News

ဖားကန့်မြေပြိုမှုကြောင့် သေဆုံးမှု့အတွက် အစိုးရ နှင့် လုပ်ငန်းရှင် ၊စေတနာရှင်ပြည်သူများမှ ထောက်ပံ့ကြေးပေးအပ်…

Written by Aung Lay

ဖားကန့်မြေပြိုမှုကြောင့် သေဆုံးမှုအတွက် အစိုးရက ထောက်ပံ့ကြေးပေးအပ်…

ဖားကန့်၊ဇူလိုင် (၃)ရက် ဖားကန့်မြေပြိုမှုကြောင့် သေဆုံးမှုအတွက် အစိုးရက ထောက်ပံ့ကြေးများ ယနေ့ပေးအပ်ခဲ့ကြောင်းသိရသည်။

သေဆုံးသွားသူတို့၏ ကျန်ရစ်မိသားစုများနှင့် ထိခိုက်ဒဏ်ရာရသူများကို ပေးအပ်ခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သိန်း (၅၀၀)၊လုပ်ငန်းရှင်များနှင့် စေတနာရှင်ပြည်သူများက

ငွေကျပ် သိန်း(၆၀၀) စုစုပေါင်း ငွေကျပ်သိန်း (၁၁၀၀)ကို ပေးအပ်ခဲ့သည်ဟုသိရသည်။အလားတူ ပြည်ထောင်စုအစိုးရအဖွဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လည်း
သေဆုံးသွားသူတို့အတွက် ကျန်ရစ်သူမိသားစုဝင်တို့ကို ငွေကျပ် ၃သိန်း၊ထိခိုက်ဒဏ်ရာရသူများကို တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀စီထောက်ပံ့ရန်လည်းရှိကြောင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒါက်တာကိုကိုနိုင်က Myanmar Harp ကိုပြောသည်။

“မိသားစုဝင်တွေကိုဆက်သွယ်၊ စိစစ်ဆောင်ရွက်နေပြီး အမြန်ဆုံးထောက်ပံ့သွားနိုင်ဖို့ ဌာနဆိုင်ရာတွေနဲ့ အတူ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်”ဟု ညွှန်ချုပ်ကဆိုသည်။

ယမန်နေ့ မနက်ပိုင်းက ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဝှေခါကျေးရွာတွင် လုပ်ကွက်ဟောင်းကျင်းပြိုကျ၍ ရေမဆေးကျောက်ရှာသမား ရာနှင့် ချီသေဆုံးသွားခဲ့ရပြီး လက်ရှိအချိန်အထိ

ရုပ်အလောင်း (၁၆၀)ကျော်ကို ရှာဖွေတွေ့ရှိထားသည်။

ကိုမင်း/#MyanmarHarp

Zawgyi

ဖားကန႔္ေျမၿပိဳမႈေၾကာင့္ ေသဆုံးမႈအတြက္ အစိုးရက ေထာက္ပံ့ေၾကးေပးအပ္…

ဖားကန႔္၊ဇူလိုင္ (၃)ရက္ ဖားကန႔္ေျမၿပိဳမႈေၾကာင့္ ေသဆုံးမႈအတြက္ အစိုးရက ေထာက္ပံ့ေၾကးမ်ား ယေန႔ေပးအပ္ခဲ့ေၾကာင္းသိရသည္။

ေသဆုံးသြားသူတို႔၏ က်န္ရစ္မိသားစုမ်ားႏွင့္ ထိခိုက္ဒဏ္ရာရသူမ်ားကို ေပးအပ္ျခင္းျဖစ္ၿပီး လက္ရွိတြင္ ျပည္နယ္အစိုးရအဖြဲ႕က ေငြက်ပ္သိန္း (၅၀၀)၊လုပ္ငန္းရွင္မ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ားက

ေငြက်ပ္ သိန္း(၆၀၀) စုစုေပါင္း ေငြက်ပ္သိန္း (၁၁၀၀)ကို ေပးအပ္ခဲ့သည္ဟုသိရသည္။အလားတူ ျပည္ေထာင္စုအစိုးရအဖြဲ႕ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက လည္း
ေသဆုံးသြားသူတို႔အတြက္ က်န္ရစ္သူမိသားစုဝင္တို႔ကို ေငြက်ပ္ ၃သိန္း၊ထိခိုက္ဒဏ္ရာရသူမ်ားကို တစ္ဦးလၽွင္ ေငြက်ပ္ ၅၀၀၀၀စီေထာက္ပံ့ရန္လည္းရွိေၾကာင္း
ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဦးစီးဌာနညႊန္ၾကားေရးမႉးခ်ဳပ္ဒါက္တာကိုကိုနိုင္က Myanmar Harp ကိုေျပာသည္။

“မိသားစုဝင္ေတြကိုဆက္သြယ္၊ စိစစ္ေဆာင္ရြက္ေနၿပီး အျမန္ဆုံးေထာက္ပံ့သြားနိုင္ဖို႔ ဌာနဆိုင္ရာေတြနဲ႔ အတူ ပူးေပါင္းခ်ိတ္ဆက္ေဆာင္ရြက္လ်က္ရွိပါတယ္”ဟု ညႊန္ခ်ဳပ္ကဆိုသည္။

ယမန္ေန႔ မနက္ပိုင္းက ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူအုပ္စု ေဝွခါေက်းရြာတြင္ လုပ္ကြက္ေဟာင္းက်င္းၿပိဳက်၍ ေရမေဆးေက်ာက္ရွာသမား ရာႏွင့္ ခ်ီေသဆုံးသြားခဲ့ရၿပီး လက္ရွိအခ်ိန္အထိ

႐ုပ္အေလာင္း (၁၆၀)ေက်ာ္ကို ရွာေဖြေတြ႕ရွိထားသည္။

ကိုမင္း/#MyanmarHarp

About the author

Aung Lay

Leave a Comment