ်ကို ဆဲလ်ထဲကိုဖောက်ထည့်လိုက်ပါတယ်။

အဲ့ဒီတော့မှ လူလုပ်ဗိုင်းရပ်စ်က ပွားများပါတော့တယ်။ တကယ့် ကိုရိုနာဗိုင်းရပ်စ် အလုပ်လုပ်သလို လုပ်တော့တာပေါ့။ တော်တော်ယားတဲ့ကောင်တွေပဲဘာလို့တကူးတကလုပ်ယူရတာလဲ။

ကိုယ်ဖန်တီးယူထားတော့ ကိုယ်ကသူ့အကြောင်းပိုနားလည်လာပြီး ကာကွယ်ဆေးနဲ့ ကုသဆေးကို ဖော်ထုတ်ရာမှာ ပိုမိုလွယ်ကူလာမှာ ဖြစ်လို့ပါတယ်။

အမေရိကန်ပြည်ထောင်စု University of Texas Medical Branch က သိပ္ပံပညာရှင် Pei-Yong Shi ကလည်း ကိုရိုနာဗိုင်းရပ်စ်ကို နောက်တနည်းနဲ့ ဖန်တီးယူခဲ့ပါတယ်။ သူကဓာတ်ခွဲခန်းဖန်ပြွန်ထဲမှာ ဖန်တီးယူခဲ့တာဖြစ်ပြီး မျိုးဗီဇ (gene) လေးနည်းနည်းတောင် ထပ်ထည့်ပေးလိုက်ပါသေးတယ်။

အဲ့ဒါဒီ ထပ်ထည့်ပေးလိုက်တဲ့ အရောင်ထွက်စေတဲ့ မျိုးဗီဇ gene ကြောင့် ဖန်မီးရောင်ထဲမှာ အရောင်တောက်စေတဲ့အတွက် ရောဂါကူးနေတဲ့ ဆဲလ်တွေကို အလွယ်တကူမြင်နိုင်တော့မှာ ဖြစ်ပါတယ်။ အခုလို ရောဂါပိုးရဲ့ မျိုးရိုးဗီဇအစီအစဉ်ကို သိရှိတဲ့အခါမှာ အဲဒီပိုးမျိုးကို ပြန်လည်ဖန်တီးယူခြင်းကို reverse engineering လို့ခေါ်ပါတယ်။

ကမ္ဘာကြီးမှာ အင်ဂျင်နီယာတွေရဲ့ အခန်းကဏ္ဍဟာ ပိုမိုအရေးပါလာမှာဖြစ်ပြီး သက်ရှိသက်မဲ့ အကုန်လုံးမှာ သူတို့လက်က မလွတ်တော့ပါဘူး။ လူတွေရဲ့ သက်တမ်း အသက် 140 အထိရှည်နိုင်အောင် ကြံစည်လုပ်ဆောင်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုအကြောင်း ဆောင်းပါးရေးပါအုံးမယ်။ တကယ်ဖြစ်လာတော့မှာပါ။

လူလုပ် သက်ရှိတွေ ဓာတ်ခွဲခန်းအပြင်ရောက်မသွားဖို့ဟာ အလွန်အရေးကြီးပါတယ်။ အခုလိုဖန်တီးယူဖို့ Biosafety Level 3 နဲ့ သူ့အထက်ရှိတဲ့ ဓာတ်ခွဲခန်းမျိုးမှာမှ လုပ်သင့်ပါတယ်။

အခုလို ဖန်တီးရယူပြီး ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပိုမိုနားလည်လာကာ ကာကွယ်ဆေးနဲ့ ကုသဆေးတွေမြန်မြန်တွေ့ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Richard Myo Thant

8-May-2020

About the author

Aung Lay

Leave a Comment