ပရိသတ္ႀကီးေရ .. ျပည္သူေတြအားလုံးအတြက္ ေၾကာက္စရာေကာင္းတဲ့ Covid-19 ေၾကာင့္ အခုဆိုရင္ျမန္မာႏိုင္ငံမွာ ကူးဆက္သူ (၁၀၀) ေက်ာ္ေနၿပီျဖစ္ပါတယ္ ။ ဧၿပီလ တစ္လအတြင္းမွာ အခုလိုရာခ်ီတဲ့အထိ ကူးစက္သူေတြမ်ားျပားလာတဲ့အတြက္ လူတိုင္း Stay home လုပ္ၿပီး ကပ္ေရာဂါဆိုးႀကီးကေန ကာကြယ္ေနၾကတာျဖစ္ပါတယ္ ။ ဒီေရာဂါဆိုးႀကီးမတိုင္ခင္က လူတိုင္းဟာ ေန႔စဥ္ အလုပ္ေတြနဲ႔ ၊ ခ်စ္ခင္ရတဲ့ သူငယ္ခ်င္းေတြနဲ႔ ၊ မ်ားျပားလွတဲ့တာဝန္ဝတၱရားေတြၾကားမွာ ေန႔စဥ္လႈပ္ရွား ႐ုန္းကန္ေနခဲ့ၾကရေပမယ့္ Stay home ကာလေတြမွာေတာ့ ေန႔စဥ္ ဝတၱရားေတြနည္းပါးသြားေပမယ့္ ခံစားခ်က္ေလးေတြေတာ့ ကိုယ္စီရွိေနၾကမယ္ထင္ပါတယ္ ။
Stay Home ေနၿပီး စိုးရိမ္ပူပန္ေနရတဲ့ သူေတြ ၊ လူတိုင္းကို သံသယေတြနဲ႔ ႏႈတ္ဆက္ဖို႔ေတာင္ လန႔္ေနရတဲ့ ဘဝေတြ ၊ အိမ္အျပင္ကို ထြက္ၿပီးအရင္လို လြတ္လပ္ေပါ့ပါးစြာ ျပန္ေနႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကတဲ့ ပရိသတ္ႀကီးကိုယ္စား ခံစားခ်က္အခ်ိဳ႕ကို သီခ်င္းအျဖစ္ ေတးသံရွင္ နီနီခင္ေဇာ္က အသက္သြင္းခဲ့ပါတယ္ ။ “တစ္ေန႔” အိမ္အျပင္ကိုထြက္ႏိုင္မယ့္ တစ္ေန႔….သံသယကင္းစြာ ေပြ႕ဖက္ႏႈတ္ဆက္ႏိုင္မယ့္ တစ္ေန႔…. အားလုံး ၿပဳံးေပ်ာ္ႏိုင္မယ့္ တစ္ေန႔….ၿပီးေတာ့ျပန္ဆုံႏိုင္မယ့္တစ္ေန႔ ဆိုတဲ့ စာသားေလးေတြပါဝင္ၿပီး ပရိသတ္ေတြအားလုံး လြမ္းလြမ္းေဆြးေဆြးေလးနဲ႔ နားဆင္ရင္း ခံစားခ်က္ေတြထိရွသြားေစမယ့္ သီခ်င္းေလးကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ပရိသတ္ေတြကို မွ်ေဝေပးလာခဲ့တာျဖစ္ပါတယ္ ။
ဒီသီခ်င္းေလးကို ရက္ပိုင္းအတြင္း ၾကည့္ရႈသူ သန္းခ်ီခဲ့ၿပီး ပရိသတ္ေတြအားလုံး ရင္ထဲထိရွေစခဲ့တဲ့အတြက္ အႀကိဳက္ေတြ႕ခဲ့ၾကတာပဲျဖစ္ပါတယ္ ။ နီနီကိုခ်စ္တဲ့ ပရိသတ္ႀကီးအတြက္လည္း Stay Home ကာလေတြမွာ နားဆင္ခံစားႏိုင္ဖို႔ နီနီရဲ႕ တစ္ေန႔ ဆိုတဲ့ သီခ်င္းေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ ။
Source : Ni Ni Khin Zaw, CRD-Cele Gabar
Unicode
ပရိသတ်ကြီးရေ .. ပြည်သူတွေအားလုံးအတွက် ကြောက်စရာကောင်းတဲ့ Covid-19 ကြောင့် အခုဆိုရင်မြန်မာနိုင်ငံမှာ ကူးဆက်သူ (၁၀၀) ကျော်နေပြီဖြစ်ပါတယ် ။ ဧပြီလ တစ်လအတွင်းမှာ အခုလိုရာချီတဲ့အထိ ကူးစက်သူတွေများပြားလာတဲ့အတွက် လူတိုင်း Stay home လုပ်ပြီး ကပ်ရောဂါဆိုးကြီးကနေ ကာကွယ်နေကြတာဖြစ်ပါတယ် ။ ဒီရောဂါဆိုးကြီးမတိုင်ခင်က လူတိုင်းဟာ နေ့စဉ် အလုပ်တွေနဲ့ ၊ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ ၊ များပြားလှတဲ့တာဝန်ဝတ္တရားတွေကြားမှာ နေ့စဉ်လှုပ်ရှား ရုန်းကန်နေခဲ့ကြရပေမယ့် Stay home ကာလတွေမှာတော့ နေ့စဉ် ဝတ္တရားတွေနည်းပါးသွားပေမယ့် ခံစားချက်လေးတွေတော့ ကိုယ်စီရှိနေကြမယ်ထင်ပါတယ် ။
Stay Home နေပြီး စိုးရိမ်ပူပန်နေရတဲ့ သူတွေ ၊ လူတိုင်းကို သံသယတွေနဲ့ နှုတ်ဆက်ဖို့တောင် လန့်နေရတဲ့ ဘဝတွေ ၊ အိမ်အပြင်ကို ထွက်ပြီးအရင်လို လွတ်လပ်ပေါ့ပါးစွာ ပြန်နေနိုင်ဖို့ မျှော်လင့်နေကြတဲ့ ပရိသတ်ကြီးကိုယ်စား ခံစားချက်အချို့ကို သီချင်းအဖြစ် တေးသံရှင် နီနီခင်ဇော်က အသက်သွင်းခဲ့ပါတယ် ။ “တစ်နေ့” အိမ်အပြင်ကိုထွက်နိုင်မယ့် တစ်နေ့….သံသယကင်းစွာ ပွေ့ဖက်နှုတ်ဆက်နိုင်မယ့် တစ်နေ့…. အားလုံး ပြုံးပျော်နိုင်မယ့် တစ်နေ့….ပြီးတော့ပြန်ဆုံနိုင်မယ့်တစ်နေ့ ဆိုတဲ့ စာသားလေးတွေပါဝင်ပြီး ပရိသတ်တွေအားလုံး လွမ်းလွမ်းဆွေးဆွေးလေးနဲ့ နားဆင်ရင်း ခံစားချက်တွေထိရှသွားစေမယ့် သီချင်းလေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။
ဒီသီချင်းလေးကို ရက်ပိုင်းအတွင်း ကြည့်ရှုသူ သန်းချီခဲ့ပြီး ပရိသတ်တွေအားလုံး ရင်ထဲထိရှစေခဲ့တဲ့အတွက် အကြိုက်တွေ့ခဲ့ကြတာပဲဖြစ်ပါတယ် ။ နီနီကိုချစ်တဲ့ ပရိသတ်ကြီးအတွက်လည်း Stay Home ကာလတွေမှာ နားဆင်ခံစားနိုင်ဖို့ နီနီရဲ့ တစ်နေ့ ဆိုတဲ့ သီချင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။