News

ဧည့်သည်ကျွေး မှ အိမ်ရှင်စားရေ သာ ထမင်းလုတ် ( သို့ ) ကျောက်စိ မ်းမြေ က ကွဲပျက်သွား တဲ့ အိပ်မက်များ

Written by Aung Lay

ဧည့်သည်ကျွေး မှ အိမ်ရှင်စားရေ သာ ထမင်းလုတ် ( သို့ ) ကျောက်စိ မ်းမြေ က ကွဲပျက်သွား တဲ့ အိပ်မက်များ

မြစ်ကြီးနားကေ န စ ခရီးထွက် လာကတည်းက အကွေ့အဝိုက် အတက် အဆင်းများလှ တဲ့ လမ်းခရီးကြမ်းကို နှင်လာရတဲ့ ကျွန်မတို့အဖွဲ့ ကတ္တရာ ခပ်ပါးပါးခင်းထားတဲ့ ဖားကန့်မြို့ အဝင်လမ်းကြောင့် သက်သောင့် သက်သာ ဖြစ်သွားရပေမယ့် ဒါက သိပ်မကြာလိုက်ပါဘူး။ကျောက်ခဲ စလုံးစခုလမ်းတွေ မြေသားချိုင့်ခွက်တွေနဲ့ မညီမညာလမ်းတွေဆီ ပြန်ရောက်လာပါတယ်။ မညီမညာ ရှိလှတဲ့ လမ်းတွေဟာ လူတရပ်ကျော်မြင့် တဲ့ အုတ် တံတိုင်းကြီးတွေ ကာထားတဲ့ ခြံဝင်းကျယ်ကြီးတွေနဲ့ မလိုက်ဖက်လှပါဘူး။

နေအိမ်တွေကိုတော့ လမ်းထက်မြင့်တဲ့နေရာမှာ ဆောက်ထားကြပါတယ်။ မိုးတွင်းဆို မြို့ထဲလမ်းတွေပေါ် ရေဝင်လို့ ဒီလမ်းတွေ ကို ကောင်းအောင် မပြုပြင်နိုင်တာ လို့ ဖားကန့်ဒေသခံတွေက ပြော ပါတယ်။ ဖားကန့်မြို့အဝင် ရွာထဲက လမ်းဘေးတစ်နေရာမှာ ဆေးသုံးပြီး မှိန်းနေကြသူတချို့ကို တွေ့ရပါတယ်။ဖားကန့်မြို့အဝင် ရွာထဲက လမ်းဘေးတစ်နေရာ မှာ ဆေးသုံးပြီး မှိန်းနေကြသူတချို့ကို တွေ့ရပါတယ်။မြို့အဝင် လမ်းထောင့်တွေမှာကိုပဲ အင်္ကျီခပ်နွမ်းနွမ်း ဝတ်ထားတဲ့ လဲလျောင်းနေသူ ၁ ဦးစ၊ ၂ ဦးစကို စမြင်ရပါတယ်။ ကားဆရာက “ဒါ ဆေးသမားတွေလေ” လို့ ပြောပြပါတယ်။” မထူးဆန်းဘူးဗျ၊ ဒါမျိုး မမြင်ရရင်သာ ဖားကန့် မှ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ရမှာ” လို့ သူက ရယ်ပြီး ပြော ပါတယ်။ တကယ်တော့ ဖားကန့်ဟာ ကျောက်စိမ်းမြို့တော်ဆိုပေမယ့် နယ်မြို့လေး တစ်မြို့လောက်တောင် ပကာသန ပြည့်ပြည့်စုံစုံ မရှိလှ ပါဘူး။

ဖားကန့်မြို့ကနေ နာရီဝက်လောက် မောင်းရတဲ့ ဆိပ်မူ ကျေးရွာအုပ်စုထဲက ဝေခါ မှော်ဆီ အရောက်မှာတော့ လူတွေ စုရုံး စုရုံးဖြစ်နေကြတာကို တွေ့ရပါတယ်။”ကုမ္ပဏီတွေက စွန့်ပစ်မြေစာတွေကို နေအိမ်တွေနား လာပုံတယ် ၊ ဟိုရက်က မြေစာပိ လို့ နေအိမ်တချို့ ပါသွားတယ်၊ မြေစာတွေ ဆက်မပုံဖို့ တောင်းဆိုနေကြတာ” လို့ ရွာခံ ကိုချစ်တုံးက ပြောပါတယ်။ဒီရွာမှာ မြေစာတောင်တန်းတွေ၊ ကြီးမားမတ်စောက်တဲ့ ကျောက်ကမ်းပါးယံတွေက လူနေအိမ်ခြေတွေနား ရှိနေပြီး မြေစာပုံအောက် အိမ်အလုံးလိုက်ရောက်ခဲ့တာ၊ လူသေတာတွေက မကြာခဏဖြစ်နေ ပါတယ်။ဝေခါမှော်ထဲ ရောက်တော့ နေ့လယ် ၂ နာရီလောက် ရှိနေပါပြီ။ကျဲကျဲတောက် နေရောင်အောက်မှာ အုပ်စုလိုက်လူတွေ အပူဒဏ်ကို မမှုဘဲ ကျောက်တုံးတွေကိုထုပြီး အလုပ်များနေကြပါတယ်။ရေမဆေး သမားတွေကတော့ တကိုယ် လုံး အပြည့် အင်္ကျီလက်ရှည် ၊ ဘောင်းဘီအရှည် နဲ့ ခမောက်လို အကာကြီးကြီး ပါတဲ့ ဦးထုပ်တွေ ဆောင်းထားပြီး လက်မှာလည်း ထိပ်ချွန်ချွန် တူ ၁ ချောင်းစီ ကိုင်ထားကြပါတယ်။သူတို့တွေက ဒါကို စိန်တူ လို့ ခေါ်ကြ ပါတယ်။ မှော်ထဲကျောက်ရှာကြသူတွေ အဖို့ စိန်တူဟာ မရှိမဖြစ် လိုအပ်တဲ့ လက်နက် တစ်ခုလည်း ဖြစ်ပါတယ်

ကျောက်စိမ်းလို့ ထင် ရတဲ့ ကျောက်တုံးတွေ့ပြီ ဆိုရင် စိန်တူ နဲ့ ခေါက်ကြည့်၊ အသံ နားထောင်ကြည့် ၊ ကျောက်တုံး အပေါ်ယံ ဘယ်လောက်ကွာကျလဲ ဆိုတာကြည့်ပြီး ဒါက ရောင်းတန်းဝင်ကျောက် ဟုတ်မဟုတ်ဆိုတာ ခန့်မှန်းကြပါတယ်။စိန်တူဟာ ရေမဆေးသမားတွေ အဖို့ မရှိလို့မဖြစ်တဲ့ လက်နက် လည်း ဖြစ်ပါတယ် ။ကျောက်ရပြီဆိုရင် ရေတောင်မဆေးဘဲ တခါတည်းတန်းပြီး ကျောက်ကုန်သည်တွေဆီ သွားရောင်းကြတာမို့ ဒီဒေသမှာ ကျောက်ရှာသူတွေကို “ရေမဆေးသမား ” ရယ်လို့ ခေါ်ကြပါတယ်။မှော်ထဲမှာလည်း လူအရပ် သုံး လေး ပြန်လောက် မြင့်တဲ့ ကျောက်တူးကားကြီးတွေ၊ မြေစာပုံသယ်တဲ့ ကားကြီးတွေက လူးလာခေါက်တုံ့ ဥဒဟို သွားနေကြပါတယ်။ပေထောင်ချီ နက်အောင် တူးဖော်ထားတဲ့ ကျောက်မှော်တွေထဲ ဆယ်ဘီးကားကြီးတွေ အဆက်မပြတ် သွားလာနေကြတာ ဖြစ်ပါတယ် ဒီကားတွေကို ရှောင်ရ တာလည်း မလွယ်လှ ပါဘူး ။ဝေခါမှော်ထဲ ရေမဆေး ကျောက်ရှာနေတဲ့ မနွယ်နွယ်ဝင်းက “ကျွန်မဆို တစ်ယောက်တည်း မသွားရဲဘူး၊ ဒီကားတွေက ဘယ်သူ့ကိုမှ မရှောင်ဘူး ၊ ကားတိုက်မိလို့ သေတဲ့အဖြစ်တွေက ခဏခဏပဲ ၊ ကိုယ့်ဟာကိုယ် သတိထား” လို့ ကျမတို့ကို ပြုံးပြနှုတ်ဆက်ရင်း ပြော ပါတယ်။

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့သူ မနွယ်ဟာ ဖားကန့်ရောက်နေ တာ အနှစ် ၂၀ ကျော် ရှိပါပြီ။ဒီမှာပဲ ခင်ပွန်းဖြစ်သူနဲ့တွေ့၊ အိမ်ထောင်ကျ၊ ခုတော့ သမီး ၃ ယောက် အမေ ဖြစ်နေပြီလို့ သူ့အကြောင်းတွေကို ပြောပြပါတယ်။မနွယ်ဟာ ၁၀ တန်း တက်နေ တဲ့ သမီးဖြစ်သူနဲ့ မှော်ထဲ ကျောက်လာရှာလေ့ရှိပါတယ် စကားပြောနေတုန်းပဲ ရေမဆေးသမားတစုဟာ ကားတွေနောက် အလုအယက် အပြေးအလွှား လိုက်သွားကြပါတယ်။ကျောက်မျက် လုပ်ကွက်တွေ မှာ ကုမ္ပဏီတွေက စိတ်တိုင်းကျရှာပြီး စွန့်ပစ်လိုက်တဲ့ မြေစာပုံတွေ တင်လာတဲ့ကားတွေ နောက်ပါ။

“ဖားကန့်က ဘယ်လောက်တောင်မှ ကျောက်စိမ်းပေါ သလဲ ဆိုရင် တူးတဲ့နေရာ တိုင်းက ထွက်နေတာ၊ ကုမ္ပဏီတွေက စွန့်ပစ်အမှိုက်ဆိုပေမဲ့ ဒီကနေ ကျောက်ကောင်း တစ်လုံးရပြီး လောပန်ဖြစ်သွားသူတွေ မနည်းဘူး” လို့ မနွယ်က ပြောပါတယ် ။နေ့နေ့ညည ကျောက်ရှာပြီး ရောင်းတန်းဝင် ကျောက်လေးတစ်တုံး ရလိုရငြားဆိုတဲ့ မျှော်လင့်ချက်က သူတို့ရဲ့ အိပ်မက်တစ်ခုပါ။”အဲ့လိုမျိုး ကျောက်ရရင်တော့ဆိုပြီး အရမ်းကို စိတ်ကူးယဉ် မိတာပေါ့၊ ကျောက်ကလေး ရရင်တော့….” လို့ မနွယ်က သူ့ရဲ့ စိတ်ကူးကို ပြောရင်း မျက်နှာကလည်း ပြုံးယောင်သန်းလာပါတယ်။သူဌေးဖြစ်ရေး အိပ်မက်တွေနဲ့ ဖားကန့်ကို အနယ်နယ် အရပ်ရပ် က လာကြတဲ့ ရေမဆေး ကျောက်ရှာသူ ၃ သိန်းကျော်ရှိနေပြီလို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။ကျောက်မှော်တွေနား၊ မြေစာပုံတွေနားမှာပဲ ခနော်နီ ခနော်နဲ့ ထိုးထားတဲ့ တဲတွေမှာ သူတို့တွေ မိသားစုလိုက် နေထိုင်ကြ ပါတယ် ။ ကျိုးတို့ ကျဲတဲ ဝါးခြမ်းပြား အကာအရံပေါ် တာလပတ် အုပ်ထားတဲ့ တဲတွေ ကို ဟိုတစ်စု ဒီတစု မြင်ရပါတယ် ။ မိုးကာလ မိုးတွေ လေတွေကျပြီဆိုရင် မိသားစု တွေ နေရေးထိုင်ရေး အခက်ကြုံကြရပါတယ်။

“နေစရာမှ မရှိတာ၊ ညတုန်း က ဆိုလို့ရှိရင် အိပ်လို့တောင် မပျော်ဘူး၊ သားအမိတွေ အကုန် လုံး ငုတ်တုတ်ထိုင်နေရတာ၊ မိုးလေး လေလေး ငြိမ်မှ အိပ်ပျော်တာ.. ယောက်ျားလည်း တခါတခါကျ မိုးလင်းပေါက် ကျောက်ရှာတယ် ဆိုတော့ မရှိဘူး” လို့ မနွယ်က သူ့ဘဝအကြောင်းကို ပြောပြပါတယ်။မိုးတွင်းဆို မြေစာပုံတွေ ခဏခဏ ပြိုလို့ မြေပိသေဆုံးမှုတွေ မကြာခဏ ဖြစ်နေတာပါ။ဒီလိုနေရာမျိုးတွေမှာ စွန့်ပစ်မြေစာပုံပြိုလို့ သေဆုံး ရတာတွေကလည်း မကြာခဏ ကြုံနေရတာပါပိုက်ဆံနည်းနည်း တတ်နိုင်သူတွေကတော့ မှော်တွေနားက တချို့အိမ်တွေမှာ ငှားနေကြရပါတယ်။အိမ်တချို့မှာတော့ အောက်ခံမြေမကောင်း လို့ ကြမ်းခင်း သမံတလင်း နေရာအတော်များများမှာ အက်ကွဲကြောင်းတွေ မြင်တွေ့ရပြီး အိမ်လုံးလိုက် အနေ့မြင် ညပျောက် အဖြစ်တွေလည်း မကြာခဏ ကြုံရပါတယ်လို့ ဒီကို ရောက်နေသူတွေက ပြန်ပြောပြကြ ပါတယ် ။

ဘယ်တော့ မြေပိသေမလဲ ဆိုတာ စောင့်ဆိုင်းနေကြရ သလိုပဲလို့ ပြောရင်း သူတို့မျက်နှာ အမူအရာတွေက မျှော်လင့်ချက် ကင်းမဲ့နေကြပုံပါ။အန္တရာယ်များလှတဲ့ လုပ်ငန်းခွင်ကို ဖြေသိမ့်ဖို့ တခြားနည်းလမ်းတွေ သူတို့တွေ ရှာကြပါတော့တယ်။ဖားကန့် မှာ အလွယ်ကူဆုံး ရနိုင်တာ မူးယစ်ဆေးပါ။” ဒီအရပ်ဒေသ မှာ ကိုယ့်အပေါင်းအသင်း ကလည်း ဒီလိုပဲဆိုတော့ ပျော်နေသလိုပဲဗျာ…. ခုတော့ ကြိုက်သွားပြီ ဆိုတော့ တစ်ရက်စာ မရှုလို့ရှိရင် ကျွန်တော်က ကျောက်မရှာနိုင်တော့ဘူး” လို့ ဟိုပင်ကနေ ဖားကန့်ကို ကျောက်ရှာဖို့ ရောက်လာခဲ့တဲ့ ကိုစိန်လင်းက ပြောပါတယ်။

အသက်နဲ့ လောင်းကြေးထပ်ပြီး ကျောက်ရှာနေကြ သူတွေ့အဖို့ မူးယစ် ဆေးဝါးက သူတို့စိတ်ဖြေရာလို ဖြစ်လာပါတော့တယ်။ဒီမှာ ဝါကျင့်ကျင့်အရောင်နဲ့ အဖြူရောင်အမှုန့်တွေ ရောနေတဲ့ ဘိန်းဖြူမှုန့်ကို အနည်းဆုံး ငွေကျပ် ၂၀၀ လောက်နဲ့ ဝယ်နိုင်ပါ တယ် ။၁ ခါရှုကို ၁ ပေါက်ရှုလို့ ခေါ်ပြီး အနည်းဆုံး ၂၀၀ ဖိုးနဲ့ဝယ်နိုင်ပြီး တခါထိုးပမာဏ ဘိန်းဖြူဆိုရင် အနည်းဆုံး ကျပ် ၅၀၀ ဖိုးအထိ ဝယ်နိုင်ပါတယ်။ဘိန်းဖြူကို အကြောထဲ ထိုးသွင်းသူတွေကတော့ သုံးစွဲမယ့် ဘိန်းဖြူပမာဏ ကို ဆေးထိုး အပ်ထဲ ထည့်ပြီး ရေနဲ့ရော၊ အကြောထဲကို ထိုးသွင်းကြပါတယ်။မှော်နဲ့ မနီးမဝေး ဆိပ်မူရွာထဲမှာတော့ ပြန့်ကျဲနေတဲ့ သုံးပြီးသား ဆေးထိုးအပ်တွေကို လမ်းဘေးတလျှောက် မြင်ရပါတယ်။ ကျေးလက်ဆေးပေးခန်းနဲ့ ကျောချင်းကပ်မှာကိုပဲ ဖိုးသမားတွေရဲ့ တဲလေးတွေ ဟိုတစု ဒီတစု ရှိနေပါတယ်။သိပ်မကြာခင်မှာပဲ ခပ်ကျယ်ကျယ် ဆိုင်ကယ် ဟွန်းသံတွေပေးပြီး ဆေးသမားတွေ အုပ်စုလိုက် ရောက်လာကြပါတယ်။ဒီနေရာဟာ ညနေတိုင်း သူတို့တွေ စုဝေးရာအရပ်လို့ ရွာခံတွေက ပြောပါတယ်။ခဏကြာတော့ ဘိန်းရှုသူရှု၊ အကြောထဲ ဆေးထိုးသူထိုးနဲ့ နိဗ္ဗာန်ဘုံ ယာယီရောက်ဖို့အရေးထက် ဘာကိုမှ သူတို့တွေ ဂရုမစိုက်နိုင်ကြတော့ပါဘူး။

မှိန်းပြီး ဇိမ်ခံနေကြသူတွေရှိသလို လက်တွေ ပေါင်တွေမှာ ဆေးထိုးအပ်တန်းလန်း နဲ့ ဥဒဟို သွားလာနေသူတွေလည်း ရှိပါတယ်။အသိစိတ်မဲ့ သွားလာနေကြသူတွေကို နေဝင်ရီတရော မြင်ရတဲ့ မြင်ကွင်းက ခြောက်ခြားစရာကောင်းလှပါတယ်။”ကျောက်လာရှာတယ်၊ ပိုက်ဆံလာ ရှာတယ် ဆိုတာ မိသားစုနဲ့ နွေးနွေးထွေးထွေး နေချင်လို့ပေါ့ဗျာ …ဒါပေမဲ့ မပြေလည်ခဲ့ဘူး..” လို့ ကိုစိန်လင်းကလည်း သူ့ဘဝကြီးကို စိတ်ပျက်လက်ပျက် အားလျော့သံနဲ့ ပြောပါတယ် ။ကျောက်မျက်မှော်တွေ နဲ့ အနီးတဝိုက်ရွာတွေထဲ မှာကိုပဲ လွှတ်ပစ်ထားတဲ့ ဆေးထိုးအပ်တွေကို လမ်းဘေးတလျှောက် ပြန့်ကျဲနေပါတယ်”ခုက ဖိုးသမားအဆင့်ရောက်နေပြီဆိုတော့ ယင်းလည်း တော်တော်ကြီးလာပြီ၊ ဖြတ်ဖို့လည်း တော်တော်ခက်သွားပြီ၊ တစ်ရက်ကို မရှိဘူးဆို အနည်းဆုံး ၂ ကြိမ် ၃ ကြိမ် တခါတလေလည်း ၅ ကြိမ် ၆ ကြိမ် ပိုက်ဆံရှိရင် ရှိသလို သုံးတယ်” လို့ ကျောက်ရှာဖို့ မိုးညှင်းကနေ ဖားကန့်ရောက်လာခဲ့တဲ့ ကိုဝင်းအောင်က ပြောပါတယ်။

ခြေတွေ လက်တွေမှာ ဆေးထိုးအပ်ရာ ဗရပွနဲ့ သူ့ကြည့် ရတာ အတော်လေး အားနည်းနေပုံလည်း ရပါတယ်။အဝေးတနေရာကို လှမ်းမျှော်ကြည့်ရင်း “ကိုယ့်ဘဝကြီးကို ဘယ်လိုမှကို မပြောတတ်တာ…”” ကိုယ့်ကိုယ်သေသွားတာပဲ ကောင်းတယ်..ကိုယ့်မိဘတွေ ကိုယ်ပတ်ဝန်းကျ င်နဲ့ ဆွေမျိုး အသိုင်းအဝိုင်း ကို မပြရဲတာ… ဒီလိုဖြစ်ခဲ့မယ်လို့ ထင်ကို မထင်ထားဘူး၊ ကိုယ်သုံးတုန်းကတော့ အပျော်သက်သက်ပဲ ၊ ဒီလောက်ကြီး စုတ်ပြတ်သက်သွားမယ်လို့ မထင်ထားဘူး ” လို့ အဝေးတနေရာကို ခပ်တွေတွေကြီး လှမ်းမျှော်ကြည့်ရင်း ကိုဝင်းအောင်က ပြော ပါတယ်။

မှော်ထဲကနေ ဖားကန့်မြို့ကို ပြန်ရောက်တော့ မိုးစုပ်စုပ်ချုပ် နေပါပြီ။နေ့ခင်းဘက်မှာ ဖုန်ထူပြီး ခြောက်သွေ့လှပေမဲ့ ညဘက်မှာတော့ ပြန်လည် သက်ဝင်လှုပ်ရှားလာပါတယ်။မီးရောင် ခပ်မှိန်မှိန်ထွန်းထား တဲ့ တည်းခိုခန်းတွေ၊ ပျော်ပွဲစားရုံတွေထဲ လောင်းကစားဝိုင်းတွေ၊ လိင် အလုပ်သမတွေ နဲ့ ညဟာ အလုပ် များနေပါတယ်။မှော်တွေထဲက လောပန်ကြီးတွေ လာရောက်အပန်းဖြေကြတာဖြစ်လို့ တည်းခိုခန်းတွေ မှာ အခန်းတစ်ခန်းရဖို့ မလွယ်လှပါဘူး ။”ဖားကန့်က ပူတယ်လေ၊ ဒီတော့ ညဆို လောပန်တွေက ဟော်တယ် မှာ လာအိပ်ကြတာပေါ့” လို့ ဟိုတည် ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

ကျောက်တစ်ပွင့် ရရုံ နဲ့ ချက်ချင်းသူဌေး ဖြစ်နိုင်တာမို့ သူတို့တွေ အတွက် ဒီငွေတွေ ကို ပျော်စရာ သုံးစရာ မရှားလှပါဘူး ။လွ ယ်လင့်တကူရတဲ့ မူးယစ်ဆေး နဲ့ အတူ ဟိုတယ်အခန်းတွေ၊ စားသောက်ဆိုင်တွေ ကို အပြတ်ငှားပြီး အပျော်အပါးရှာကြ တာလည်း ဖြစ်ပါတယ် ။ မှိန်ပြပြ လမ်းမီးရောင်အောက် ဒယီးဒယိုင် နဲ့ သွားနေကြတဲ့ ဆေးသမားတချို့ကိုလည်း မြင်ရပါတယ်။ကွ ျန်မတို့ကို ကားမောင်းပို့ခဲ့တဲ့ ကားဆရာကတော့ ညစာ ထွက်စားချိန် ကျွန်မတို့နဲ့ သူက လိုက်မလာခဲ့ပါဘူး။” ဖားကန့်ကို ရောက်လို့ မှ ဆေးမသုံးခဲ့ ဘူးဆို ဘယ်တန်မလဲဗျာ” လို့ ပြောပါတယ်။ပြီးတော့ တချက်ရယ်လိုက်ပြီး ဟိုတယ်ဘေးက အမှောင်လမ်းကြားလေးထဲ ဝင်ရောက် ပျောက်ကွယ်သွား ပါတော့တယ် ။

Credit BBC

About the author

Aung Lay

Leave a Comment