News

ကိုရီးယားနိုင်ငံ ကိုသွားတာ ဒေါ်လာ ၃၀ ပဲသုံး ခဲ့ တဲ့ မြန်မာ သမ္မတကြီး ဦးဝင်းမြင့်

Written by Aung Lay

ကိုရီးယားနိုင်ငံ ကိုသွားတာ ဒေါ်လာ ၃၀ ပဲသုံး ခဲ့ တဲ့ မြန်မာ သမ္မတကြီး ဦးဝင်းမြင့်

ပြည် သူ့လွှတ်တော်ရုံး ညွှန်ကြားရေမှူးတစ်ဦး၏ ဖွင့်ဟဝန်ခံချက် – နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် ပြည်သူ့လွှတ်တော်ဥက္ကဌ ဘဝတုန်းက ကိုရီယားခရီးစဉ် တစ်ခုမှာပေါ့။ ထုံးစံအတိုင်းဆို နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေ ပြည်ပခရီးစဉ်အတွက် ဆောင်ငွေ ဒေါ်လာငါးသောင်း

ကြိုတင်ထုတ်ယူခွင့် ရှိတယ်။ ဥက္ကဌကြီးဦးဝင်းမြင့်ကတော့ ဒေါ်လာငါးသောင်း ထုတ်ယူခွင့်ရှိရဲ့သားနဲ့ နှစ်သောင်းပဲ ယူသွားတယ်။ ခရီးစဉ်မှာ ဒေါ် လာသုံးဆယ်ပဲသုံးပြီး ပိုတဲ့ဒေါ်လာ ၁၉၉၇၀ ကို ပြန်အပ်တယ်။ တစ်ခါ အင်္ဂလန်ခရီးစဉ်မှာလဲ ဒေါ်လာ ငါးဆယ်ပဲသုံးပြီး ပိုတာ

အကုန်ပြန်အပ်တယ်။ အခါကြီးရက်ကြီးတွေဆို ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံကိုရော၊ ဥက္ကဌကြီးကိုပါ အမြဲသွား ကန်တော့ကြတယ်။ ကန်တော့ခံကြတဲ့အခါတိုင်း “ထ ထ ဒီအပေါ်ထိုင်ကြ” ဆိုပြီး တပြေးညီထိုင်ခိုင်းတာ အန်တီ(ဒေါ်အောင်ဆန်းစုကြည်)၊ အန်ကယ်(ဦးဝင်းမြင့်)ရောပဲ။

သမ္မတကြီးဦးဝင်းမြင့်ကတော် The first lady ကြီးကဆို လာကန်တော့ကြတဲ့ ဝန်ထမ်းမိန်းကလေးတွေကို ”အမယ်၊ ဟေ့ ကမ လာစမ်း ဒီကို။ ရှေ့တိုးပါ ညည်းတို့ကလဲ ညည်းတို့ကို ငါ သတိရနေတာအေ့” ဘာညာဆိုပြီး နွေးထွေးပြူငှါတော့ မိန်းကလေးတွေများဆို မျက်ရည်လည်အောင်

ဝမ်းသာကြတာပေါ့ “(ကတော်တွေ အတုယူစရာ)။ ကျွန်တော်လဲ အရပ်သားမဟုတ်ဘူး တပ်က လာတာပါ။ကျွန်တော် သဘောထားကတော့ ရှင်းပါတယ်။ မှန်ကန်တာပဲ ကြိုက်တယ် အခုဆို ကျွန်တော်တို့ အသက်တွေ ရလာကြပြီ။ နိုင်ငံအတွက် နိုင်ငံတော်အတိုင်ပင်ခံတို့၊ သမ္မတကြီးတို့ကို

အတုယူပြီး အကောင်းဆုံးပေးဆပ်မယ်။ ကျွန်တော့သားသမီးတွေ လက်ထက်မှာတော့ တိုင်းပြည်ကောင်းတာ မြင်ချင်ပြီဗျာ။ ဒီအတွက် တစ်ရက်မှာ ကွန်ဖြူးရှပ်ကို သူ့တပည့်တစ်ဦးက ”အကယ်၍ ဆရာသာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခွင့်ရလျှင် ဘယ်အရာက စလုပ်မလဲ” မေးတော့

ကွန်ဖြူးရှပ်က ”ပထမဆုံးလုပ်ရမှာ တစ်ခုက အမည်နာမ ပညတ်ချက်တွေကို ကိုက်ညီအောင်လုပ်ဖို့ပဲ” တဲ့။ အချိန်ရှိခိုက် မိမိ လုပ်ပိုင်ခွင့် ရှိတုန်းလေ။ ဒေါက်တာထွန်းရွှေ၊ ရွှေဘိုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၂၀၁၉။

Zawgyi

ကိုရီးယားနိုင္ငံ ကိုသြားတာ ေဒၚလာ ၃၀ ပဲသုံး ခဲ့ တဲ့ ျမန္မာ သမၼတႀကီး ဦးဝင္းျမင့္

ျပည္ သူ႕လႊတ္ေတာ္႐ုံး ၫႊန္ၾကားေရမႉးတစ္ဦး၏ ဖြင့္ဟဝန္ခံခ်က္ – နိုင္ငံေတာ္သမၼတႀကီး ဦးဝင္းျမင့္ ျပည္သူ႕လႊတ္ေတာ္ဥကၠဌ ဘဝတုန္းက ကိုရီယားခရီးစဥ္ တစ္ခုမွာေပါ့။ ထုံးစံအတိုင္းဆို နိုင္ငံေတာ္အဆင့္ ပုဂၢိုလ္ေတြ ျပည္ပခရီးစဥ္အတြက္ ေဆာင္ေငြ ေဒၚလာငါးေသာင္း

ႀကိဳတင္ထုတ္ယူခြင့္ ရွိတယ္။ ဥကၠဌႀကီးဦးဝင္းျမင့္ကေတာ့ ေဒၚလာငါးေသာင္း ထုတ္ယူခြင့္ရွိရဲ႕သားနဲ႕ ႏွစ္ေသာင္းပဲ ယူသြားတယ္။ ခရီးစဥ္မွာ ေဒၚ လာသုံးဆယ္ပဲသုံးၿပီး ပိုတဲ့ေဒၚလာ ၁၉၉၇၀ ကို ျပန္အပ္တယ္။ တစ္ခါ အဂၤလန္ခရီးစဥ္မွာလဲ ေဒၚလာ ငါးဆယ္ပဲသုံးၿပီး ပိုတာ

အကုန္ျပန္အပ္တယ္။ အခါႀကီးရက္ႀကီးေတြဆို ကြၽန္ေတာ္တို႔ နိုင္ငံေတာ္အတိုင္ပင္ခံကိုေရာ၊ ဥကၠဌႀကီးကိုပါ အၿမဲသြား ကန္ေတာ့ၾကတယ္။ ကန္ေတာ့ခံၾကတဲ့အခါတိုင္း “ထ ထ ဒီအေပၚထိုင္ၾက” ဆိုၿပီး တေျပးညီထိုင္ခိုင္းတာ အန္တီ(ေဒၚေအာင္ဆန္းစုၾကည္)၊ အန္ကယ္(ဦးဝင္းျမင့္)ေရာပဲ။

သမၼတႀကီးဦးဝင္းျမင့္ကေတာ္ The first lady ႀကီးကဆို လာကန္ေတာ့ၾကတဲ့ ဝန္ထမ္းမိန္းကေလးေတြကို ”အမယ္၊ ေဟ့ ကမ လာစမ္း ဒီကို။ ေရွ႕တိုးပါ ညည္းတို႔ကလဲ ညည္းတို႔ကို ငါ သတိရေနတာေအ့” ဘာညာဆိုၿပီး ႏြေးေထြးျပဴငွါေတာ့ မိန္းကေလးေတြမ်ားဆို မ်က္ရည္လည္ေအာင္

ဝမ္းသာၾကတာေပါ့ “(ကေတာ္ေတြ အတုယူစရာ)။ ကြၽန္ေတာ္လဲ အရပ္သားမဟုတ္ဘူး တပ္က လာတာပါ။ကြၽန္ေတာ္ သေဘာထားကေတာ့ ရွင္းပါတယ္။ မွန္ကန္တာပဲ ႀကိဳက္တယ္ အခုဆို ကြၽန္ေတာ္တို႔ အသက္ေတြ ရလာၾကၿပီ။ နိုင္ငံအတြက္ နိုင္ငံေတာ္အတိုင္ပင္ခံတို႔၊ သမၼတႀကီးတို႔ကို

အတုယူၿပီး အေကာင္းဆုံးေပးဆပ္မယ္။ ကြၽန္ေတာ့သားသမီးေတြ လက္ထက္မွာေတာ့ တိုင္းျပည္ေကာင္းတာ ျမင္ခ်င္ၿပီဗ်ာ။ ဒီအတြက္ တစ္ရက္မွာ ကြန္ျဖဴးရွပ္ကို သူ႕တပည့္တစ္ဦးက ”အကယ္၍ ဆရာသာ တိုင္းျပည္အုပ္ခ်ဳပ္ မင္းလုပ္ခြင့္ရလွ်င္ ဘယ္အရာက စလုပ္မလဲ” ေမးေတာ့

ကြန္ျဖဴးရွပ္က ”ပထမဆုံးလုပ္ရမွာ တစ္ခုက အမည္နာမ ပညတ္ခ်က္ေတြကို ကိုက္ညီေအာင္လုပ္ဖို႔ပဲ” တဲ့။ အခ်ိန္ရွိခိုက္ မိမိ လုပ္ပိုင္ခြင့္ ရွိတုန္းေလ။ ေဒါက္တာထြန္းေ႐ႊ၊ ေ႐ႊဘိုတကၠသိုလ္ ႏွစ္လည္မဂၢဇင္း၊ ၂၀၁၉။

About the author

Aung Lay

Leave a Comment